(၂-၆-၂၀၂၆၊ ဆိုးလ်)
မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂-၆-၂၀၂၆ရက်နေ့၊ နေ့လယ်ပိုင်းတွင် Korea Saemaul Undong Center သို့ သွားရောက်လေ့လာခဲ့ရာ Secretary General Mr. Choi Hyong Jae နှင့်အဖွဲ့က လက်ခံတွေ့ဆုံပြီး စီမံကိန်းဆိုင်ရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ယခင်က သမဝါယမဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Ministry of Security and Public Administration တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆင်မားအူးဒုံး ကျေးရွာသစ်စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့မှုများ နှင့် ဆင်မားအူးဒုံး (Saemaul Undong) စီမံကိန်းများ မြန်မာနိုင်ငံတွင် ပြန်လည် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။
အဂတိလိုက်စားမှုများ တိုင်ကြားနိုင်ရန်

