မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်းတိုး အသစ်လျှောက်ထားခြင်း

၁။ ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူး လက်မှတ်များ သက်တမ်းတိုးခြင်းအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ သက်တမ်းတိုးလျှောက်လွှာပုံစံ များကို ရုံးဖွင့်ရက် နံနက် (ဝ၉:ဝဝ) နာရီမှ နေ့လယ် (၁၂:ဝဝ) နာရီအထိလက်ခံပြီး မြန်မာနိုင်ငံကူး လက်မှတ်အသစ်များအား (၁၆:ဝဝ) နာရီမှ (၁၇:ဝဝ) နာရီအတွင်း ပြန်လည်ထုတ်ပေးပါသည်။ မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးခြင်းအတွက် သက်တမ်းတိုး၍ (၅)နှစ်သက်တမ်းရှိ သည့် နိုင်ငံကူးလက်မှတ် အသစ်များပြန်လည်ထုတ်ပေးပါသည်။

၂။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် သက်တမ်းမကုန်ဆုံးမီ (၆)လအလို၌ ကြိုတင် လျှောက်ထားနိုင်ပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်းတိုးပြီးပါက စတင်ထုတ်ပေးသည့်ရက်မှ (၁၄)ရက်အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံး (Immigration Office) သို့ ဆက်သွယ်အကြောင်းကြားရမည်ဖြစ်ပြီး၊ ပျက်ကွက်ပါက ကိုရီးယားသမ္မတနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ပါ သည်။

၃။ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားရန် လမ်းညွှန် ချက်နှင့် လိုအပ်သည့်စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သူများ (E-9, E-7 ဗီဇာကိုင်ဆောင်သူများ)

  • လျှောက်လွှာ (သံရုံးသို့လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link တွင် လည်းကောင်းရယူနိုင်ပါသည်။ ပူးတွဲပါပုံစံတွင် ဘယ်လက်မ၊ ညာလက်မလက်ဗွေ ပုံစံများကို ပီသထင်ရှားစွာရိုက်နှိပ်ရမည်ဖြစ်ပြီး လက်မှတ်အားထင်ရှားစွာရေးထိုးရမည်။)
  • နိုင်ငံကူးလက်မှတ်မူရင်း
  • ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသော နောက်ခံအဖြူ၊ နားရွက်ပေါ်၍ မျက်နှာ ပေါ်တွင် ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊ အရွယ်အစား (35 mm x 45 mm)၊ (တစ်ပုံအား ကိုယ်ရေးရာဇဝင်၌လည်းကောင်း၊ တစ်ပုံအားပူးတွဲဖောင်ပုံစံ၌လည်းကောင်း၊ ကျန်တစ်ပုံအား စာရင်းရေးသွင်းသည့်စာအုပ်၌လည်းကောင်း သေချာစွာကပ်ရမည်။)
  • ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ (ကိုရီးယားဝမ် ၃၀,ဝဝဝ)
  • မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင်ကုန်ဆုံးရက်စွဲ(၂)နှစ်ကျော်လွန်ပါကဒဏ်ကြေးအမေရိကန်ဒေါ်လာ (US$ 15) ပေးဆောင်ရမည်ဖြစ်ပါသည်။ (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်ယူဆောင်လာရမည်။)
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင်ရယူရန်

(ခ) ကိုရီးယားသမ္မတနိုင်ငံ၌ ကျောင်းတက်ရောက်နေသူများ၊ အလုပ်အကိုင်ရှာဖွေနေသူများ (D- 2, D-4, D-10) ကိုင်ဆောင်ထားသူများ

  • လျှောက်လွှာ(သံရုံးသို့လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link တွင် လည်းကောင်းရယူနိုင်ပါသည်။ ပူးတွဲပါစာရွက်တွင် ဘယ်လက်မ၊ ညာလက်မ လက်ဗွေပုံစံများကို ထင်ရှားစွာ ရိုက်နှိပ်၍ လက်မှတ်အား ထင်ရှားစွာရေးထိုးရမည်။)
  • နိုင်ငံကူးလက်မှတ်မူရင်း
  • ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူရောင်၊ နားရွက်ပေါ်၍ မျက်နှာပေါ်တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊ အရွယ်အစား 35mm x45mm)၊ (တစ်ပုံအား ကိုယ်ရေးရာဇဝင်ပုံစံ၌လည်းကောင်း၊ တစ်ပုံအား ပူးတွဲဖောင်ပုံစံ၌လည်းကောင်း၊ ကျန်တစ်ပုံ အား စာရင်းရေးသွင်းသည့်စာအုပ်တွင် လည်းကောင်း သေချာစွာကပ်ရမည်။)
  • ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • ကျောင်းသားဖြစ်ကြောင်းအထောက်အထား (ကျောင်းသားကတ်မိတ္တူ (သို့မဟုတ်) သက်ဆိုင် ရာကျောင်းမှထောက်ခံချက်) (သို့မဟုတ်) D10 ဗီဇာကိုင်ဆောင်ထားသူများအနေဖြင့် သက်ဆိုင်ရာကျောင်းမှ အောင်မြင်ကြောင်း ထောက်ခံချက်
  • မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ (ကိုရီးယားဝမ် ၃၀,ဝဝဝ)
  • မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင်ကုန်ဆုံးရက်စွဲ(၂)နှစ်ကျော်လွန်ပါကဒဏ်ကြေးအမေရိကန်(၂)နှစ်ကျော်လွန်၍ နောက်ကျပါက နှစ်လွန်ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ (U$ 15)ပေးဆောင်ရမည်။ (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်လာရမည်။)
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင် ရယူရန်

(ဂ) ကိုရီးယားနိုင်ငံသားအားမှီခိုနေထိုင်သူများ (F-6 ဗီဇာကိုင်ဆောင်သူများ)

  • လျှောက်လွှာ(သံရုံးသို့လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link တွင် လည်းကောင်း ရယူနိုင်ပါသည်။ ပူးတွဲပါစာရွက်တွင် ဘယ်လက်မ၊ ညာလက်မ လက်ဗွေပုံစံများကို ထင်ရှားစွာ ရိုက်နှိပ်ရမည်ဖြစ်ပြီး လက်မှတ်အား ထင်ရှားစွာရေးထိုးရမည်)
  • နိုင်ငံကူးလက်မှတ်မူရင်း
  • ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူရောင်ဓါတ်ပုံ၊ နားရွက် ပေါ်၍မျက်နှာပေါ်တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊ အရွယ်အစား35mm x45mm) (တစ်ပုံ အားကိုယ်ရေးရာဇဝင်၌လည်းကောင်း၊ တစ်ပုံအားပူးတွဲဖောင်ပုံစံ၌လည်းကောင်း၊ ကျန်တစ်ပုံ အား စာရင်းရေးသွင်းသည့်စာအုပ်၌လည်းကောင်းကပ်ရမည်။)
  • ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • မှီခိုခံရသူကိုရီးယားနိုင်ငံသားအတွက် ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • အမျိုးသမီးများဖြစ်ပါက အပြန်လေယာဉ်လက်မှတ်ခ သံရုံးသို့ပေးသွင်းထားကြောင်း ပြေစာ (ပေးသွင်းထားခြင်းမရှိပါက ဝမ် ၅၇,ဝဝဝဝ သံရုံးသို့ ပေးသွင်းရပါမည်)
  • မှီခိုခံရသော နိုင်ငံခြားသား၏ မိသားစုဝင်ဖြစ်ကြောင်း အထောက်အထားတစ်စုံတစ်ရာ (လက်ထပ် စာချုပ်၊ အိမ်ထောင်စုစာရင်းစသည်)
  • မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ (ကိုရီးယားဝမ် ၃၀,ဝဝဝ)
  • မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင်ကုန်ဆုံးရက်စွဲ(၂)နှစ်ကျော်လွန်ပါက ဒဏ်ကြေး အမေရိကန်ဒေါ်လာ (US$ 15) ပေးဆောင်ရမည်။ (အမေရိကန်ဒေါ်လာအား ကြိုတင် လဲလှယ်လာရမည်။)
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင် ရယူရန်

(ဃ) ကာလရှည်နေထိုင်ခွင့်ဗီဇာ (F-2ဗီဇာ) ကိုင်ဆောင်ထားသူများနှင့် အခြားဗီဇာကိုင်ဆောင် ထားသူများ

  • လျှောက်လွှာ(သံရုံးသို့လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link တွင် လည်းကောင်း ရယူနိုင်ပါသည်။ ပူးတွဲပါစာရွက်တွင် ဘယ်လက်မ၊ ညာလက်မ လက်ဗွေ ပုံစံများကို ထင်ရှားစွာ ရိုက်နှိပ်ရမည်ဖြစ်ပြီး လက်မှတ်အား ထင်ရှားစွာရေးထိုးရမည်။)
  • နိုင်ငံကူးလက်မှတ်မူရင်း
  • ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူရောင်ဓါတ်ပုံ၊ နားရွက် ပေါ်၍ မျက်နှာပေါ်တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊ အရွယ်အစား35mm x45mm) (တစ်ပုံ အား ကိုယ်ရေးရာဇဝင်တွင်လည်းကောင်း၊ တစ်ပုံအား ပူးတွဲဖောင်ပုံစံတွင်လည်းကောင်း၊ ကျန်တစ်ပုံအား စာရင်းရေးသွင်းသည့်စာအုပ်တွင်လည်းကောင်းကပ်ရမည်။)
  • ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
  • သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ယူလာသည့် Certificate of Alien Registration စာရွက်
  • မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ (ကိုရီးယားဝမ် ၃၀,ဝဝဝ)
  • မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင်ကုန်ဆုံးရက်စွဲ(၂)နှစ်ကျော်လွန်ပါက ဒဏ်ကြေး အမေရိကန်ဒေါ်လာ (U$ 15) ပေးဆောင်ရမည်။ (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ် လာရမည်။)
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင် ရယူရန်