(၂၈-၉-၂၀၂၆ ရက်၊ ဆိုးလ်)
၂၈-၉-၂၀၂၆ ရက်နေ့၊ ညနေပိုင်းတွင် The Shilla Seoul Hotel ၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၇၇)နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Dai Bing နှင့် ဇနီး Kang Shan တို့၏ ဖိတ်ကြားချက်အရ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ဇနီးတို့တက်ရောက်ခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး ယခုနှစ်တွင် ၇၇ နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။ အဆိုပါနေ့အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ တရုတ်သံရုံးများနှင့် တရုတ်နိုင်ငံအတွင်း စည်ကား သိုက်မြိုက်စွာကျင်းပကြောင်း သိရှိရပါသည်။
Chargé d’Affaires a.i./ Ambassador U Myo Myint Maung Attends the Reception Celebrating the 77th Anniversary of the Founding of the People’s Republic of China
(28-9-2026, Seoul)
At the invitation of H.E. Dai Bing, Ambassador of the People’s Republic of China to the Republic of Korea and his wife, Madam Kang Shan, the Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea U Myo Myint Maung and his wife attended the reception celebrating the 77th Anniversary of the Founding of the People’s Republic of China, held at the Shilla Seoul, on the evening of 28 September 2026.
The People’s Republic of China was founded on 1 October 1949, marking its 77th Anniversary this year. The commemorative events for this occasion are being held grandly and vibrantly at Chinese Embassies around the world and within China.
