(၁၁-၁၂-၂၀၂၅ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် (ဗုဒ္ဓဟူးနေ့) ညပိုင်းတွင် Lottee Hotel Seoul ၌ ကျင်းပ ပြုလုပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Kim Min-seok နှင့် ဆိုးလ်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများအား ပထမဆုံးအကြိမ် တွေ့ဆုံခြင်းအခမ်းအနား (Standing Reception) ကို တက်ရောက်ခဲ့ပါသည်။
၎င်းပြင် သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ယင်းနေ့နေ့လယ်ပိုင်းကလည်း ကိုရီးယား သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ပြုလုပ်သည့် အာဆီယံကော်မတီ(ဆိုးလ်)မှ အာဆီယံ သံအမတ်ကြီးများ/သံရုံးယာယီတာဝန်ခံများအား ဖိတ်ကြားသည့် အလုပ်သဘောနေ့လယ် စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါနေ့လယ်စာစားပွဲအခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Eui-hae CECILIA CHUNG က အာဆီယံ-ကိုရီးယား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့်ပတ်သက်၍ ကိုရီးယားသမ္မတနိုင်ငံဘက်မှ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အစီအမံများကို ရှင်းလင်း ပြောကြားခဲ့မှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပါဝင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
