မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်က Tae Chang N.E.T Co. Ltdကို လက်ခံတွေ့ဆုံ

(၁၄-၅-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၄-၅-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်း၌ Tae Chang N.E.T Co. Ltd မှ CEO Mr. Jee In Ho နှင့် Vice President Mr. Yoon Joh W. တို့ကို သံမှူးကြီးနှင့်အတူ လက်ခံတွေ့ဆုံခဲ့ပါသည်။

မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်က World Together မှ ဥက္ကဋ္ဌနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

(၁၄-၅-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၄-၅-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်း၌ World Together မှ ဥက္ကဋ္ဌ Mr. Kim Yong Woo နှင့်အဖွဲ့တို့ကို မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင့်သူနှင့်အတူ လက်ခံတွေ့ဆုံခဲ့ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ KOIMA (Korea Importers Association) မှစီစဉ်သော ဆိုးလ်အခြေစိုက် အာဆီယံ သံအမတ်ကြီးများနှင့် တွေ့ဆုံမိတ်ဆက် ညစာစားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်

(၁၁-၅-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၁-၅-၂၀၂၆ ရက်နေ့၊ ညနေပိုင်း တွင် ကိုရီးယားသမ္မတနိုင်ငံ၊ KOIMA (Korea Importers Association နှင့် ဆိုးလ်အခြေစိုက် အာဆီယံ သံအမတ်ကြီးများနှင့် တွေ့ဆုံမိတ်ဆက် ညစာစားပွဲ (Networking Reception for Asean Ambassador to Korea) သို့ တက်ရောက်ခဲ့ပါသည်။

ယင်းအစီအစဉ်ကို KOIMA မှ စီစဉ်ခြင်းဖြစ်ပြီး AKC ၏Secretary General ၊ အာဆီယံ သံအမတ်ကြီးများ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့တက်ရောက်ခဲ့ပြီး KOIMA Chairman Ms. Youn Young-mi က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့်စစ်သံမှူး ကိုရီးယားသမ္မတနိုင်ငံ၊ Atomy Co., Ltd. သို့သွားရောက်လေ့လာ

(၁၉-၅-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် မြန်မာစစ်သံ( ကြည်း၊ ရေ၊ လေ)ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင့်သူတို့သည် ၁၉-၅-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံရှိ Atomy Co., Ltd. သို့သွားရောက်လေ့လာခဲ့ကြပါသည်။

ATOMY သည် ကိုရီးယားသမ္မတနိုင်ငံ၊ Chungcheongnam-do ပြည်နယ်၊ Gongju မြို့၌ ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သော Global Direct Selling ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ လက်ရှိတွင် အာရှ၊ မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပနှင့် Oceania တို့အပါအဝင် ကမ္ဘာ့ဒေသ (၂၇) ခုတွင် လုပ်ငန်းများ လည်ပတ်လျက်ရှိပါသည်။ ကျန်းမာရေးအာဟာရဖြည့်စွက်စာများ၊ အလှကုန် များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အစားအစာနှင့် Home Appliances များ အထိ ထုတ်ကုန်အမျိုးအစားစုံလင်စွာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ATOMY ၏ ထူးခြားသော မဟာဗျူဟာတစ်ခုမှာ GSGS (Global Sourcing & Global Sales) Strategy ဖြစ်ပြီး နိုင်ငံအသီးသီးမှ အရည်အသွေးမြင့် ဒေသထွက်ကုန်များကို ရှာဖွေကာ ATOMY ၏ Global Distribution Network မှတစ်ဆင့် ကမ္ဘာတစ်ဝန်း ဖြန့်ချိရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံကိုလည်း ဖြစ်နိုင်ချေရှိသော ဈေးကွက်တစ်ခုအဖြစ် တည်ဆဲဥပဒေများနှင့်အညီ လုပ်ဆောင်ရန် စိတ်ဝင်စား မှုရှိနေသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်ကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် အရင်းအမြစ်ဆိုင်ရာဝန်ကြီးနှင့် အာဆီယံ သံအမတ်ကြီးများတို့၏ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်

(၁၈-၅-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံး၊ ဆိုးလ်မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၈-၅-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Korea Chamber of Commerce and Industry (KCCI) Office တွင် ကုန်သွယ်ရေး၊ စက်မှုနှင့် အရင်းအမြစ်ဆိုင်ရာ ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Yeo Han-koo နှင့် အာဆီယံသံအမတ်ကြီးတို့၏ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးမှုတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် အရင်းအမြစ်ဆိုင်ရာဝန်ကြီးနှင့် အာဆီယံသံအမတ်ကြီးများတို့သည် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုစာချုပ် အဆင့်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့ အကြား ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

Myanmar Chargé d’Affaires a.i./ Ambassador attends the meeting between ASEAN Ambassadors and the Minister of the Ministry of Trade, Industry and Resource

(18 May 2026, Seoul)

On the morning of 18 May 2026, U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Embassy of the Republic of the Union Myanmar to the Republic of Korea, attended a meeting between H.E. Yeo Han-koo, Minister of Trade, Industry and Resources of the Republic of Korea, and the ASEAN Ambassadors at the Korea Chamber of Commerce and Industry (KCCI) Office in Seoul, Republic of Korea.

During the meeting, H.E. Yeo Han-koo and the ASEAN Ambassadors exchanged views on matters relating to the upgrading of the ASEAN-Korea Free Trade Agreement and the promotion of trade between ASEAN and Korea.