ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခဲ့သော Re-entry လုပ်သား(၁၀)ဦးသည် ကိုရီးယားလေကြောင်းလိုင်း KE492 ခရီးစဉ်ဖြင့် ၄-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် (၁၂၆)ဦး၊ စိုက်ပျိုးရေး လုပ်သားသစ် (၄)ဦး စုစုပေါင်းလုပ်သားသစ် (၁၃၀)ဦးသည် မြန်မာအမျိုးသားလေကြောင်းလိုင်း UB8301 ခရီးစဉ်ဖြင့် ၅-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက သွားရောက်ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခြင်းအပြင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး၏ နှုတ်ဆက်စကားနှင့် ကြိုဆိုစကားတို့ကို ပြောကြားခဲ့ပါသည်။ မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ၏ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံတည်ဆဲဥပဒေများနှင့်အညီ ရသင့်ရထိုက်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
အဂတိလိုက်စားမှုများ တိုင်ကြားနိုင်ရန်
