တောင်ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၆ (Korea Import Expo 2026) တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ မြန်မာပြခန်း ပါဝင်ပြသ၍ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့

(၂၆-၆-၂၀၂၆ ရက်၊ ဆိုးလ်မြို့)

တောင်ကိုရီးယားသွင်းကုန်ပြပွဲ (Korea Import Expo 2026 – KIE 2026) ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ COEX (Hall B ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့၏အစီအစဉ်ဖြင့် မြန်မာပြခန်း (Myanmar Pavilion) ပါဝင်ပြသပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်ခဲ့ ပါသည်။

KIE 2026 ပြပွဲကို တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ Korea Trade-Investment Promotion Agency (KOTRA) နှင့် ဆိုးလ်မြို့ရှိ နိုင်ငံခြားသံရုံးများ၏ ပူးပေါင်းပါဝင်မှုဖြင့် Korea Importers Association (KOIMA) က ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါပြပွဲသည် နိုင်ငံတကာမှ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ကိုရီးယားဈေးကွက်နှင့် ချိတ် ဆက်ပေးရန်၊ Global Supply Chain ချဲ့ထွင်ရန်နှင့် Business Matching အခွင့်အလမ်းများ ဖန်တီး ပေးရန် ရည်ရွယ်သည့် တောင်ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော သွင်းကုန်အထူးပြု B2B ကုန်စည် ပြပွဲဖြစ်ပါသည်။

ပြပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် ကျင်းပခဲ့ရာ KOIMA ဥက္ကဋ္ဌ၊ ဆိုးလ်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ASEAN-Korea Centre (AKC)အတွင်းရေးမှူးချုပ်၊ AKC မှတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ပါ သည်။ KIE 2026 ပြပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံကိုယ်စားပြု ပြခန်းများ၊ ကုမ္ပဏီများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်း စုစုပေါင်း ၅၅ ခုတို့က ပြခန်းပေါင်း ၁၆၆ ခန်းဖြင့် ပါဝင်ပြသ ခဲ့ပါသည်။

မြန်မာပြခန်းကို ပြခန်းအမှတ် F06 ၌ ဖွင့်လှစ်ပြသခဲ့ပြီး စီးပွားရေးသံမှူး ဒေါ်ဝင်းပပသူ က ဦးစီးကာ မြန်မာ့ပေါ်ဆန်းမွှေးဆန်၊ ကော်ဖီ၊ မြန်မာဘီယာ၊ ပဲအမျိုးမျိုး၊ အသင့်စား စားသောက် ကုန်များ၊ ထောပတ်သီးဆီ (Avocado Extra Virgin Oil) နှင့် မြန်မာ့လက်မှုပစ္စည်းများ ဖြစ်သည့် ယွန်းထည်နှင့် ကြိမ်ထည်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးသွား ဆွဲဆောင်မှုဒေသများနှင့် ခရီးစဉ်များကို Digital Display ဖြင့် ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြပါသည်။

မြန်မာပြခန်းသို့ လာရောက်လေ့လာသူများကို မြန်မာ့ထွက်ကုန်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးဆိုင်ရာ အခြေအနေများကို စီးပွားရေးသံမှူးနှင့် မြန်မာသံရုံးမှတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဆောင်ရွက်လိုသည့် အကြောင်းအရာ အလိုက် Business Matching ဆွေးနွေးမှုများကို လက်ခံဆောင်ရွက်ပေးခဲ့ပါသည်။

Korea Import Expo 2026 သို့ လာရောက်ကြသည့် ဧည့်သည်တော်များသည် မြန်မာပြခန်း တွင်ပြသထားသော မြန်မာ့ ထောပတ်သီးဆီ (Avocado Extra Virgin Oil) ကို အထူးစိတ်ဝင်စား နှစ်သက်ကြပြီး မြန်မာ့ ပေါ်ဆန်းမွှေးဆန်၊ ကော်ဖီ၊ ပဲထောပတ် (အဖြူ/အနီ)၊ မြန်မာ့အသင့်စား စားသောက်ကုန်များနှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အလားအလာများကိုလည်း စိတ်ဝင်တစား လေ့လာခဲ့ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံမှ Sakata အမျိုးအစား အပါအဝင် ငရုတ်သီးမျိုးစုံ ဝယ်ယူတင်သွင်းလိုမှုနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးမှုများ၊ ပေါ်ဆန်းမွှေးဆန် နမူနာ ရရှိလိုသဖြင့် လာရောက်ဆွေးနွေးမှုများ ရှိခဲ့သကဲ့သို့ ဂေါက်သီး အားကစားအခြေပြု ခရီးသွား လုပ်ငန်း (Golf Tourism) ကိုအခြေခံ၍ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်းသည့် အချက်အလက်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးမှုများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများအပေါ် မြန်မာ သံရုံး၊ ဆိုးလ်မြို့မှ တာဝန်ရှိသူများနှင့် စီးပွားရေးသံမှူးတို့က သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်း များနှင့်ချိတ်ဆက်ညှိနှိုင်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Myanmar Embassy in Seoul Showcases Myanmar Pavilion at Korea Import Expo 2026 and Promotes Trade, Investment and Tourism

(26 June 2026, Seoul)

The Myanmar Embassy in Seoul participated in the Korea Import Expo 2026 (KIE 2026), held from 23 to 25 June 2026 at COEX Hall B in Seoul, Republic of Korea, by organizing and operating a Myanmar Pavilion to promote Myanmar’s trade, investment, and tourism sectors.

KIE 2026 was organized by the Korea Importers Association (KOIMA), with the support of the Ministry of Trade, Industry and Energy (MOTIE) of the Republic of Korea, the Korea Trade-Investment Promotion Agency (KOTRA), and foreign embassies in Seoul. The exhibition is the Republic of Korea’s only import-dedicated B2B sourcing exhibition, aimed at connecting high-quality international products with the Korean market, expanding global supply chains, and creating business matching opportunities.

The opening ceremony was held on 23 June 2026 at 10:30 a.m. and was attended by the Chairperson of KOIMA, Ambassadors and representatives from foreign embassies in Seoul, the Secretary General and officials of the ASEAN-Korea Centre (AKC), business representatives, and U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea. More than 30 countries participated in the exhibition through national pavilions, companies, and trade promotion organizations. A total of 55 exhibitors showcased their products and services through 166 exhibition booths.

The Myanmar Pavilion, located at Booth No. F06, was organized by the Myanmar Embassy in Seoul. Economic Counsellor Daw Win Pa Pa Thu coordinated the display and promotion activities at the pavilion. The pavilion featured a variety of Myanmar products, including Paw San Hmwe rice, coffee, Myanmar beer, pulses and beans, ready-to-eat food products, avocado extra virgin oil, and traditional handicrafts such as lacquerware and rattan products. In addition, Myanmar’s tourism destinations and travel packages were promoted through digital displays, attracting considerable interest from visitors.

Officials from the Myanmar Embassy and the Economic Counsellor provided information on Myanmar’s export products, investment opportunities, and export promotion initiatives to visitors at the pavilion. They also facilitated business matching discussions based on the interests and requirements of prospective buyers and business partners.

Among the products displayed, Myanmar’s avocado extra virgin oil attracted significant attention from visitors. Interest was also shown in Paw San Hmwe rice, coffee, butter beans (white and red varieties), ready-to-eat food products, and Myanmar’s tourism potential. Discussions were held regarding the possible importation of various Myanmar chili varieties, including the Sakata variety, as well as requests for samples of Paw San Hmwe rice. Visitors also inquired about opportunities to enhance tourism cooperation between Myanmar and the Republic of Korea, particularly through golf tourism initiatives.

The Myanmar Embassy in Seoul and the Economic Counsellor are continuing to coordinate with the relevant ministries and organizations to follow up on the business discussions and cooperation opportunities generated during the exhibition, with a view to further strengthening trade, investment, and tourism cooperation between Myanmar and the Republic of Korea.

International Capital Police Council (ICPC) Conference 2026 ဖွင့်ပွဲအခမ်းအနားသို့ ပါဝင် တက်ရောက်

(၂၄-၆-၂၀၂၆ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ Seoul Metropolitan Police Agency (SMPA)က အိမ်ရှင်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သော International Capital Police Council (ICPC) Conference 2026 ၏ ဖွင့်ပွဲအခမ်းအနားကို ၂၄-၆-၂၀၂၆ ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပခဲ့ရာ ဖိတ်ကြားချက်အရ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးကို “Connected Capital Security, Borderless Safety” ခေါင်းစဉ် ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဥဇဘက်ကစ္စတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ ဥပါကစ္စတန်နှင့် နယ်သာလန်နိုင်ငံတို့မှ ရဲချုပ်များ၊ ကော်မရှင်နာများ၊ ဆိုးလ်မြို့ အခြေစိုက်သံအမတ်ကြီးများနှင့် သံတမန်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း (၁၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

ICPC 2026 သည် မြို့တော်ရဲတပ်ဖွဲ့များအကြား ပုံမှန်ပူးပေါင်းဆောင်ရွက်ရေး ယန္တရား တစ်ရပ်ကို တည်ထောင်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ပထမဆုံးအစည်းအဝေးဖြစ်ပြီး နိုင်ငံ ဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းတားဆီးတိုက်ဖျက်ရန် အရေးပါသော Platform တစ်ခု အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အာဆီယံကော်မတီ(ဆိုးလ်)သံအမတ်ကြီးများနှင့် Commissioner of Korea Immigration Service တို့အကြားဆွေးနွေးပွဲသို့ တက်ရောက်

(၂၃-၆-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၃-၆-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် Hotel Naru Seoul MGallery Ambassador တွင် ကျင်းပသော အာဆီယံကော်မတီ (ဆိုးလ်) အဖွဲ့ဝင်သံအမတ်ကြီးများနှင့် Korea Immigration Service ၏ Commissioner Mr. Cha Yong-Bo တို့အကြား ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ကိုရီးယားနိုင်ငံတွင် နေထိုင် ကြသော နိုင်ငံခြားသားများ (မြန်မာနိုင်ငံသားများအပါအဝင်)အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်သောကိစ္စရပ်များကို စီမံခန့်ခွဲပေးလျက်ရှိသော လူဝင်မှုကြီးကြပ်ရေးဌာန၏ ဆောင်ရွက် ချက်များကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင်နေထိုင်သည့် မြန်မာနိုင်ငံသား များအတွက် အကူအညီပေးအပ်နေမှုများကိုလည်း ဆက်လက်လုပ်ဆောင်ပေးသွားရန်နှင့် မြန်မာ သံရုံးမှလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း မြန်မာသံရုံးသည် ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနနှင့်ပူးပေါင်း၍ ပြည်သူကို အသိပညာပေးခြင်း၊ အချက်အလက် မျှဝေခြင်းနှင့် စည်းမျဉ်း၊စည်းကမ်းဥပဒေများနှင့်အညီ ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား များသိရှိဆောင်ရွက်ရေးအတွက် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

Sawasdee Seoul Thai Festival 2026 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

(၂၀-၆-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ဇနီးတို့သည် ၂၀-၆-၂၀၂၆ ရက်နေ့ ၊ နံနက်ပိုင်းတွင် ဆိုးလ်မြို့၊ Cheonggyecheon Plaza ၌ ကျင်းပပြုလုပ်သည့် “Sawasdee Seoul Thai Festival 2026: Creative Life & Creative Heartbeat” ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းသံအမတ်ကြီး H.E. Mr. Tanee Sangrat ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါသည်။

အဆိုပါပွဲတော်သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ထိုင်းသံရုံးကစီစဉ်ကျင်းပသော အကြီးမားဆုံး ယဉ်ကျေးမှုပွဲတော်ဖြစ်ပြီး (၁၁) ကြိမ်မြောက်ကျင်းပခြင်းလည်းဖြစ်ပါသည်။ ပွဲတော် ကို ၂၀-၆-၂၀၂၆ ရက်မှ ၂၁-၆-၂၀၂၆ ရက်အထိ (၂) ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု၊ တီထွင်ဆန်းသစ်မှုနှင့် ခေတ်သစ်အနုပညာနှင့် ရိုးရာအနုပညာတို့ကို တင်ဆက်ပြသသွားမည်ဖြစ်ပါသည်။ ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အနုပညာရှင်များ၏ တင်ဆက်ဖျော်ဖြေမှုများအပြင် ထိုင်းလက်ရာများ၊ ထိုင်းလက်မှုပညာနှင့် ထုတ်ကုန်ပစ္စည်းများကိုပါ ရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

Chargé d’Affaires a.i./ Ambassador and His Spouse grace Opening of Sawasdee Seoul Thai Festival 2026

(20-6-2026, Seoul)

U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea, and his spouse attended the opening ceremony of “Sawasdee Seoul Thai Festival 2026: Creative Life & Creative Heartbeat”, held at the Cheonggyecheon Plaza, Seoul, on the morning of 20 June 2026 at the invitation of H.E. Mr. Tanee Sangrat, Ambassador of the Kingdom of Thailand to the Republic of Korea.

The festival is the largest cultural event organized by the Thai Embassy in Seoul, Republic of Korea, and is being held in its 11th year. It will take place for two (2) days, on 20-21 June 2026, showcasing Thai culture and innovation, and highlighting traditional aspects of Thai culture alongside a modern representation of Thailand. In addition, there will be musical performances by artists from Thailand and the Republic of Korea, as of Korea, as well as Thai cuisine, handicrafts and products available for sale.

1st Saemaul Diplomacy Group (SDG) Meeting 2026” အခမ်းအနားသို့ ပါဝင်တက်ရောက်

(၁၉-၆-၂၀၂၆ ရက်၊ ဆိုးလ်)

1st Saemaul Diplomacy Group (SDG) Meeting 2026” ကို ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Yonsei University ၌ ၁၉-၆-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ဖိတ်ကြားချက်အရ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ Korea Saemaul Undong Centre ဥက္ကဋ္ဌ Mr. Kim Gwang Lim က အဖွင့်အမှာစကားပြောကြားခြင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Mr. BAN Ki-moon က Video message ဖြင့် အမှာစကားပြောကြားခြင်း ၊ KDI School of Public Policy and Management ၏ Dean Mr. KIM Jun-Kyung က အမှာစကားပြောကြားခြင်း အပါအဝင် အစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ရာ ဆိုးလ်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီး များ၊ သံတမန်များ၊ သက်ဆိုင်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ကျွမ်းကျင် ပညာရှင်များနှင့် နိုင်ငံတကာကျောင်းသားများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် Discussion Topic များဖြစ်သော ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ အရည်အသွေး မြှင့်တင်ခြင်းနှင့် အုပ်ချုပ်မှုဆိုင်ရာကဏ္ဍတို့နှင့်ပတ်သက်၍ ပါဝင် တက်ရောက်သူများက ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

Chargé d’Affaires a.i./ Ambassador U Myo Myint Maung Attends the 1st Saemaul Diplomacy Group (SDG) Meeting 2026

(19 June 2026)

The 1st Saemaul Diplomacy Group (SDG) meeting 2026 was held at Yonsei University in Seoul, Republic of Korea, on the morning of 19 June 2026. U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea attended the meeting upon invitation.

The event was organized as planned, featuring opening remarks by Mr. Kim Gwang Lim, President of the Korea Saemaul Undong Centre; a video message from former United Nations Secretary-General Mr. Ban Ki-moon; and a speech by Mr. Kim Jun Kyung, Dean of the KDI School of Public Policy and Management. Ambassadors, diplomats, representatives from related organizations, domestic experts, and international students attended.

Following the opening ceremony, the participants discussed key topics including rural development, capacity building and governance.