(၆-၆-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၆-၆-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် Seoul National Cemetery ၌ ပြုလုပ်သည့် 71st Memorial Day အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

ယင်းအခမ်းအနားကို ကိုရီးယားသမ္မတနိုင်ငံ၊ Ministry of Patriots and Veterans Affaires မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်အတွက် အသက်စတေး စွန့်လွှတ်အနစ်နာခံသွားကြသည့် ကျဆုံးလေပြီးသော အာဇာနည်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှု တိုက်ပွဲဝင် တပ်မတော်သားများ နှင့် မျိုးချစ်ပုဂ္ဂိုလ်များအား ဂုဏ်ပြုသောအခမ်းအနားတစ်ခုဖြစ်ပါသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ လီဂျေမြောင် (Lee Jae-myung) က မိန့်ခွန်းပြောကြားခဲ့ပြီး တိုင်းပြည်ကိုအသက်ပေး ကာကွယ်ခဲ့ကြသူများအား ထိုက်တန်သော အကျိုးခံစားခွင့်များ ပေးအပ်ရန်၊ နိုင်ငံ့ဝန်ထမ်းများကို အလေးထား ဂုဏ်ပြုရန်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ် စွန့်စားခဲ့ကြသူများအား အထူးချီးမြှင့်မှုများ မပျက်မကွက် ရရှိစေရေး ဆောင်ရွက်ရန်တို့ကို အလေးအနက်ထား ထည့်သွင်းပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နံနက် ၁၀ နာရီတိတိအချိန်တွင် ဥသြဆွဲခြင်း နိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများက မိနစ်ပိုင်းမျှ ငြိမ်သက်ခြင်း စစ်သင်္ချိုင်းတွင် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း နှင့် ဂုဏ်ပြုဦးညွတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း နှင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခဲ့ကြကြောင်း သိရှိရပါသည်။

Photo credit: News1 via ChosunBiz