ဆိုးလ်မြို့တွင်ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ကိုရီးယားစီးပွားရေးဖိုရမ်သို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်၊ နံနက်ပိုင်းတွင်ကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ကိုရီးယား စီးပွားရေးဖိုရမ်” သို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ပါသည်။

အဆိုပါဖိုရမ်ကို Korea JoongAng Daily သတင်းစာက ကြီးမှူးကာ ၂၀၀၇ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းနေခြင်းဖြစ်ပြီး တောင်ကိုရီးယားအစိုးရအရာရှိများ၊ ဆိုးလ်မြို့အခြေစိုက် နိုင်ငံခြား သံတမန်များ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ဦးဆောင်သူများအားလုံး တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တောင်ကိုရီးယားနိုင်ငံမှ ဆောင်ရွက်မည့် Financial Policy၊ Economic Outlook နှင့် Market Risks ကဏ္ဍများကို သိရှိစေရေး၊ လက်ရှိ အချိန်ကာလ အရှေ့အလယ်ပိုင်းအ‌ရေးနှင့် Geopolitical Crisis များဖြစ်ပွားနေချိန်တွင် တောင်ကိုရီးယားနိုင်ငံမှ လုပ်ဆောင်မည့် စီးပွားရေးမူဝါဒကို သိရှိပြီး ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု ရှိလာစေရေး၊ နိုင်ငံတကာ သံတမန်များ၊ ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံသူများ၊ စီးပွားရေး ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာကိစ္စများနှင့် ဖြေရှင်းဆောင်ရွက်များကို သိရှိစေရေးနှင့် တောင်ကိုရီးယားနိုင်ငံ၏ အင်္ဂလိပ် သတင်းစာ‌ တစ်ခုအဖြစ် ရပ်တည်နေသော Korea JoongAng Daily သတင်းစာ၏ International Influence နှင့် Global Audience Reach တို့ကို ပိုမိုတိုးမြှင့်ရရှိလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

အဆိုပါဖိုရမ်တွင် Korea JoongAng Daily သတင်းစာတိုက် CEO နှင့် ထုတ်ဝေသူ Mr. Park Chang-hee က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တောင်ကိုရီးယားဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Kwom Dae-young က ကိုရီးယာသမ္မတနိုင်ငံ၏ ဆောင်ရွက်မည့် စီးပွားရေးမူဝါဒနှင့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဖိုရမ်သို့ ဘဏ္ဍာရေးဆိုင်ရာ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဆိုးလ်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များတက်‌ရောက်ခဲ့ကြပါသည်။

Commemoration of the 81st Anniversary of Myanmar Armed Forces Day held in Seoul, the Republic of Korea

(27 March 2026, Seoul)

The Reception to commemorate the 81st Anniversary of the Myanmar Armed Forces Day, jointly organized by the Myanmar Embassy and the Myanmar Military, Naval, and Air Attaché Office in Seoul, was held at the Mondrian Seoul Itaewon, on the evening of 26 March 2026.

During the reception, the National Anthem of the Republic of Korea and the National Anthem of the Republic of the Union of Myanmar were played. A one-minute silence and a prayer were observed to mark the one-year remembrance of the Mandalay earthquake on 28 March 2025.

Following the observance, Chargé de Affaires a.i./ Ambassador Wunna Kyaw Htin H.E. U Myo Myint Maung and Military, Naval, and Air Attaché Brigadier General Wint Thu delivered commemorative remarks, respectively. The program continued with the screening of a video clip commemorating the Myanmar Armed Forces Day, the presentation of certificates of appreciation to individuals who contributed to the event, a cake-cutting ceremony, and a group photo session. Thereafter, the guests were warmly hosted with a selection of delicacies, including traditional Myanmar cuisine (Mohinga, Htamane, and Mont-Lone Yay Paw).

The ceremony was attended by a total of 260 invited guests, including Seoul-based Ambassadors from the Republic of Belarus, the Lao People’s Democratic Republic, the Republic of the Philippines, and the Republic of Singapore; Seoul-based military attachés; diplomats; officials from the ASEAN-Korea Centre; and representatives from business circles and organizations cooperating with Myanmar.
https://www.globalkoreapost.co.kr/news/articleView.html?idxno=91274

**************

(၈၁)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားအား ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ တွင်ကျင်းပ

(၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်၊ ဆိုးလ်)

(၈၁)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံးနှင့် မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ)ရုံး၊ ဆိုးလ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့၊ ညပိုင်းတွင် ဆိုးလ်မြို့၊ Mondrian Seoul Itaewon ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံတော်သီချင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းဖြင့် ဂုဏ်ပြုခြင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး တစ်နှစ်ပြည့် ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် (၁)မိနစ် ငြိမ်သက်ဆုတောင်း ခြင်း၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးမျိုးမြင့်မောင်နှင့် မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဝင့်သူတို့မှ ဂုဏ်ပြုစကားများ ပြောကြားခြင်း၊ တပ်မတော်နေ့ကို ဂုဏ်ပြုသည့် မှတ်တမ်းဗီဒီယိုပြသခြင်း၊ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ခြင်း၊ တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုကိတ်ခွဲခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ ရိုးရာအစားအသောက်များ (မုန့်ဟင်းခါး၊ ထမနဲ့၊ မုန့်လုံးရေပေါ်) အပါအဝင် ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဆိုးလ်မြို့အခြေစိုက် ဘီလာရုစ်သမ္မတနိုင်ငံ၊ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့မှ သံအမတ် ကြီးများ၊ ဆိုးလ်အခြေစိုက် ပြည်ပနိုင်ငံများမှ စစ်သံမှူးများ၊ သံတမန်များ၊ အာဆီယံ-ကိုရီးယား ဗဟိုဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ၊ ဧည့်သည်တော်များ စုစုပေါင်း (၂၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

2026 International Day of Forests အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ပါဝင်တက်ရောက်

(၂၀-၃-၂၀၂၆ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ၁၉-၃-၂၀၂၆ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ DMZ Forest ၌ Korea Forest Service နှင့် Asian Forest Cooperation Organization (AFoCO) တို့ပူးတွဲကျင်းပပြုလုပ်သည့် 2026 International Day of Forests အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ တာဝန်ရှိသူများ၊ AFoCO မှ တာဝန်ရှိသူများ၊ ဆိုးလ်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်အရာထမ်းများ နှင့်အတူ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ၊ သစ်တောရေးရာဝန်ကြီး ဌာန (Korea Forest Service) မှ ဝန်ကြီး H.E. Mr. Park Eun-sik မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး H.E. Chung Keeyong နှင့် AFoCO ၏ အမှုဆောင် ဒါရိုက်တာ H.E. Dr. Park Chongho တို့က ဂုဏ်ပြုအမှာစကားများအသီးသီးပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး အပါအဝင် ကာဂျစ္စတန်၊ ဂျာမနီ၊ တာဂျစ် ကစ္စတန်၊ ကာဇက်စတန်၊ မွန်ဂိုလီးယား၊ လာအိုနှင့် ဟွန်ဒူးရပ်စ်နိုင်ငံတို့မှ သံအမတ်ကြီးများမှ ဂုဏ်ပြု စကားများအသီးသီး ပြောကြားခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ကိုရီးယားသမ္မတနိုင်ငံ၏ သစ်တောထွက်ကုန်များမှ ရရှိသည့်ပစ္စည်းများအား ခင်းကျင်းပြသထားမှုအခြေအနေများနှင့် သစ်တောဝန်းကျင်ကို လမ်းလျှောက်လေ့လာခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

**************

Myanmar Chargé d’Affaires a.i./ Ambassador attends 2026 International Day of Forests Ceremony

(20-3-2026, Seoul)

Myanmar Chargé d’Affaires a.i./ Ambassador to the Republic of Korea, U Myo Myint Maung, attended the 2026 International Day of Forests Ceremony, jointly organized by the Korea Forest Service and the Asian Forest Cooperation Organization (AFoCO), held at the DMZ Forest in the Republic of Korea on 19 March 2026. The event was attended by officials from the Government of the Republic of Korea, representatives of AFoCO, ambassadors/Heads of Missions and diplomatic staff from the embassies in Seoul. During the ceremony, H.E. Mr. Park Eun-sik, Minister of Korea Forest Service, delivered the opening remarks. This was followed by the congratulatory remarks from H.E.Chung Keeyong, Deputy Minister of Foreign Affairs, and H.E. Dr. Park Chongho, Executive Director of AFoCO. Subsequently, Myanmar Chargé d’Affaires a.i./ Ambassador, together with the Ambassadors and Heads of Missions of Kyrgyzstan, Germany, Tajikistan, Kazakhstan, Mongolia, Lao PDR and Honduras, delivered their congratulatory remarks respectively.

Following the ceremony, participants were invited to view an exhibition showcasing products obtained from the Republic of Korea’s forest resources and to take a guided walk through the forest area.

ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားနှင့် အာဆီယံကော်မတီ(ဆိုးလ်)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပွဲ အခမ်းအနား တို့သို့တက်ရောက်

(၁၁-၃-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၁-၃-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်း၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် UN Women Knowledge and Partnerships Center ကကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားနှင့် ၎င်းနေ့ညနေပိုင်းတွင် ပြုလုပ်သည့် အာဆီယံကော်မတီ(ဆိုးလ်) (ASEAN Committee in Seoul- ACS)၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတို့သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

2026 International Women Day အခမ်းအနားကို “Rights, Justice, Action for All Women and Girls” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး မတူကွဲပြားသည့် အမျိုးသမီးများနှင့် မိန်းကလေး များအတွက် တရားမျှတမှုရရှိရေး ပိုမိုအားကောင်းလာစေရန်အတွက် ခိုင်မာသော လုပ်ဆောင်ချက် များနှင့် တာဝန်ခံမှုများမှတစ်ဆင့် တန်းတူညီမျှအခွင့်အရေး တိုးတက်ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

အာဆီယံကော်မတီ(ဆိုးလ်) (ASEAN Committee in Seoul- ACS)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ACS ၏ လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် စင်ကာပူသံအမတ်ကြီး H.E. Wong Kai Jiun က ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Tanee Sangrat ထံသို့ အာဆီယံကော်မတီ (ဆိုးလ်) ဥက္ကဋ္ဌတာဝန်များကို လွှဲပြောင်း ပေးခဲ့ပါသည်။

ဆိုးလ်မြို့အခြေစိုက် ထိုင်းသံရုံးမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အာဆီယံကော်မတီ (ဆိုးလ်) အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများက နိုင်ငံအက္ခရာစဉ်အလိုက် (၆) လစီထမ်းဆောင်ရခြင်းဖြစ်ပြီး အခမ်းအနားအပြီးတွင် စင်ကာပူသံအမတ်ကြီးက ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

************

Myanmar Chargé d’Affaires a.i./ Ambassador attends the Commemoration of 2026 International Women Day and the ASEAN Committee in Seoul Chairmanship Handover Ceremony

(11 -3-2026, Seoul)

Chargé d’Affaires a.i./ Ambassador U Myo Myint Maung attended the Commemoration of 2026 International Women’s Day organized by the UN Women Knowledge and Partnership Center in Seoul, in the afternoon, and the handover ceremony of the ASEAN Committee, in the evening, on 11 March 2026, respectively.

The 2026 International Women’s Day was held under the theme “Rights, Justice, Action for All Women and Girls.” The event aimed to advance equal rights through concrete action and accountability, particularly through strengthening access to justice for women and girls in all their diversity.

At the handover ceremony of the ASEAN Committee in Seoul (ACS), H.E. Wong Kai Jiun, the Ambassador of Singapore, the current ACS Chair, handed over the chairmanship of the ASEAN Committee in Seoul to H.E. Tanee Sangrat, the Ambassador of Thailand.

It is learned that the Royal Thai Embassy will assume the rotating chairmanship of the ASEAN Committee in Seoul from 1 January to 30 June 2026. The chairmanship is rotated among ambassadors from ASEAN member countries in alphabetical order for a period of six months. After that, the Ambassador of Singapore hosted the dinner for the ASEAN Heads of Missions.