မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်က The Bereaved Families of Korean Air Flight မှ မိသားစုဝင်များကို လက်ခံတွေ့ဆုံ

(၂၁-၅-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၄-၅-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်း၌ The Bereaved Families of Korean Air Flight မှ မိသားစုဝင်များနှင့် Dr. Myung Cheol-soo (Marine Search Expert) တို့ကို သံမှူးကြီး၊ သံမှူးတို့နှင့်အတူ လက်ခံတွေ့ဆုံခဲ့ပါသည်။

မြန်မာ့ပရဟိတအလင်းရောင်ဗုဒ္ဓသာသနာပြုအသင်းကြီး(ဗဟို)မှ ကျင်းပပြုလုပ်သည့် ပရဟိတသာသနာပြုဂုဏ်ထူးဆောင်ဂုဏ်ပြုပွဲအခမ်းအနား

မြန်မာ့ပရဟိတအလင်းရောင် ဗုဒ္ဓသာသနာပြုအသင်းကြီး(ဗဟို)မှ ကျင်းပပြုလုပ်သည့် ပရဟိတသာသနာပြုဂုဏ်ထူးဆောင်ဂုဏ်ပြုပွဲအခမ်းအနားအားရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ရှိ Sky Star Hotel ၌ ၂၀၂၆ ခုနှစ်၊မေလ(၂၁)ရက်နေ့ ၊နေ့လယ်(၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ အထွေထွေအတွင်းရေးမှူးဦးသန့်ဇင်လှိုင်၊ဗဟို ဘဏ္ဏာငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊ဗဟိုအထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌဋ္ဌဒေါ်ခင်မြသွေး၊ ဗဟိုအထောက်အကူပြုလူမှုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမိုး၊ စီမံကိန်းရေးဆွဲရေး အတွင်းရေးမှူး ဦးလှကြူ၊ အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဒေါ်ဝင်းဝင်းသန်း(ခရစ်ယာန်ဘာသာ)၊ ဒေါ်ခင်ဝါဝါထွန်း(အစ္စလာမ်ဘာသာ)၊ အတွင်းရေးမှူး ဒေါ်ခိုင်မွန်မွန်ကို (ဗုဒ္ဓဘာသာ)၊ ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစိန်လှိုင်(ဗုဒ္ဓဘာသာ)၊ ဦးမိုးဇက်(ခရစ်ယာန်ဘာသာ)၊ အတွင်းရေးမှူး ဦးကျော်ဝင်း(အစ္စလာမ်ဘာသာ)၊ တိုင်းအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးထွန်းဝင်း၊ ဦးနေမျိုးသောင်း၊ ဦးမင်းခန့်စိန်လှိုင်တို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်စဉ် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ)နှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင်ကြိုဆိုခဲ့ပြီး ခရီးစဉ် အတွင်း လိုက်ပါဆောင်ရွက်

(၂၃-၅-၂၀၂၆ ရက်၊ ဆိုးလ်)

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်မှ ၂၆ ရက်အထိ Korean Wave Culture Industry Froum (KWCIF) ၏ စီစဉ်ဖိတ်ကြားမှုဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့လာရောက်၍ ၂၄-၅-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားသို့ ပါဝင်တက်ရောက်ရန်အတွက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ကြီးမှူးသည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၂-၅-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းလေဆိပ်သို့ရောက်ရှိခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ စစ်သံ(ကြည်း၊ ရေ၊လေ)ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင့်သူ နှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ပါသည်။

ထို့နောက် ဆရာတော်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆိုးလ်မြို့ရှိ Jogyesa Temple သို့ သွားရောက်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် Venerable Damhwa Wonmyeong ကိုတွေ့ဆုံခဲ့ပါသည်။ Jogyesa Temple သည် ကိုရီးယားနိုင်ငံ ဗုဒ္ဓဘာသာ Jogye Order ၏ အဓိက ဗဟိုဘုန်းတော်ကြီးကျောင်းဖြစ်ပြီး ဆိုးလ်မြို့လယ်၌ တည်ရှိပါသည်။ ၁၉၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကိုရီးယားဗုဒ္ဓဘာသာ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေး လှုပ်ရှားမှုများတွင် အရေးပါသောနေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသော ဘုန်းကြီး ကျောင်းတစ်ခု ဖြစ်ပါသည်။ ဆက်လက်၍ ဆရာတော်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် Office of the President of the Jogye Order သို့သွားရောက်ကာ Jogye Order of Korean Buddhism ၏ (၃၇) ယောက်မြောက် ဥက္ကဋ္ဌ Ven. Jinwoo နှင့် တွေ့ဆုံခဲ့ပါသည်။ Jogyesa Temple သည် ကိုရီးယားရိုးရာဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး Daeungjeon Hall (Main Buddha Hall)၊ နှစ်ရာချီသက်တမ်းရှိသော သစ်ပင်ကြီးများနှင့် ရိုးရာမီးပုံးပွဲတော်များကြောင့် လူသိများပြီး Buddha’s Birthday Lantern Festival ကာလ တွင် အရောင်အသွေးစုံ မီးပုံးများဖြင့် အထူးအလှဆင်ကျင်းပလေ့ရှိရာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်ကြသည့် ဗုဒ္ဓဘာသာဆိုင်ရာနေရာ တစ်ခုဖြစ်ပါသည်။

ထို့နောက် ဆရာတော်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Dongguk University သို့ သွားရောက်ပြီး Dongguk University၏ ဥက္ကဋ္ဌ Yun Jae-woon နှင့်တွေ့ဆုံခဲ့ပါသည်။ Dongguk University တွင် မြန်မာကျောင်းသား (၃၀၀) ကျော် ပညာသင်ကြားလျက်ရှိရာ ဆရာတော်က ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားခြင်း၊ ယဉ်ကျေးလိမ္မာသည့် ပညာတတ်လူငယ်များဖြစ်စေရန် ဆုံးမခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

Dongguk University၏ ဥက္ကဋ္ဌ Yun Jae-woon က သားသတ်လွတ်နေ့ဆွမ်း ကပ်လှူ ခဲ့ပါသည်။ ၎င်းနောက် အဆိုပါကျောင်း၏ Dharam Hall ၌ ဆရာတော်ကြီးက ကျောင်းသား၊ ကျောင်းသူများကို တရားဓမ္မဟောကြားခဲ့ပါသည်။ Dongguk University သည် ဘာသာရေး ဆိုင်ရာ ဘာသာရပ်များအပါအဝင် အင်ဂျင်နီယာ၊ စီးပွားရေး၊ အနုပညာ၊ သိပ္ပံ၊ ဆေးပညာနှင့် AI ဆိုင်ရာ ဘာသာရပ်များနှင့်သက်ဆိုင်သော ဘွဲ့ကြိုနှင့် ဘွဲ့လွန်အထူးပြု ဘာသာရပ်များစွာ ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်၍ ဆရာတော်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Buddhist Broadcasting System (BBS) သို့ သွားရောက်ခဲ့ပြီး တိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်တွင် ပါဝင်ခဲ့၍ တရားဓမ္မဆိုင်ရာ မေးမြန်းလျှောက်ထားမှုများအပေါ် ပြန်လည်မိန့်ကြားခဲ့ပါသည်။ BBS သည် ကိုရီးယားသမ္မတနိုင်ငံ၏ ပထမဆုံးသော ဗုဒ္ဓဘာသာရုပ်သံနှင့် ရေဒီယို ကွန်ယက် ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွင် ဗုဒ္ဓဘာသာဝင်များ၊ ဘာသာရေးအဖွဲ့များနှင့် ဂိုဏ်များ၏ ပံ့ပိုးမှုဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ရေဒီယိုအစီအစဉ်များအပြင် ရုပ်သံလိုင်း (BBS TV) များမှ တစ်ဆင့်လည်း ဗုဒ္ဓစာပေ၊ တရားထိုင်နည်း၊ ဝိပဿနာနှင့် ကိုရီးယားနိုင်ငံတွင်း နှင့်နိုင်ငံတကာ ဗုဒ္ဓဘာသာသတင်းများကို တင်ဆက်လျက်ရှိသည်။

ထို့နောက် ဆရာတော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Gyeongbuk မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ခေတ္တတည်းခိုမည့် Commodore Hotel Gyeongju သို့ ၂၁၅၀ နာရီ အချိန်တွင် ရောက်ရှိခဲ့ပါသည်။

၂၃-၅-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ဆရာတော်ကြီးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မှတ်တမ်းဝင်ဖြစ်သော Bulguksa Temple သို့ သွားရောက်၍ Venerable Jongcheon နှင့်တွေ့ဆုံခြင်း၊ Tongdosa Temple သို့ သွားရောက်၍ Venerable Hyeon-deok နှင့်တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ Venerable Hyeon-deok မှ နေ့ဆွမ်းဆပ်ကပ်ခဲ့ပြီးနောက် ဆရာတော်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဆိုးလ်မြို့သို့ ပြန်လည်ထွက်ခွာလာရာ ၁၈၃၀ နာရီအချိန်တွင် ခေတ္တ တည်းခိုမည့် Grand Hyatt Seoul သို့ ရောက်ရှိချိန်၌ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံတွင်ကျင်းပသည့် ဗုဒ္ဓမွေးနေ့အခမ်းအနားသို့ တက်ရောက်ပူဇော် အမှာစကားဟောကြား

(၂၄-၅-၂၀၂၆ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသသည် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် လိုက်ပါ၍ ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက် နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏ သံဃနာယကအဖွဲ့ခေါင်းဆောင် ဆရာတော် ဖြစ်သည့် Bongeunsa Temple ၏ ကျောင်းထိုင်ဆရာတော် Venerable Wong-myeong အား တွေ့ဆုံနှုတ်ဆက်ပြီး ဓမ္မလက်ဆောင်များ အပြန်အလှန်ဖလှယ်ခဲ့ကြပါသည်။

ဆက်လက်၍ ဆရာတော်ကြီးနှင့်အဖွဲ့သည် ယင်းကျောင်း၌ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားသို့ တက်ရောက်ပြီး ကိုရီးယားသမ္မတနိုင်ငံ၊ သံဃနာယကအဖွဲ့ခေါင်းဆောင် ဆရာတော်နှင့်အတူ ဂုဏ်ပြုပူဇော်စကားဟောကြားခဲ့ပါသည်။

အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပခဲ့ရာ တရားဓမ္မများ ရွတ်ဆိုခြင်း၊ ဆီမီး ထွန်းညှိခြင်း၊ သာသနာတော်ဆိုင်ရာဆုတံဆိပ်များ ပေးအပ်ခြင်း၊ ဆရာတော်များနှင့် ဗုဒ္ဓ ဘာသာဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပူဇော်စကားပြောကြားခြင်း၊ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ် ဆုမွန်ကောင်းတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

ညနေပိုင်းတွင် ဆရာတော်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ဆက်လက် ထွက်ခွာခဲ့ရာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့် မြန်မာသံရုံးဝန်ထမ်းများက လိုက်ပါပို့ဆောင်ခဲ့ပါသည်။

ဗုဒ္ဓမွေးနေ့အခမ်းအနားကျင်းပခဲ့သည့် Bongeunsa Temple သည် ဆိုးလ်မြို့၊ Gangnam ခရိုင်၌ တည်ရှိပြီး နှစ်ပေါင်း (၁,၂၀၀) ကျော် သက်တမ်းရှိသော ရှေးဟောင်းဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဖြစ်ပါသည်။ အဆိုပါကျောင်းတော်၌ ကိုရီးယားနိုင်ငံ၏ အကြီးဆုံးသော မတ်ရပ်ကျောက်ဆင်းတုတော်ကြီးနှင့် ရှေးဟောင်းသစ်သား ဘုန်းကြီးကျောင်းဆောင်များရှိပြီး ကိုရီးယားရိုးရာဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်သည့်နေရာတစ်ခုအဖြစ် ထင်ရှားပါသည်။ နှစ်စဉ် မေလတွင် ဗုဒ္ဓမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် UNESCO ၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်သည့် မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရှိရပါသည်။

GGGI နှင့် GCF တို့ ပူးတွဲကျင်းပသည့် ရာသီဥတုဆိုင်ရာ ပူးတွဲညီလာခံ (“GGGI–GCF Joint Conference and Friends of GGGI”) နှင့် ဂုဏ်ပြုနေ့လည်စာစားပွဲ သို့ မြန်မာသံရုံးယာယီ တာဝန်ခံ/သံအမတ်ကြီး တက်ရောက်

(၂၁-၅-၂၀၂၅၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၁-၅-၂၀၂၆ ရက်နေ့၊ နေ့လယ် ပိုင်းတွင် Global Green Growth Institute (GGGI) နှင့် Green Climate Fund (GCF) တို့ ပူးပေါင်းကျင်းပသည့် “GGGI–GCF Joint Conference and Friends of GGGI” ပူးတွဲညီလာခံ နှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ညီလာခံတွင် Global Green Growth Institute (GGGI) ဥက္ကဋ္ဌ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း H.E. Ban Ki Moon မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ Global Green Growth Institute (GGGI) သည်ရေရှည်တည်တံ့ပြီး ကာဗွန်ထုတ်လွှတ်မှု နည်းသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနေတဲ့ နိုင်ငံတကာအစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်းဖြစ်ပါပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၅၀ ကျော် ရှိနေပြီးဖြစ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ (အိမ်ရှင်နိုင်ငံ)၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ အင်္ဂလန်၊ ဒိန်းမတ်၊ ဩစတြေးလျ စသည့် ကမ္ဘာတစ်ဝှမ်းရှိ အာရှ-ပစိဖိတ်ဒေသများ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပနိုင်ငံများမှ နိုင်ငံပေါင်း ၅၀ ကျော်သည် တရားဝင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ဖြစ်သည်။ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် လျှောက်ထားဆဲနိုင်ငံများ (Accession Stage) တွင် မြန်မာနိုင်ငံ အပါအဝင် အာဖရိက၊ အမေရိကနှင့် အိုရှန်းနီးယားဒေသများမှ နိုင်ငံများရှိ ကြောင်း သိရှိရပါသည်။

GCF သည် UNFCCC (United Nations Framework Convention on Climate Change)၏ နောက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုများကို တုံပြန်ရာတွင် အထောက်အကူ ဖြစ်စေရန် ဖွဲ့စည်းထားသော ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ရာသီဥတုဆိုင်ရာ ရန်ပုံငွေအဖွဲ့ကြီး ဖြစ်ပါသည်။

ညီလာခံကို “Partnering for Ambitious Global Climate Action” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှု ၊ ရာသီဥတုပြောင်းလဲခြင်းအပေါ် ဆောင်ရွက်မှု နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို အဓိကရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ GGGI နှင့် GCF အဖွဲ့အစည်းနှစ်ခုလုံး၏ အိမ်ရှင်နိုင်ငံဖြစ်သော ကိုရီးယားသမ္မတ နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍ တစ်ရပ်မှ ပါဝင်လျက်ရှိပြီး အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ စိမ်းလန်းနည်းပညာ ကုမ္ပဏီများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် သုတေသနအဖွဲ့များအကြား ချိတ်ဆက်ပေးလျက် ရှိပါသည်။ အဆိုပါအခမ်းအနားကို အဖွဲ့ဝင်နိုင်ငံများ၊ GGGI နှင့် GCF အဖွဲ့အစည်းမှ တာဝန် ရှိသူများ ကိုရီးယားအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများ၊ ဆိုးလ်အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Myanmar Chargé d’Affaires a.i./ Ambassador Attends the “GGGI–GCF Joint Conference and Friends of GGGI” and Luncheon Reception

(21 May 2026, Seoul)

U Myo Myint Maung, Chargé d’Affaires a.i/ Ambassador of the Republic of the Union of Myanmar Embassy, participated in the “GGGI–GCF Joint Conference and Friends of GGGI” and luncheon reception held in Seoul on 21 May 2026. The event was jointly organized by the Global Green Growth Institute (GGGI) and the Green Climate Fund (GCF).

The conference opened with remarks by Ban Ki-moon, President and Chair of GGGI and former Secretary-General of the United Nations. In his remarks, he highlighted the importance of international cooperation in advancing sustainable and climate-resilient development. GGGI is an international organization that promotes environmentally sustainable and low-carbon economic growth and currently includes more than 50 member countries.

GGGI’s membership spans countries across Asia-Pacific, Africa, Latin America, and Europe, including the Republic of Korea, the Philippines, Cambodia, Thailand, Viet Nam, the United Kingdom, Denmark, and Australia. Myanmar is undergoing the accession process to become a member of the organization.

GCF was established under the United Nations Framework Convention on Climate Change (UNFCCC), serves as the world’s largest global climate financing mechanism supporting developing countries in responding to climate change.

Under the theme “Partnering for Ambitious Global Climate Action,” discussions focused on expanding green finance, enhancing international climate initiatives, and strengthening global partnerships. As host nation to both GGGI and GCF, the Republic of Korea continues to contribute to international climate cooperation by connecting governments, international organizations, green technology companies, financial institutions, public agencies, and research institutes.

The conference and luncheon were attended by representatives of GGGI and GCF, officials from member states, Korean government and private sector organizations, as well as ambassadors and diplomats from foreign embassies in Seoul.