International Election Observers and Diplomats Monitor Voting Processes in Myanmar’s General Elections

December 28, 2025

A total of 139 international election observation mission members and representatives of the diplomatic community are present to observe and monitor the orderly and free casting of ballots by the general public during the first phase of Myanmar’s 2025 Multiparty Democracy General Elections, being conducted today, December 28, 2025.

နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် သံတမန်များ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ မဲပေးမှုလုပ်ငန်းစဉ်များကို ကြည့်ရှုလေ့လာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်

ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပထမပိုင်းတွင် အများပြည်သူများ စနစ်တကျနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုလေ့လာရန်အတွက် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲ့ဝင်များနှင့် သံတမန်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၉ ဦး တက်ရောက်စောင့်ကြည့်လျက်ရှိပါသည်။

Myanmar Charge d’Affaires a.i./ Ambassador to the Republic of Korea, attends Standing Reception hosted by H.E. Kim Min-seok, Prime Minister of the Republic of Korea and Luncheon Hosted by H.E. Eui-hae CECILIA CHUNG, Vice Minister of Foreign Affairs

(11-12-2025, Seoul)

Myanmar Charge d’Affaires a.i./ Ambassador to the Republic of Korea, Mr. Myo Myint Maung, attended the first-ever Standing Reception hosted by H.E. Kim Min-seok, Prime Minister of the Republic of Korea, , for Ambassadors/Heads of Missions of Foreign Embassies in Seoul. The reception took place at Lottee Hotel Seoul on the evening of 3 November 2025 (Wednesday).

Furthermore, Charge d’Affaires a.i./ Ambassador also participated in a Working Luncheon for ASEAN Ambassadors/Heads of Missions, organized by the Ministry of Foreign Affairs of the Republic of Korea, earlier that afternoon. During the luncheon, H.E. Eui-hae CECILIA CHUNG, Vice Minister of Foreign Affairs of the Republic of Korea (Rok’s SOM Leader), delivered a comprehensive briefing on the current developments and future direction of the ASEAN-Korea Comprehensive Strategic Partnership (CSP). It was underscored during the briefing that Myanmar, as a member of ASEAN, will continue to actively participate in the forthcoming cooperative initiatives under the CSP framework, with a view to strengthening mutually beneficial collaboration between ASEAN and the Republic of Korea.

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Kim Min-seok မှ ဖိတ်ကြားသည့် Standing Reception နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Eui-hae CECILIA CHUNG တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲတို့သို့ ပါဝင်တက်ရောက်

(၁၁-၁၂-၂၀၂၅ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် (ဗုဒ္ဓဟူးနေ့) ညပိုင်းတွင် Lottee Hotel Seoul ၌ ကျင်းပ ပြုလုပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Kim Min-seok နှင့် ဆိုးလ်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများအား ပထမဆုံးအကြိမ် တွေ့ဆုံခြင်းအခမ်းအနား (Standing Reception) ကို တက်ရောက်ခဲ့ပါသည်။

၎င်းပြင် သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ယင်းနေ့နေ့လယ်ပိုင်းကလည်း ကိုရီးယား သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ပြုလုပ်သည့် အာဆီယံကော်မတီ(ဆိုးလ်)မှ အာဆီယံ သံအမတ်ကြီးများ/သံရုံးယာယီတာဝန်ခံများအား ဖိတ်ကြားသည့် အလုပ်သဘောနေ့လယ် စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါနေ့လယ်စာစားပွဲအခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Eui-hae CECILIA CHUNG က အာဆီယံ-ကိုရီးယား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့်ပတ်သက်၍ ကိုရီးယားသမ္မတနိုင်ငံဘက်မှ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အစီအမံများကို ရှင်းလင်း‌ ပြောကြားခဲ့မှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပါဝင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

မတော်တဆမီးလောင်မှုကြောင့် နိုင်ငံကူးလက်မှတ်များ ဆုံးရှုံးခဲ့ရသည့် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံကူးလက်မှတ်အသစ်များ ထုတ်ပေး

ကိုရီးယားသမ္မတနိုင်ငံ၊ ဂျော်လာတောင်ပိုင်းပြည်နယ်၊ မုတ်ဖိုမြို့ရှိ မိုးပျံရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် EPS စနစ်ဖြင့် လာရောက်လုပ်ကိုင်နေကြသည့် ဆောက်လုပ်ရေးအလုပ်သမား (၂၅)ဦးတို့ လုပ်ငန်းခွင်လုပ်ကိုင်နေစဉ်အတွင်း အိပ်ဆောင်များ မီးဘေးမတော်တဆမှုကြောင့် နိုင်ငံကူးလက်မှတ်များ ပျက်စီးဆုံးရှုံးခဲ့သည့်အပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံကူးလက်မှတ်အသစ်များ ပြန်လည်ပြုလုပ်ပေးခဲ့ပါသည်။

အဆိုပါနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခြင်းအခမ်းအနားသို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)၊ အလုပ်သမားသံအရာရှိနှင့် သံရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား အလုပ်သမားများအပါအဝင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသားများအား တည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။