ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး “2025 DMZ Opean Peace Walk” အစီအစဉ်တွင် ပါဝင်ဆင်နွှဲ

Imjingak မြစ်ဘေးတစ်လျှောက် Ecological Trail အတိုင်း ငြိမ်းချမ်းရေး လမ်းလျှောက်ကြစဉ်
မြန်မာသံရုံးမိသားစုဝင်များ ပါဝင်ဆင်နွှဲစဉ်
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက ငြိမ်းချမ်းရေးအမှတ်တရစကား ရေးသားစဉ်

(၁-၁၁-၂၀၂၅ ရက်၊ ဆိုးလ်မြို့)

ကိုရီးယားသမ္မတနိုင်ငံ၏ (၈၀) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ရေးကင်းမဲ့ဇုန် (Demilitarized Zone- DMZ) တွင် “(၆) ကြိမ်မြောက် စစ်ရေးကင်းမဲ့ဇုန် ငြိမ်း ချမ်းရေးလမ်းလျှောက်ပွဲ” (6th DMZ Open Peace Walk) အစီအစဉ်အား Gyeonggi ပြည်နယ်၊ Paju မြို့ရှိ Imjingak မြစ်ဘေး၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် သံရုံးဝန်ထမ်းမိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အခမ်းအနားသို့ Gyeonggi ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဆိုးလ်မြို့အခြေစိုက် သံတမန်များ နှင့် မိသားစုများ၊ အမျိုးသားလွှတ်တော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလွှတ်တော်များမှ ကိုယ်စား လှယ်များ၊ မြို့တော်ဝန်နှင့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် အခြားဖိတ်ကြားထားသူ များ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အစီအစဉ်အရ သတ်မှတ်နေရာတွင် စု‌ဝေးရောက်ရှိကာ ငြိမ်းချမ်းရေးအမှတ်တရစကား များ ရေးသားဂုဏ်ပြုပြီး Imjingak မြစ်ဘေးတစ်လျှောက် Ecological Trail အတိုင်း ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း အစီအစဉ်ကို ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။

(1st November 2025, Seoul)

The Chargé d’Affaires a.i./Ambassador of the Republic of the Union of Myanmar to the Republic of Korea, Mr. Myo Myint Maung, along with embassy staff and their families, participated in “the 6th DMZ Open Peace Walk” held on the morning of Saturday, November 1, 2025.

The event was held at the Imjingak Riverside in Paju City, Gyeonggi Province, to commemorate the 80th Independence Day of the Republic of Korea. The ceremony was attended by the Governor of Gyeonggi Province, diplomats based in Seoul and their families, representatives from the National Assembly and provincial councils, city mayors, leaders from various organizations, and other invited guests.

As part of the program, participants gathered at the designated area to write and dedicate messages of peace. This was followed by the main event: a peace walk along the Ecological Trail by the Imjingak Riverside, symbolizing a shared hope for harmony and reconciliation.

Press Release

ဆိုးလ်မြို့ (၃၁-၁၀-၂၀၂၅) ရက်

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၉-၁၀-၂၀၂၅ ရက်နေ့၊ ညနေ (၁၈:၄၅) နာရီတွင် Westin Josun Seoul Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ပါရီသဘောတူညီချက် (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့ဂုဏ်ပြု ညစာစားပွဲ (Celebrating the 10th Anniversary of the Paris Agreement) သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကို GGGI ၏ ကောင်စီဥက္ကဋ္ဌ H.E. Mr. Ban Ki-mon နှင့် GGGI ၏ ညွှန်ကြားရေးမှူးချုပ် Mr. Sang-Hyup Kim တို့က ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆိုးလ်မြို့တော်ဝန်၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဆိုးလ်မြို့အခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် ၃၀-၁၀-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီ တွင် ဆိုးလ်မြို့အခြေစိုက် လာအိုသံရုံးမှ သံအမတ်ကြီး H.E. Songkane LUANGMUNINTHONE အား သွားရောက်မိတ်ဆက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်နေမှုများကို ဆွေးနွေးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

(31-10-2025) Seoul

Chargé d’ Affaires a.i./Ambassador of the Republic of the Union of Myanmar to the Republic of Korea, Mr. Myo Myint Maung, attended the Dinner Reception Celebrating the 10th Anniversary of the Paris Agreement, held on 29 October 2025 at the Westin Josun Seoul Hotel.

The commemorative dinner reception was hosted by H.E. Mr. Ban Ki-moon, President of the Council of the Global Green Growth Institute (GGGI), and Mr. Sang-Hyup Kim, Director-General of GGGI. The event was attended by the Mayor of Seoul, representatives from international organizations, heads of diplomatic missions based in Seoul, and experts from various fields.

On 30 October 2025 at 10:00 hrs, Mr. Myo Myint Maung paid an introductory call on H.E. Mr. Songkane Luangmuninthone, Ambassador of the Lao PDR to the Republic of Korea, at the Embassy of the Lao PDR in Seoul. During the meeting, the two Ambassadors exchanged views on the friendly relations and ongoing cooperation between the two countries.

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်မှ ဆိုးလ်မြို့အခြေစိုက် ထိုင်းနိုင်ငံသံရုံးသို့ သွားရောက်၍ ဝမ်းနည်းကြောင်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း

(၂၈-၁၀-၂၀၂၅ ရက်) ဆိုးလ်မြို့

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ၂၈-၁၀-၂၀၂၅ ရက်နေ့တွင် ဆိုးလ်မြို့အခြေစိုက် ထိုင်းနိုင်ငံသံရုံးသို့ သွားရောက်၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် ဘုရင်မကြီးသီရိခေတ် ကွယ်လွန်ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

(28-10-2025) Seoul

Mr. Myo Myint Maung, Chargé d’ Affaires ad interim /Ambassador of the Republic of the Union of Myanmar to the Republic of Korea, visited the Embassy of the Kingdom of Thailand in Seoul on 28 October 2025 and signed the book of condolences for the late Her Majesty Queen Sirikit, the Queen Mother of the Kingdom of Thailand, who passed away on 24 October 2025.

မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ဖြည့်သွင်းရန်ပုံစံ – ပုံစံ (၁၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့