ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံဖွင့်လှစ်မည့်နေ့ရက် အသိပေးကြေညာခြင်း
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ Okcheon-gun ၊ Dae Yaksasa ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည့် Yoraeseon Meditation Center ဖွင့်ပွဲအခမ်း အနားနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ပါရမီဘုရားကျောင်းမှ ပင့်ဆောင်လာသည့် ဗုဒ္ဓဓာတ်တော် မွေတော် (၈) ဆူအား Dae Yaksasa ဘုရားကျောင်းသို့ အပ်နှင်းပွဲအခမ်းအနားတို့သို့ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှ စစ်သံမှူးတို့နှင့်အတူ Dae Yaksasa ဘုရားကျောင်းမှ ပဓါနဆရာတော်ကြီးများ၊ ဖိတ်ကြားထားသည့် ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ဆရာတော်ကြီးများ၊ သီလရှင်များ နှင့် အခြားဗုဒ္ဓဘာသာဝင် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Dae Yaksasa ဘုရားကျောင်း၏ ပဓါန ဆရာတော်ကြီးများ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ဖိတ်ကြားထားသော ဆရာတော် ကြီးများနှင့်အတူ Yoraeseon Meditation Center အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ၎င်းနောက် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့် မြန်မာစစ်သံ (ကြီး၊ ရေ၊ လေ) ရုံးမှ စစ်သံမှူးတို့က Yoraeseon Meditation Center (တရားစခန်း) ဖွင့်လှစ်ခြင်းနှင့် ဗုဒ္ဓဓာတ်တော် မွေတော်များကို အပ်နှင်းရခြင်းတို့အတွက် ဝမ်းမြောက်မုဒိတာစကားများ အသီးသီးပြောကြားခဲ့ ကြပါသည်။
ယင်းနောက် Dae Yaksasa ဘုရားကျောင်း၏ ဦးစီးပဓါနဆရာတော်ကြီး Most Venerable Myung An က မြန်မာနိုင်ငံ၊ ပါရမီဘုရားကျောင်းမှ ဓာတ်တော်မွေတော်များအား လှူဒါန်းခဲ့ခြင်း အပေါ် ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခဲ့ပြီးနောက် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာနိုင်ငံမှ ပင့်ဆောင်လာသည့် ဓာတ်တော်မွေတော်များကို Dae Yaksasa ဘုရားကျောင်းတွင် ဌာပနာတည်ထားကိုးကွယ်ရန် အပ်နှင်းခွင့်ရရှိသည့်အတွက် လွန်စွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ယခုကဲ့သို့ မြင့်မြတ်သောဗုဒ္ဓအမွေအနှစ်များကို ဖလှယ်မှုမှတစ်ဆင့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ရင်းနှီးချစ်ခင်မှုကို ပိုမိုခိုင်မာလာစေမည် ဖြစ်ပါ ကြောင်း စသည်ဖြင့် မုဒိတာစကား ပြောကြားခဲ့ပါသည်။
ယင်းနောက် အဆိုပါ ပါရမီဘုရားကျောင်းမှ ပင့်ဆောင်လာသည့် ဓာတ်တော်မွေတော် (၈) ဆူ အား မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က Dae Yaksasa ဘုရား ကျောင်းသို့ အပ်နှင်းကာ အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။
Attending the Inauguration Ceremony of the Yoraeseon Meditation Center and the Offering Ceremony of the Buddha Relics at Dae Yaksasa Temple, the Headquarters of the Korea Buddhist Yorae Order, Republic of Korea
(17-11-2025, Seoul)
On 15 November 2025, the inauguration ceremony of the Yoraeseon Meditation Center and the offering ceremony of the eight sacred Buddha relics that was brought from the Paramy Temple in Yangon, Myanmar to Dae Yaksasa Temple, the headquarters of the Korea Buddhist Yorae Order. The event was attended by Myanmar Charge d’Affaires a.i. /Ambassador to the Republic of Korea and his Spouse, the Military Attaché of the Office of Myanmar Military, Naval and Air Attaché, the Venerable monks of Dae Yaksasa Temple, as well as invited monks, nuns and Buddhist devotees from Japan and the Republic of Korea.
During the ceremony, the Myanmar delegation, along with the Venerable monks of Dae Yaksasa Temple and invited monks and nuns from Japan and the Republic of Korea in cutting the ribbon to inaugurate the Yoraeseon Meditation Center. Following the inauguration, Myanmar Chargé d’Affaires a.i. /Ambassador and Military Attaché delivered congratulatory remarks on the inauguration of the Yoraeseon Meditation Center and on the offering of the Buddha relics, respectively.
Thereafter, the Most Venerable Myung An of Dae Yaksasa Temple, expressed his proud appreciation for the donation of the sacred relics from Myanmar Parami Temple. In response, Myanmar Chargé d’Affaires a.i. / Ambassador conveyed his great pleasure for the opportunity to enshrine and venerate the relics at Dae Yaksasa Temple. He further emphasized that this exchange of sacred Buddhist relics would serve to deepen cultural ties and strengthened the bonds of friendship between Myanmar and the Republic of Korea.
Then, the ceremony concluded with the presentation of the eight relics by Myanmar Chargé d’Affaires a.i. /Ambassador and the delegation to Dae Yaksasa Temple, followed by commemorative group photographs.
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ဂျယ်ဂျူးမြို့၌ ကျင်းပခဲ့သည့် “ The Completion of 10 ASEAN Benches at ASEAN-Korea Olle” အထိမ်းအမှတ်အခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည့်မြောက်ခဲ့သော အာဆီယံ-ကိုရီးယားဆွေးနွေးဖက်ဆက်ဆံရေး (၃၅) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်း အနားအဖြစ် ပုံဖော်ဆောင်ရွက်ခဲ့သည့် “The Completion of the 10 ASEAN Benches at ASEAN-Korea Olle” အထိမ်းအမှတ်အခမ်းအနားဖြစ်ပါသည်။ အခမ်းအနားသို့ အာဆီယံ (၁၀) နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ၎င်းတို့၏ ဇနီး၊ ခင်ပွန်းများနှင့်အတူ ပါဝင် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစီအစဉ်ကို အာဆီယံကိုရီးယားစင်တာ (AKC)၊ ဂျယ်ဂျူး (Jeju) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့နှင့် Olle Foundation တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် AKC ၏ Secretary General က အဖွင့်အမှာစကား ပြောကြားခြင်း၊ ဂျယ်ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယမြို့တော်ဝန်က ကြိုဆိုနှုတ်ခွန်းဆက်ပြောကြားခြင်း၊ ဆိုးလ်အခြေစိုက် အာဆီယံနိုင်ငံများ ၏ အလှည့်ကျဥက္ကဋ္ဌနှင့် Olle Foundation ၏ CEO တို့မှ ဝမ်းမြောက်စကားပြောကြားခြင်း၊ ကျောင်းသားလူငယ်လေးများ၏ တေးသံသာများဖြင့် ဖျော်ဖြေခြင်း၊ အမှတ်တရဓာတ်ပုံ ရိုက်ကူး ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသည့် အာဆီယံကိုယ်စားလှယ်များ ပါဝင်တက်ရောက်သတင်းရယူကြသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက အာဆီယံ (၁၀) နိုင်ငံ အထိမ်းအမှတ်ဖြင့် စိုက်ထူထားသည့် အထိမ်းအမှတ်ကျောက်တိုင်များကို အက္ခရာစဉ်လိုက် Jeju Olle Trail Route အတိုင်း အတူတကွလမ်းလျှောက်ခဲ့ကြပြီး အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း၊ အာဆီယံနိုင်ငံများမှ စာနယ်ဇင်းသမားများနှင့် တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
အစီအစဉ်အတွင်း ဂုဏ်ပြုနေ့လယ်စာကို Jeju ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယမြို့တော်ဝန်က လည်းကောင်း၊ ဂုဏ်ပြုညစာကို အာဆီယံ-ကိုရီးယားစင်တာအတွင်းရေးမှူးချုပ်က လည်းကောင်း တည်ခင်းဧည့်ခံခဲ့ပါသည်။
Chargé d’Affaires a.i. /Ambassador of the Republic of the Union of Myanmar to the Republic of Korea participates in the Commemorative Ceremony: Completion of 10 ASEAN Benches at the Jeju Olle Trail Route 8: ASEAN-Korea Olle
(13-11-2025, Seoul)
Chargé d’Affaires a.i. /Ambassador of the Republic of the Union of Myanmar to the Republic of Korea, Mr. Myo Myint Maung participated in the Commemorative Ceremony: Completion of the 10 ASEAN Benches at ASEAN-Korea Olle, held in Jeju on 11 November 2025. In celebration of the 35th anniversary of the establishment of the ASEAN-Korea dialogue relations, Jeju Olle Trial Route 8 was designated of the Jeju Olle Trial Route 8 : ASEAN-Korea Olle in November 2024. The event was attended by ambassadors, heads of mission and their spouses.
The Ceremony was hosted by the ASEAN Korea Center (AKC) with the support of the Jeju Special Self-Governing Province and the Olle Foundation. The Ceremony commenced with opening remarks by the Secretary General of AKC, welcoming remarks by the Vice Mayor of Jeju Special Self-Governing Province, congratulatory remarks by Singapore Ambassador, rotating Chair of ASEAN Committee in Seoul (ACS) and CEO of Olle Foundation. In addition, the event was graced with musical performances by students, and a commemorative photo session. Invited journalists from ASEAN countries, including Myanmar, also attended the ceremony to cover the event.
At the end of the Ceremony, the representatives walked together along the Jeju Olle Trail Route, where ten symbolic benches representing the ASEAN member countries have been installed, and took commemorative group photos. As part of the ASEAN Week 2025 celebrations, they also met with participating journalists from ASEAN countries who attended the ASEAN Journalist Invitation Program organized by the ASEAN-Korea Centre.
During the event, a luncheon was hosted by the Vice Mayor of Jeju Special Self-Governing Province, and a dinner was hosted by the ASEAN-Korea Centre, led by Secretary General H.E. Kim Jae-shin.
(၈-၁၁-၂၀၂၅ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့၌ ၃-၁၁-၂၀၂၅ ရက်နေ့တွင် ကျင်းပသည့် “2025 FLY Film Festival” ဖွင့်ပွဲအခမ်းအနားသို့ အခြားသောကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီးများ နှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဘူဆန်မြို့တော်၊ ယဉ်ကျေးမှု ဗျူရို၏ ညွှန်ကြားရေးမှူးချုပ် Mr. Cho Youjang ၊ ဘူဆန်ရုပ်ရှင်ကော်မရှင်၏ ညွှန်ကြားရေးမှူး Mr. Kang Sung Kyu ၊ ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံနှင့် အရှေ့တောင်အာရှရေးရာ ဗျူရိုမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Jung Gayeon တို့က ဂုဏ်ပြုမိန့်ခွန်းများ အသီးသီးပြော ကြားခဲ့ကြပါသည်။ ယင်းနောက် 2025 FLY Film Festival တွင် ရုပ်ရှင်အရည်အသွေးနှင့် စွမ်းဆောင် ရည်ပြည့်မီသော ရုပ်ရှင်ဇာတ်ကားအဖြစ် မြန်မာဇာတ်ကား “I Wanna Be Your Lobster”ရွေးချယ် ခြင်းခံခဲ့ရပြီး ရုပ်ရှင်ပွဲတော်၏ အဖွင့်ရုပ်ရှင်ဇာတ်ကားအဖြစ် ပြသခဲ့ပါသည်။ အဆိုပါ မြန်မာရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ခဲ့ကြသည့် မြန်မာအနုပညာရှင်များအား FLY အဖွဲ့မှ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါ သည်။
၎င်းနောက် သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် “2025 FLY Film Festival” အခမ်းအနားကို ကြီးမှူးပြုလုပ်သည့် Busan Metropolitan City နှင့် ဘူဆန်ရုပ်ရှင်ကော်မရှင်တို့မှ အကြီးအကဲများ၊ တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ သံကိုယ်စားလှယ်များနှင့်အတူ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ၎င်းနောက် သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ၄-၁၁-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် “အာဆီယံနိုင်ငံများအတွင်း ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲများ” သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအတွင်း အာဆီယံနိုင်ငံများမှ ကိုယ်စား လှယ်များ၊ ဘူဆန်ရုပ်ရှင်ကော်မရှင်ဥက္ကဋ္ဌ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင် သည့် ရုပ်ရှင်ရိုက်ကူးမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ASEAN-ROK Film Leaders Incubator (FLY) အစီအစဉ်ကို ဘူဆန်ရုပ်ရှင်ကော်မရှင်က ၂၀၁၂ ခုနှစ် ကတည်းကပင် စတင်ထူထောင်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ နောင် လာမည့် မျိုးဆက်သစ်လူငယ်ရုပ်ရှင်ရိုက်ကူးသူများအကြား အဓိပ္ပါယ်ပြည့်ဝသော ယဉ်ကျေးမှုနှင့် ဖန်တီးမှုပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း သိရှိရပါသည်။
Myanmar Chargé d’Affaires a.i./Ambassador to the Republic of Korea attends the Opening Ceremony of the “2025 FLY Film Festival” and the ASEAN Film Industry Forum
(8-11-2025, Seoul)
Chargé d’Affaires a.i./Ambassador of the Republic of the Union of Myanmar to the Republic of Korea, Mr. Myo Myint Maung attended the opening ceremony of the “2025 FLY Film Festival” which was held in Busan, Republic of Korea, along with ASEAN Ambassadors, Heads of Mission and representativesfrom other ASEAN Member Countries on 3 November 2025. During the opening ceremony, Mr. Cho Youjang, Director-General of Culture Burea, Busan Metropolitan City, Mr. Kang Sung Kyu, Director of Busan Film Commission, and Ms. Jung Gayeon, Deputy Director-General of ASEAN and Southeast Asian Affairs Bureau, Ministry of Foreign Affairs of the Republic of Korea, delivered congratulatory remarkscelebrating the cultural and creative collaboration between ASEAN and the Republic of Korea. Afterwards, at the 2025 FLY Film Festival, the Myanmar film “I Wanna Be Your Lobster” was honored for its highest quality and performance. Myanmar filmmakers and artists who involved in the production received honorary awards from the FLY organizing team in recognition of their remarkable achievement.
Then, Myanmar Chargé d’Affaires a.i./Ambassador took memorable photos with senior officials from Busan Metropolitan City and Busan Film Commission, who co-hosted the event, and the Ambassadors, Heads of Mission, andrepresentatives of the other ASEAN countries who were present. Then, Myanmar Chargé d’Affaires a.i./Ambassador also attended in the ASEAN Film Industry Forum on 4November 2025. During the Forum, representatives from other ASEAN member countries, the Chairman of Busan Film Commission, and officials engaged in discussions on potential collaborations in film production and creative exchange between ASEAN and the Republic of Korea.
The ASEAN-ROK Film Leaders Incubator (FLY) program, established in 2012 by the Busan Film Commission, serves as a vital platform for nurturing the next generation of talented filmmakers from ASEAN member states and the Republic of Korea.