2026 KSP Global Innovation Conference သို့ တက်ရောက်
(၈-၉-၂၀၂၆၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ဆိုးလ်မြို့၊ Grand Walkerhill Seoul ၌ ၈-၉-၂၀၂၆ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ ကျင်းပသော “2026 KSP Global Innovation Conference” သို့တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲကို “KSP: Driving AI and Digital Transformation for Inclusive Growth” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရေရှည်တည်တံ့ပြီး အလုံးစုံပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု အတွက် AI နှင့် ဒီဂျစ်တယ် နည်းပညာများကို အသုံးချနိုင်ရေးအပေါ် မူဝါဒများ၊ အဖွဲ့အစည်းများ နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ၏ အထောက်အပံ့ပေးနိုင်ရေးကို ဆွေးနွေးအဖြေရှာ ကြခြင်းလည်း ဖြစ်ပါသည်။ ပထမပိုင်းကို “From Knowledge to Action: KSP Success Stories” ကို case study အနေဖြင့် “Digital Innovation at Kenya’s Konza Technopolis: Smart City Cooperation through KSP-EIPP-EDCF Linkages” ၊ “Digital Financial Innovation and Fintech Industry Development in Uzbekistan: Institutionalizing a Regulatory Sandbox through SKP Plus” ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ ဒုတိယပိုင်းကို “Exploring the Pathways to Impact: KSP in the AI and Digital Era” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
ကိုရီးယားသမ္မတနိုင်ငံ၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနသည် ၂၀၀၄ ခုနှစ်တွင် Knowledge Sharing Program (KSP) ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ကိုရီးယားသမ္မတ နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် မူဝါဒဆိုင်ရာ အတွေ့အကြုံများကို ၎င်းတို့၏ မိတ်ဖက်နိုင်ငံများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျှဝေ ပေးရန် ရည်ရွယ်အကောင်အထည်ဖော်ခြင်းလည်းဖြစ်ပါသည်။ KSP သည် နိုင်ငံပေါင်း (၁၀၆) နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း (၁၂) တို့ဖြင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်ကတည်းက KSP ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဆိုးလ်မြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea Attends 2026 KSP Global Innovation Conference
(8-9-2026, Seoul)
U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea attended the “2026 KSP Global Innovation Conference, held at the Grand Walkerin Seoul on 8 September 2026.
The conference was held under the theme “KSP: Driving AI and Digital Transformation for Inclusive Growth,” and focused on exploring how policies, institutions, and international cooperation can support the application of AI and digital technologies to achieve sustainable and inclusive development.
The event was held in two parts: the first featured under the theme of “From Knowledge to Action: KSP Success Stories” with the case studies “Digital Innovation at Kenya’s Konza Technopolis: Smart City Cooperation through KSP-EIPP-EDCF Linkages” and “Digital Financial Innovation and Fintech Industry Development in Uzbekistan: Institutionalizing a Regulatory Sandbox through KSP Plus” while the second part was conducted under the theme “Exploring the Pathways to Impact: KSP in the AI and Digital Era.”
The Ministry of Finance and Economy of the Republic of Korea launched the Knowledge Sharing Program (KSP) in 2004 with the aim of sharing the country’s experiences in economic and social development, as well as policy-related insights, to support the long-term development of its partner nations. KSP collaborates with 106 countries and 12 international organizations. Myanmar has been a member of KSP since 2011. Ambassadors and representatives from embassies based in Seoul, representatives from international organizations, Korean businesspeople, and subject-matter experts attended the conference.
