(၂၃-၄-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၃-၄-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်း၌ ကိုရီးယားသမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (Ministry of Science and ICT-MSIT) မှကြီးမှူးကျင်းပသော “World IT Show (WIS 2026)” ဖွင့်ပွဲသို့ သံရုံးဝန်ထမ်း များနှင့်အတူတက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (Ministry of Science and ICT-MSIT) မှ ဒုတိယဝန်ကြီး Mr. Ryu Je Myung မှ အဖွင့်အမှာစကား ပြောကြားရာ၌ ကိုရီးယားနိုင်ငံ၌ AI အသုံးပြုမှုများကို မြှင့်တင်ရန် National AI Computing Center ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ AI ကိုအသုံးပြု၍ Physical ၊ Industrial AI Transformation နှင့် Development of own AI Foundation စသော ကဏ္ဍများကို မြှင့်တင်သွား မည်ဖြစ်ပါကြောင်း၊ AI Platform တွင် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် သုတေသနဌာနများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုရီးယားအစိုးရမှ AI ကဏ္ဍတွင် ကိုရီးယားဝမ်ငွေ ၁၀ ထရီလီယံ သုံးစွဲရန် လျာထားကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အဆိုပါ World IT Show (WIS 2026) ပြပွဲမှာ ကိုရီးယားနိုင်ငံတွင်ကျင်းပသော ကမ္ဘာ့အဆင့်မီ IT ပြပွဲတစ်ခုဖြစ်ပြီး Samsung ကုမ္ပဏီမှ ခင်းကျင်းပြသသော Smart AI ၊ RGB Display TV နှင့် နောက်ဆုံး ထွက်ရှိ ထားသော Samsung Galaxy Ultra စသည်များလည်းကောင်း၊ KIA ကားကုမ္ပဏီမှ EV ကားများ ကိုလည်းကောင်း၊ KT ဖုန်းကုမ္ပဏီမှ AI ၊ Note နှင့် ဖုန်းများကိုလည်းကောင်း၊ LGU+ ကုမ္ပဏီမှ AI Platform တစ်ခုဖြစ်သည့် လိမ်လည် ခေါ်ဆိုသောဖုန်းများဝင်ရောက်ရာတွင် သတိပြုနိုင်ပြီး လူတစ်ဦး၏ စိတ်ခံစားမှုကို သတိပြု၍ ခန္ဓာကိုယ်တွင် ဖြစ်ပွားနေမှုကို ထောက်လှမ်းနိုင်သော Softwareများ နှင့် LG Smart ဖုန်းများ စသည်များလည်းကောင်း၊ LG Electronic ကုမ္ပဏီမှ လည်း Smart Home Electronic များဖြစ်သော အိမ်သုံးပစ္စည်းများကိုလည်းကောင်း စသည်တို့ အပါ အဝင် ခေတ်ပေါ် နည်းပညာများနှင့် ပစ္စည်းမျိုးစံကို ကုမ္ပဏီများက ခင်းကျင်းပြသထားကြောင်း သိရှိရပါသည်။