မြန်မာနိုင်ငံကူး လက်မှတ်ပျောက်ဆုံး/ပျက်စီးခြင်းများအတွက် အသစ်လျှောက်ထားခြင်း

၁။ ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူး လက်မှတ်များ ပျောက်ဆုံး/ပျက်စီးမှုများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ အသစ်ပြန်လည် လျှောက်ထားနိုင်ပါသည်။ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ် အသစ်လျှောက်ထား ခြင်းအတွက် လျှောက်လွှာများကို ရုံးဖွင့်ရက်(ဝ၉:ဝဝ) နာရီမှ (၁၇:ဝဝ) နာရီထိ ကာယကံရှင် ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။

၂။ မြန်မာနိုင်ငံကူးလက်မှတ် ပျက်စီး/ပျောက်ဆုံး လျှောက်ထားခြင်းအတွက် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တင်ပြလမ်းညွှန်မှုခံယူရပြီး မြန်မာ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာလျှင် ပြန်လည်ထုတ်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံကူးလက်မှတ်အသစ် ထုတ်ယူပြီးသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်အသစ် စတင်ထုတ်ပေးသည့်ရက်မှစတင်၍ (၁၄)ရက်အတွင်း သက်ဆိုင်ရာကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးများ (Immigration Office) သို့ ဆက်သွယ်အကြောင်းကြားရန် လိုအပ်ပါသည်။ (နိုင်ငံကူးလက်မှတ်အသစ်ထုတ်ယူပြီးကြောင်း လူဝင်မှုကြီးကြပ်ရေးရုံးများသို့ (၁၄) ရက်အတွင်း အကြောင်းကြားရန်ပျက်ကွက်ပါက ကိုရီးယား လူဝင်မှုကြီးကြပ်ရေးရုံးသို့ သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ပါသည်။)

၃။ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ် ပျက်စီး/ပျောက်ဆုံးလျှောက်ထားရန် လိုအပ်သည့်စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) (E-9, E-7 ဗီဇာကိုင်ဆောင်သူများ)

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးရာဇဝင် (သံရုံး၌လည်းကောင်း၊ အောက်ဖော်ပြပါ Link ၌လည်းကောင်း ရယူ နိုင်ပါသည်။)
  • ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းရေးပုံစံ (သံရုံး၌လည်းကောင်း၊ အောက်ဖော်ပြပါ Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • ရောင်စုံဓါတ်ပုံ(၃)ပုံ(၆လအတွင်းရိုက်ကူးထားသောနောက်ခံအဖြူဓါတ်ပုံ၊ နားရွက်ပေါ်၍မျက်နှာပေါ် တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊အရွယ်အစား35mm x45mm) (တစ်ပုံအား ကိုယ်ရေးရာဇဝင်၌လည်းကောင်း၊ တစ်ပုံအားပူးတွဲဖောင်ပုံစံ၌လည်းကောင်း၊ ကျန်တစ်ပုံအား စာရင်းရေးသွင်းသည့်စာအုပ်၌လည်းကောင်း ကပ်ရပါမည်။)
  • မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်းရဲစခန်းသို့ တိုင်ကြားစာ
  • နိုင်ငံကူးလက်မှတ်မိတ္တူ
  • မှတ်ပုံတင်မိတ္တူ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရုံးမှ ရပ်ကွက်ထောက်ခံစာ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ ရဲစခန်းထောက်ခံစာ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အသစ်ခ (ကိုရီးယားဝမ် ၃၀,ဝဝဝ)နှင့် ပျောက်ဆုံး/ပျက်ဆီး ဒဏ်ကြေး အမေရိကန်ဒေါ်လာ 75 (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်လာရမည်။)
  • မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ်အသစ် လာရောက်ထုတ်သည့်အခါတွင် ဓါတ်ပုံ (၁) ပုံအား ယူဆောင်လာရပါမည်။ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူ ဓါတ်ပုံ၊ အရွယ်အစား 35mm x45mm)
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင် ရယူရန်

(ခ) (D-2 ,D-4, D-10ဗီဇာကိုင်ဆောင်သူများ)

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးရာဇဝင်(သံရုံး၌လည်းကောင်း၊ အောက်ဖော်ပြပါ Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းရေးပုံစံ(သံရုံး၌လည်းကောင်း၊ အောက်ဖော်ပြပါ Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူဓါတ်ပုံ၊ နားရွက်ပေါ်၍ မျက်နှာပေါ်တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊အရွယ်အစား 35mm x45mm) (တစ်ပုံအား ကိုယ်ရေးရာဇဝင်၌လည်းကောင်း၊ တစ်ပုံအားပူးတွဲဖောင်ပုံစံ၌လည်းကောင်း၊ ကျန်တစ်ပုံအား စာရင်းရေးသွင်းသည့်စာအုပ်၌လည်းကောင်း ကပ်ရပါမည်။)
  • မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်းရဲစခန်းသို့ တိုင်ကြားစာ
  • နိုင်ငံကူးလက်မှတ်မိတ္တူ
  • မှတ်ပုံတင်မိတ္တူ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရုံးမှ ရပ်ကွက်ထောက်ခံစာ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ ရဲစခန်းထောက်ခံစာ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • ကျောင်းသားဖြစ်ကြောင်း အထောက်အထား (ကျောင်းသားကတ်မိတ္တူ (သို့မဟုတ်) သက်ဆိုင်ရာကျောင်းမှ ထောက်ခံချက်)
  • ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အသစ်ခ (ကိုရီးယားဝမ် ၃၀,ဝဝဝ)နှင့် ပျောက်ဆုံး/ပျက်ဆီး ဒဏ်ကြေး အမေရိကန်ဒေါ်လာ 75 (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်လာရပါမည်။)
  • မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ်အသစ် လာရောက်ထုတ်ယူသည့်အခါတွင် ဓါတ်ပုံ (၁) ပုံယူဆောင်လာရပါမည်။ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူ ဓါတ်ပုံ၊ အရွယ်အစား35mm x45mm )
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင် ရယူရန်

(ဂ) (F-6 ဗီဇာကိုင်ဆောင်သူများ)

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးရာဇဝင်(သံရုံး၌လည်းကောင်း၊ အောက်ဖော်ပြပါ Link ၌လည်းကောင်း ရယူနိုင် ပါသည်။)
  • ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းရေးပုံစံ(သံရုံး၌လည်းကောင်း၊ အောက်ဖော်ပြပါ Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူဓါတ်ပုံ၊ နားရွက်ပေါ်၍ မျက်နှာပေါ်တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊အရွယ်အစား35mm x45mm) (တစ်ပုံအား ကိုယ်ရေးရာဇဝင်၌လည်းကောင်း၊ တစ်ပုံအား ပူးတွဲဖောင်ပုံစံ၌လည်းကောင်း၊ ကျန်တစ်ပုံ အား စာရင်းရေးသွင်းသည့်စာအုပ်၌လည်းကောင်း ကပ်ရပါမည်။)
  • မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်းရဲစခန်းသို့ တိုင်ကြားစာ
  • နိုင်ငံကူးလက်မှတ်မိတ္တူ
  • မှတ်ပုံတင်မိတ္တူ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရုံးမှ ရပ်ကွက်ထောက်ခံစာ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ ရဲစခန်းထောက်ခံစာ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • မှီခိုခံရသူအတွက် ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • မှီခိုခံရသူ ကိုရီးယားနိုင်ငံသားအတွက် ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • အမျိုးသမီးများဖြစ်ပါက အပြန်လေယာဉ်လက်မှတ်ခ သံရုံးသို့ ပေးသွင်းထားကြောင်း ပြေစာ ( ပေးသွင်းထားခြင်းမရှိပါက ဝမ် ၅၇,ဝဝဝဝ သံရုံးသို့ ပေးသွင်းရပါမည်)
  • မှီခိုခံရသောနိုင်ငံခြားသား၏ မိသားစုဝင်ဖြစ်ကြောင်းအထောက်အထား(လက်ထပ်စာချုပ်၊ အိမ်ထောင်စုစာရင်းစသည်)
  • မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အသစ်ခ (ကိုရီးယားဝမ် ၃၀,ဝဝဝ)နှင့် ပျောက်ဆုံး/ပျက်ဆီး ဒဏ်ကြေး အမေရိကန်ဒေါ်လာ 75 (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်လာရပါမည်။)
  • မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ်အသစ် လာရောက်ထုတ်ယူသည့်အခါတွင် ဓါတ်ပုံ (၁) ပုံအား ယူဆောင်လာရပါမည်။ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံ အဖြူဓါတ်ပုံ၊ အရွယ်အစား 35mm x45mm)
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင် ရယူရန်

(ဃ) (F-2ဗီဇာ) ကိုင်ဆောင်ထားသူများနှင့်အခြားဗီဇာကိုင်ဆောင်ထားသူများ

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးရာဇဝင်(သံရုံး၌လည်းကောင်း၊ အောက်ဖော်ပြပါ Link ၌လည်းကောင်း ရယူ နိုင်ပါသည်။)
  • ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းရေးပုံစံ(သံရုံး၌လည်းကောင်း၊ အောက်ဖော်ပြပါ Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူဓါတ်ပုံ၊ နားရွက်ပေါ်၍ မျက်နှာပေါ်တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊အရွယ်အစား35mm x45mm) (တစ်ပုံအား ကိုယ်ရေးရာဇဝင်၌လည်းကောင်း၊ တစ်ပုံအား ပူးတွဲဖောင်ပုံစံ၌လည်းကောင်း၊ ကျန်တစ်ပုံ အား စာရင်းရေးသွင်းသည့်စာအုပ်၌လည်းကောင်း သေချာစွာကပ်ရပါမည်။)
  • မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်းရဲစခန်းသို့ တိုင်ကြားစာ
  • နိုင်ငံကူးလက်မှတ်မိတ္တူ
  • မှတ်ပုံတင်မိတ္တူ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရုံးမှ ရပ်ကွက်ထောက်ခံစာ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ ရဲစခန်းထောက်ခံစာ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ယူလာသည့် Certificate of Alien Registration စာရွက်
  • မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အသစ်ခ (ကိုရီးယားဝမ် ၃၀,ဝဝဝ)နှင့် ပျောက်ဆုံး/ပျက်ဆီး ဒဏ်ကြေး အမေရိကန်ဒေါ်လာ 75 (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်လာရပါမည်။)
  • မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ်အသစ် လာရောက်ထုတ်ယူသည့်အခါတွင် ဓါတ်ပုံ (၁) ပုံ ယူဆောင်လာရပါမည်။ (၆လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူ ဓါတ်ပုံ၊ အရွယ်အစား35mm x45mm)
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင် ရယူရန်

 

(င) မြန်မာနိုင်ငံသား မိဘနှစ်ပါးမှမွေးဖွားသော ကလေးများအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း

  • ကိုယ်ရေးလျှောက်လွှာ
  • မိဘနှစ်ပါးနှင့်ကလေး၏ကိုယ်ရေးရာဇဝင် (သံရုံး၌လည်းကောင်း၊ အောက်ဖော်ပြပါLink၌ လည်းကောင်း ရယူနိုင်ပါသည်။)
  • မိဘနှစ်ပါးနှင့်ကလေး၏ ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းရေးပုံစံ (သံရုံး၌လည်းကောင်း၊ အောက်ဖော်ပြပါ Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • ကလေး၏ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူဓါတ်ပုံ၊ နားရွက်ပေါ်၍ မျက်နှာပေါ်တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊အရွယ်အစား35mm x45mm) (တစ်ပုံအား ကိုယ်ရေးရာဇဝင်၌လည်းကောင်း၊ တစ်ပုံအား ပူးတွဲဖောင်ပုံစံ၌ လည်းကောင်း၊ ကျန်တစ်ပုံအား စာရင်းရေးသွင်းသည့်စာအုပ်၌လည်းကောင်း ကပ်ရပါမည်။)
  • မိဘနှစ်ပါး၏နိုင်ငံကူးလက်မှတ်မိတ္တူ(သက်တမ်းရှိသောမြန်မာနိုင်ငံကူးလက်မှတ်ဖြစ်ရမည်။)
  • မိဘနှစ်ပါး၏မှတ်ပုံတင်မိတ္တူ
  • မိဘနှစ်ပါးအတွက်မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရုံးမှ ရပ်ကွက်ထောက်ခံစာ
  • မိဘနှစ်ပါးအတွက်မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ ရဲစခန်းထောက်ခံစာ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • ကလေး၏မွေးစာရင်းမိတ္တူ
  • မိဘနှစ်ပါးအတွက်ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အသစ်ခ (ကိုရီးယားဝမ် ၃၀,ဝဝဝ)
  • မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ်အသစ် လာရောက်ထုတ်ယူသည့်အခါတွင် နောက်ခံအဖြူရောင်စုံဓါတ်ပုံ (၁) ပုံအား ယူဆောင်လာရပါမည်။ (၆ လအတွင်း ရိုက်ကူးထားသောဓါတ်ပုံ၊ အရွယ်အစား 35 mmx45mm)
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင် ရယူရန်