(၁၄-၉-၂၀၂၆၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ဆိုးလ်မြို့၊ J.W. Marriot Dongdaemon Square Seoul ၌ ၁၄-၉-၂၀၂၆ ရက်နေ့၊ ညနေ ပိုင်းတွင် ကျင်းပသော မလေးရှားနိုင်ငံ၏ (၆၉)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး Dato’ Mohd Zamruni Khalid ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆိုးလ်မြို့ အခြေစိုက် နိုင်ငံတကသံရုံးများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
မလေးရှားနိုင်ငံသည် ၃၁-၈-၁၉၅၇ ရက်နေ့တွင် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေး ရရှိပြီးနောက် အဆိုပါနေ့ရက်ကို အမျိုးသားနေ့သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် (၆၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်းသိရှိရပါသည်။
Myanmar Chargé d’Affaires a.i./ Ambassador Attends Reception Celebrating Malaysia’s 69th National Day
(14 September 2026, Seoul)
At the invitation of Dato’ Mohd Zamruni Khalid, the Ambassador of Malaysia to the Republic of Korea, U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea, attended the Reception commemorating the 69th National Day of Malaysia. The event was held on the evening of 14 September 14 2026 at the J.W. Marriott Dongdaemun Square, Seoul. Ambassadors from foreign embassies based in Seoul and invited guests attended the ceremony. It is noted that Malaysia designated 31 August as its National Day following independence from British rule in 1957. This year marks the 69th anniversary of that historic event.
