Terms and Conditions for the Indian Tourists to apply for Visa on Arrival

ကိုရီးယားသမ္မတနိုင်ငံရှိ (F-1)ဗီဇာကိုင်ဆောင်သူ မြန်မာနိုင်ငံသားများ သိရှိနိုင်ပါရန် ကြေညာချက်

Terms and Conditions for the Tourists from Special Administrative Regions of PRC (Hong Kong SAR and Macao SAR) for Visa Exemption

Terms and Conditions for the Japanese and Korean Tourists to apply for Visa Exemption

Terms and Conditions for the Chinese Tourists to apply for Visa on Arrival

အစိုးရဝန်ကြီး ဌာနအသီးသီးမှ ပညာသင်ဝန်ထမ်းများ သိရှိလိုက်နာ ဆောင်ရွက်ရမည့်ကိစ္စရပ်များ

  • ကိုရီးယားသမ္မတနိုင်ငံသို့ ပညာသင်ကြားရန် ရောက်ရှိနေကြသည့် အစိုးရဝန်ထမ်း သင်တန်းသား/ သင်တန်းသူများအား ကိုရီးယားသမ္မတနိုင်ငံ၌ နေထိုင်စဉ်ကာလအတွင်း လိုအပ်သည်များအကူအညီ ပေးနိုင်ရန်နှင့် မိခင်ဝန်ကြီးဌာနနှင့် လိုအပ်သည်များကို ဆက်သွယ် မှုပြုနိုင်ရန်အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ပညာသင်ရောက်ရှိကြောင်း သတင်းပေးပို့ရန် (ကိုယ်ရေးလျှောက်လွှာ၊ ကိုယ်ရေးမှတ်တမ်းပုံစံ download ရယူရန်)
  • ပညာသင်ကြားမှုအခြေအနေနှင့်ပတ်သက်၍ သုံးလတစ်ကြိမ် ပညာသင်တိုးတက်မှု အစီရင်ခံစာ (ပူးတွဲ- မိတ္တူ (၃) စုံ) ကို မြန်မာသံရုံးလိပ်စာဖြစ်သည့် Hannam-daero 28-gil 12, Yongsan-gu, Seoul, 04418 သို့သို့ ပုံမှန်ပေးပို့ရန် (သုံးလပတ်အစီရင်ခံစာပုံစံ download ရယူရန်)
  • ပညာသင်ရောက်ရှိကြောင်း သတင်းပို့စာနှင့် ကိုယ်ရေးမှတ်တမ်းများအား မြန်မာသံရုံး၊ ဆိုးလ်မြို့ ၏လိပ်စာဖြစ်သည့် Hannam-daero 28-gil 12, Yongsan-gu, Seoul, 04418 သို့လည်းကောင်း၊ မြန်မာသံရုံး၏ email ဖြစ်သည့်
    [email protected] သို့လည်းကောင်း ပေးပို့ရန်၊
  • တက်ရောက်နေသည့် တက္ကသိုလ်/သင်တန်း နေရာနှင့် နေထိုင်သည့် လိပ်စာအပြောင်း အလဲရှိတိုင်း မြန်မာသံရုံးသို့ အကြောင်းအကြားရန်၊ ပညာသင်ကာလပြီးဆုံး၍ဖြစ်စေ၊ အခြား သောကိစ္စတစ်စုံတစ်ခု ကြောင့်ဖြစ်စေ ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဆိုပါက ထွက်ခွာမည့်နေ့ရက်နှင့် လေယာဉ်ခရီးစဉ်တို့အား မြန်မာသံရုံးသို့ အကြောင်းကြားရန်၊
  • ပညာသင်ဝန်ထမ်းများအနေဖြင့် အောက်ဖော်ပြပါကိစ္စရပ်များအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ဆင့် သက်ဆိုင်ရာမိခင်ဝန်ကြီးဌာနများသို့ တင်ပြလျှောက်ထားရန်လိုအပ် ပါသည်-

 

ပညာသင်ကာလသက်တမ်းတိုးမြှင့်ခွင့် လျှောက်ထားခြင်း 

  • ပညာသင်ကာလ သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်လျှောက်ထားရန်
  • ကိုယ်တိုင်ရေးလျှောက်လွှာ
  • တက်ရောက်နေသည့် တက္ကသိုလ်/သင်တန်းမှ သက်ဆိုင်ရာပါမောက္ခ/ကြီးကြပ်သူ၏ ထောက်ခံစာ
  • ပညာသင်ထောက်ပံ့စရိတ်ဆက်လက်ရရှိခြင်း ရှိ/မရှိ ထည့်သွင်းဖော်ပြရန်

မြန်မာနိုင်ငံကူးလက်မှတ်တွင် နိုင်ငံဖြည့်စွက်ရန် လျှောက်ထားခြင်း

  • တက်ရောက်မည့် စာတမ်းဖတ်ပွဲ/ဆွေးနွေးပွဲကာလမတိုင်မီ (၂)လ ကြိုတင် လျှောက်ထားရန်
  • ကိုယ်တိုင်ရေးလျှောက်လွှာ
  • တက်ရောက်နေသည့် တက္ကသိုလ်/သင်တန်းမှ သက်ဆိုင်ရာပါမောက္ခ၏ ထောက်ခံစာ

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအသစ်လျှောက်ထားခြင်း

  • ကုန်ဆုံးရက်စွဲမတိုင်မီ (၂) လကြိုတင်လျှောက်ထားရန်
  • ကိုယ်တိုင်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်အဟောင်းမိတ္တူ
  • ကိုယ်ရေးမှတ်တမ်း
  • ရောင်စုံဓါတ်ပုံ( နောက်ခံအဖြူ၊ 35mm x 45mm – soft copy အား CD ဖြင့်ပေးပို့ရန်)
  • လက်မှတ် (စာရွက်ဖြူပေါ်၌ ရှင်းလင်းပြတ်သားစွာရေးထိုးထားရမည် – soft copy အား CD ဖြင့်ပေးပို့ရန်)

သုတေသနအချက်အလက်များကောက်ယူရန် မြန်မာနိုင်ငံသို့ ခေတ္တပြန်ခွင့်လျှောက်ထားခြင်း

  • သွားရောက်မည့်နေ့ရက်မတိုင်မီ (၂) လကြိုတင်လျှောက်ထားရန်
  • ကိုယ်တိုင်ရေးလျှောက်လွှာ
  • တက်ရောက်နေသည့်တက္ကသိုလ်/သင်တန်းမှ သက်ဆိုင်ရာပါမောက္ခ၏ ထောက်ခံစာ