(၁၆-၁၁-၂၀၂၆ ရက်၊ ဆိုးလ်)
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၆-၁၁-၂၀၂၆ ရက်နေ့၊ ညနေပိုင်းတွင် SIGNIEL SEOUL ၏ ၇၆ ထပ်၌ Charlotte Diplomatic Corps by Lotte မှ ကြီးမှူးကျင်းပသော Kimjang Cultural Gathering အခမ်းအနားသို့ Special Advisor to the CEO ဖြစ်သူ Yvonne Kim ၏ဖိတ်ကြားချက်အရ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဆိုးလ်မြို့အခြေစိုက် သံရုံး(၃၃)ရုံးမှ သံအမတ်ကြီးများ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Kimjang Cultural Gathering သည် ၂၀၁၃ ခုနှစ်တွင် UNESCO ၏ Intangible Cultural Heritage of Humanity အဖြစ် သတ်မှတ်ခဲ့သော ရိုးရာဓလေ့တစ်ခုဖြစ်ပါသည်။ ဆောင်းရာသီ အတွင်း စားသုံးရန်အတွက် ကိုရီးယားရိုးရာကင်မ်ချီကို မိသားစုများ သို့မဟုတ် တစ်ရွာလုံး စုပေါင်းလုပ်ဆောင်ပြီး ပြန်လည်မျှဝေသည့် ကိုရီးယားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခု ဖြစ်ပါသည်။ အဆိုပါအခမ်းအနားကို နှစ်စဉ် ဆောင်းဦးနှောင်းပိုင်းကာလ ရာသီဥတုအေးလာ ချိန်တွင် ဆောင်ရွက်လေ့ရှိပြီး အပူချိန်ကျဆင်းမှသာ ကင်မ်ချီကို အချဉ်ဖောက်ပြီး ရေရှည် သိမ်းဆည်းနိုင်သောကြောင့်ဖြစ်ပါသည်။ ကင်မ်ချီ လုပ်ဆောင်ရာတွင် လုပ်အားများစွာ လိုအပ်ပြီး မိသားစု၊ ဆွေမျိုးများ ပူးပေါင်းဆောင်ရွက်ရကြသည့်အတွက် အပြန်အလှန်ကူညီခြင်း၊ အချင်းချင်း မျှဝေခြင်းနှင့် ချို့တဲ့နွမ်းပါးသူများကို လှူဒါန်းခြင်းဓလေ့များ ပါဝင်သည့်အတွက် စည်းလုံး ညီညွတ်မှုကို ပိုမိုခိုင်မာစေသည့်အတွက် အဆိုပါအခမ်းအနားကို နှစ်စဉ်ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် နေအိမ်များ၌ ကင်မ်ချီပြုလုပ်မှု နည်းပါးလာသော်လည်း အဆိုပါဓလေ့ကို ယခုကဲ့သို့ အခမ်းအနားများ ကျင်းပခြင်း၊ ကင်မ်ချီ ဝေငှသည့် ပွဲများကျင်းပခြင်းများ ဆောင်ရွက်ကာ ယဉ်ကျေးမှုအမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားကို ကိုရီးယားသမ္မတနိုင်ငံတွင် ထင်ရှားသော လုပ်ငန်းစု တစ်ခု ဖြစ်သည့် Lotte Group နှင့် ဆိုးလ်အခြေစိုက် Diplomatic Corps တို့က ဦးဆောင်သည့် နိုင်ငံတကာသံတမန်ရေးရာနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် (Cultural & Diplomatic Ambassador Program) တစ်ခုဖြစ်ပြီး ကိုရီးယားယဉ်ကျေးမှုကို နိုင်ငံတကာသို့ ချိတ်ဆက် ပေးသည့် ယဉ်ကျေးမှုသံတမန်အစီအစဉ်လည်း ဖြစ်ကြောင်းသိရှိရပါသည်။
H.E. U Myo Myint Maung Attends Kimjang Cultural Gathering Hosted by Charlotte Diplomatic Corps by LOTTE
(16 November 2026, Seoul)
U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea, attended the Kimjang Cultural Gathering hosted by the Charlotte Diplomatic Corps by LOTTE on the evening of 16 November 2026 at the 76th floor of SIGNIEL SEOUL, at the invitation of Ms. Yvonne Kim, Special Advisor to the CEO. Ambassadors from 33 embassies based in Seoul participated in the event.
The Kimjang Cultural Gathering is a traditional Korean practice inscribed on UNESCO’s Representative List of the Intangible Cultural Heritage of Humanity. It is a traditional Korean cultural practice in which families and communities prepare traditional Korean kimchi for winter and share it with others. Traditionally, Kimjang takes place in late autumn, when cooler temperatures preserve the kimchi. The practice requires considerable effort and cooperation, and reflects values of mutual assistance, sharing and community solidarity. Although fewer households make kimchi at home today, the tradition continues through cultural gatherings and kimchi-sharing events.
The event is a Cultural & Diplomatic Ambassador Program—an international diplomatic and cultural exchange initiative led by Lotte Group, a prominent conglomerate in the Republic of Korea, together with the Seoul-based Diplomatic Corps. The program promotes cultural diplomacy by connecting Korean culture with the international community.
