အဆိုပါဖိုရမ်ကို Korea JoongAng Daily သတင်းစာက ကြီးမှူးကာ ၂၀၀၇ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းနေခြင်းဖြစ်ပြီး တောင်ကိုရီးယားအစိုးရအရာရှိများ၊ ဆိုးလ်မြို့အခြေစိုက် နိုင်ငံခြား သံတမန်များ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ဦးဆောင်သူများအားလုံး တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တောင်ကိုရီးယားနိုင်ငံမှ ဆောင်ရွက်မည့် Financial Policy၊ Economic Outlook နှင့် Market Risks ကဏ္ဍများကို သိရှိစေရေး၊ လက်ရှိ အချိန်ကာလ အရှေ့အလယ်ပိုင်းအရေးနှင့် Geopolitical Crisis များဖြစ်ပွားနေချိန်တွင် တောင်ကိုရီးယားနိုင်ငံမှ လုပ်ဆောင်မည့် စီးပွားရေးမူဝါဒကို သိရှိပြီး ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု ရှိလာစေရေး၊ နိုင်ငံတကာ သံတမန်များ၊ ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံသူများ၊ စီးပွားရေး ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာကိစ္စများနှင့် ဖြေရှင်းဆောင်ရွက်များကို သိရှိစေရေးနှင့် တောင်ကိုရီးယားနိုင်ငံ၏ အင်္ဂလိပ် သတင်းစာ တစ်ခုအဖြစ် ရပ်တည်နေသော Korea JoongAng Daily သတင်းစာ၏ International Influence နှင့် Global Audience Reach တို့ကို ပိုမိုတိုးမြှင့်ရရှိလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါဖိုရမ်တွင် Korea JoongAng Daily သတင်းစာတိုက် CEO နှင့် ထုတ်ဝေသူ Mr. Park Chang-hee က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တောင်ကိုရီးယားဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Kwom Dae-young က ကိုရီးယာသမ္မတနိုင်ငံ၏ ဆောင်ရွက်မည့် စီးပွားရေးမူဝါဒနှင့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဖိုရမ်သို့ ဘဏ္ဍာရေးဆိုင်ရာ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဆိုးလ်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါသည်။
