(၂၄-၆-၂၀၂၆ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ Seoul Metropolitan Police Agency (SMPA)က အိမ်ရှင်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သော International Capital Police Council (ICPC) Conference 2026 ၏ ဖွင့်ပွဲအခမ်းအနားကို ၂၄-၆-၂၀၂၆ ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပခဲ့ရာ ဖိတ်ကြားချက်အရ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို “Connected Capital Security, Borderless Safety” ခေါင်းစဉ် ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဥဇဘက်ကစ္စတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ ဥပါကစ္စတန်နှင့် နယ်သာလန်နိုင်ငံတို့မှ ရဲချုပ်များ၊ ကော်မရှင်နာများ၊ ဆိုးလ်မြို့ အခြေစိုက်သံအမတ်ကြီးများနှင့် သံတမန်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း (၁၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
ICPC 2026 သည် မြို့တော်ရဲတပ်ဖွဲ့များအကြား ပုံမှန်ပူးပေါင်းဆောင်ရွက်ရေး ယန္တရား တစ်ရပ်ကို တည်ထောင်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ပထမဆုံးအစည်းအဝေးဖြစ်ပြီး နိုင်ငံ ဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းတားဆီးတိုက်ဖျက်ရန် အရေးပါသော Platform တစ်ခု အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
