မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၁-၃-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်း၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် UN Women Knowledge and Partnerships Center ကကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားနှင့် ၎င်းနေ့ညနေပိုင်းတွင် ပြုလုပ်သည့် အာဆီယံကော်မတီ(ဆိုးလ်) (ASEAN Committee in Seoul- ACS)၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတို့သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
2026 International Women Day အခမ်းအနားကို “Rights, Justice, Action for All Women and Girls” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး မတူကွဲပြားသည့် အမျိုးသမီးများနှင့် မိန်းကလေး များအတွက် တရားမျှတမှုရရှိရေး ပိုမိုအားကောင်းလာစေရန်အတွက် ခိုင်မာသော လုပ်ဆောင်ချက် များနှင့် တာဝန်ခံမှုများမှတစ်ဆင့် တန်းတူညီမျှအခွင့်အရေး တိုးတက်ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။
အာဆီယံကော်မတီ(ဆိုးလ်) (ASEAN Committee in Seoul- ACS)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ACS ၏ လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် စင်ကာပူသံအမတ်ကြီး H.E. Wong Kai Jiun က ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Tanee Sangrat ထံသို့ အာဆီယံကော်မတီ (ဆိုးလ်) ဥက္ကဋ္ဌတာဝန်များကို လွှဲပြောင်း ပေးခဲ့ပါသည်။
ဆိုးလ်မြို့အခြေစိုက် ထိုင်းသံရုံးမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အာဆီယံကော်မတီ (ဆိုးလ်) အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများက နိုင်ငံအက္ခရာစဉ်အလိုက် (၆) လစီထမ်းဆောင်ရခြင်းဖြစ်ပြီး အခမ်းအနားအပြီးတွင် စင်ကာပူသံအမတ်ကြီးက ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
************
Myanmar Chargé d’Affaires a.i./ Ambassador attends the Commemoration of 2026 International Women Day and the ASEAN Committee in Seoul Chairmanship Handover Ceremony
(11 -3-2026, Seoul)
Chargé d’Affaires a.i./ Ambassador U Myo Myint Maung attended the Commemoration of 2026 International Women’s Day organized by the UN Women Knowledge and Partnership Center in Seoul, in the afternoon, and the handover ceremony of the ASEAN Committee, in the evening, on 11 March 2026, respectively.
The 2026 International Women’s Day was held under the theme “Rights, Justice, Action for All Women and Girls.” The event aimed to advance equal rights through concrete action and accountability, particularly through strengthening access to justice for women and girls in all their diversity.
At the handover ceremony of the ASEAN Committee in Seoul (ACS), H.E. Wong Kai Jiun, the Ambassador of Singapore, the current ACS Chair, handed over the chairmanship of the ASEAN Committee in Seoul to H.E. Tanee Sangrat, the Ambassador of Thailand.
It is learned that the Royal Thai Embassy will assume the rotating chairmanship of the ASEAN Committee in Seoul from 1 January to 30 June 2026. The chairmanship is rotated among ambassadors from ASEAN member countries in alphabetical order for a period of six months. After that, the Ambassador of Singapore hosted the dinner for the ASEAN Heads of Missions.
