အသိပေးကြေငြာချက်

သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး World Migratory Bird Day အခမ်းအနားသို့ ပါဝင် တက်ရောက်

(၁၄-၅-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၄-၅-၂၀၂၆ ရက်နေ့၊ ညနေပိုင်းတွင် ဆိုးလ်မြို့ရှိဖိလစ်ပိုင်သံရုံး၌ ကျင်းပသည့် World Migratory Bird Day အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်အးနားကို East Asian-Australian Flyway Partnership နှင့် ဖိလစ်ပိုင်သံရုံးတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပါသည်။

EAAFPကို ၂၀၀၆ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံနှင့် အဖွဲ့အစည်း ပေါင်း (၄၁)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး EAAF Sites Network (၁၅၆) ခု ( မြန်မာနိုင်ငံ၏ site ၈ခု အပါအဝင်) သတ်မှတ်ထားပြီးဖြစ်ကြောင်းသိရပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်မှစတင်၍ EAAFP ( East Asian- Astralian Flyway Partnership ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက် လျက် ရှိပါသည်။ ၂၀၂၆ ခုနှစ်အတွက် Theme မှာ “ငှက်မျိုးစိတ်များ တည်တံ့ဖို့ စောင့်ကြည့်လေ့လာ ထိန်းသိမ်းစို့ (Every Bird Counts-Your Observations Matter!”) ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားနှစ်ဉီး၏ မင်္ဂလာလက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ပေးခဲ့ခြင်း

(၁၁-၅-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံး၊ ဆိုးလ်မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၁-၅-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသား နှစ်ဦး၏ မင်္ဂလာလက်မှတ်ရေးထိုးခြင်းကို မြန်မာသံရုံး၊ ဆိုးလ်မြို့၌ ဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် မြန်မာနိုင်ငံတွင် ကျောက်မျက်အချောထည် လုပ်ငန်း လုပ်ကိုင်နေသည့် J. Jewelry Co., Ltd. အား လက်ခံတွေ့ဆုံ

(၂၈-၄-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၈-၄-၂၀၂၆ ရက်နေ့ ၊ နံနက်ပိုင်းတွင် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံတွင် ကျောက်မျက်အချောထည်လုပ်ငန်း လုပ်ကိုင် နေသည့် J. Jewelly Co.,Ltd. မှ ဥက္ကဋ္ဌ Mr. Sung Gi Hong နှင့် သားဖြစ်သူတို့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ မြန်မာနိုင်ငံတွင်ကာလရှည်ကြာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံထားသူများဖြစ်သည့်အတွက် ၎င်းတို့၏ ဆောင်ရွက်လိုသည့် လုပ်ငန်း များနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အသိပေးကြေညာချက်