(၂၁-၅-၂၀၂၅၊ ဆိုးလ်)
မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၁-၅-၂၀၂၆ ရက်နေ့၊ နေ့လယ် ပိုင်းတွင် Global Green Growth Institute (GGGI) နှင့် Green Climate Fund (GCF) တို့ ပူးပေါင်းကျင်းပသည့် “GGGI–GCF Joint Conference and Friends of GGGI” ပူးတွဲညီလာခံ နှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ညီလာခံတွင် Global Green Growth Institute (GGGI) ဥက္ကဋ္ဌ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း H.E. Ban Ki Moon မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ Global Green Growth Institute (GGGI) သည်ရေရှည်တည်တံ့ပြီး ကာဗွန်ထုတ်လွှတ်မှု နည်းသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနေတဲ့ နိုင်ငံတကာအစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်းဖြစ်ပါပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၅၀ ကျော် ရှိနေပြီးဖြစ်ပါသည်။
ကိုရီးယားသမ္မတနိုင်ငံ (အိမ်ရှင်နိုင်ငံ)၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ အင်္ဂလန်၊ ဒိန်းမတ်၊ ဩစတြေးလျ စသည့် ကမ္ဘာတစ်ဝှမ်းရှိ အာရှ-ပစိဖိတ်ဒေသများ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပနိုင်ငံများမှ နိုင်ငံပေါင်း ၅၀ ကျော်သည် တရားဝင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ဖြစ်သည်။ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် လျှောက်ထားဆဲနိုင်ငံများ (Accession Stage) တွင် မြန်မာနိုင်ငံ အပါအဝင် အာဖရိက၊ အမေရိကနှင့် အိုရှန်းနီးယားဒေသများမှ နိုင်ငံများရှိ ကြောင်း သိရှိရပါသည်။
GCF သည် UNFCCC (United Nations Framework Convention on Climate Change)၏ နောက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုများကို တုံပြန်ရာတွင် အထောက်အကူ ဖြစ်စေရန် ဖွဲ့စည်းထားသော ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ရာသီဥတုဆိုင်ရာ ရန်ပုံငွေအဖွဲ့ကြီး ဖြစ်ပါသည်။
ညီလာခံကို “Partnering for Ambitious Global Climate Action” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှု ၊ ရာသီဥတုပြောင်းလဲခြင်းအပေါ် ဆောင်ရွက်မှု နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို အဓိကရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ GGGI နှင့် GCF အဖွဲ့အစည်းနှစ်ခုလုံး၏ အိမ်ရှင်နိုင်ငံဖြစ်သော ကိုရီးယားသမ္မတ နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍ တစ်ရပ်မှ ပါဝင်လျက်ရှိပြီး အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ စိမ်းလန်းနည်းပညာ ကုမ္ပဏီများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် သုတေသနအဖွဲ့များအကြား ချိတ်ဆက်ပေးလျက် ရှိပါသည်။ အဆိုပါအခမ်းအနားကို အဖွဲ့ဝင်နိုင်ငံများ၊ GGGI နှင့် GCF အဖွဲ့အစည်းမှ တာဝန် ရှိသူများ ကိုရီးယားအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများ၊ ဆိုးလ်အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Myanmar Chargé d’Affaires a.i./ Ambassador Attends the “GGGI–GCF Joint Conference and Friends of GGGI” and Luncheon Reception
(21 May 2026, Seoul)
U Myo Myint Maung, Chargé d’Affaires a.i/ Ambassador of the Republic of the Union of Myanmar Embassy, participated in the “GGGI–GCF Joint Conference and Friends of GGGI” and luncheon reception held in Seoul on 21 May 2026. The event was jointly organized by the Global Green Growth Institute (GGGI) and the Green Climate Fund (GCF).
The conference opened with remarks by Ban Ki-moon, President and Chair of GGGI and former Secretary-General of the United Nations. In his remarks, he highlighted the importance of international cooperation in advancing sustainable and climate-resilient development. GGGI is an international organization that promotes environmentally sustainable and low-carbon economic growth and currently includes more than 50 member countries.
GGGI’s membership spans countries across Asia-Pacific, Africa, Latin America, and Europe, including the Republic of Korea, the Philippines, Cambodia, Thailand, Viet Nam, the United Kingdom, Denmark, and Australia. Myanmar is undergoing the accession process to become a member of the organization.
GCF was established under the United Nations Framework Convention on Climate Change (UNFCCC), serves as the world’s largest global climate financing mechanism supporting developing countries in responding to climate change.
Under the theme “Partnering for Ambitious Global Climate Action,” discussions focused on expanding green finance, enhancing international climate initiatives, and strengthening global partnerships. As host nation to both GGGI and GCF, the Republic of Korea continues to contribute to international climate cooperation by connecting governments, international organizations, green technology companies, financial institutions, public agencies, and research institutes.
The conference and luncheon were attended by representatives of GGGI and GCF, officials from member states, Korean government and private sector organizations, as well as ambassadors and diplomats from foreign embassies in Seoul.
