ဆိုးလ်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၇

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ COEX ပြပွဲခန်းမ၌ ၂၀၂၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက်အထိ ကျင်းပသွားမည့် Coffee Expo Seoul 2027 တွင် မြန်မာနိုင်ငံကို တရားဝင် ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံ (Official Guest Country of Honor) အဖြစ် ရွေးချယ်ကြောင်း ပြပွဲကျင်းပရေးအဖွဲ့က ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ တရားဝင် အကြောင်းကြားလာခဲ့ပါသည်။
Coffee Expo Seoul 2027 Secretariat ၏အကြောင်းကြားစာတွင် မြန်မာနိုင်ငံ၏ အဆိုပြုလွှာသည် မြန်မာ့ကော်ဖီယဉ်ကျေးမှုကို မြှင့်တင်ဖော်ထုတ်ရန်နှင့် ကိုရီးယားနိုင်ငံတွင် စီးပွားရေးမိတ်ဖက်ဆက်ဆံမှုအသစ်များ တည်ဆောက်ရန် ခိုင်မာသော ရည်မှန်းချက်နှင့် ကြိုးပမ်း အားထုတ်မှုများ ပါဝင်သည့်အတွက် ထူးခြားထင်ရှားခဲ့ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအား ယခု ကဲ့သို့ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ရွေးချယ်နိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း နှင့် လာမည့် ၂၀၂၇ ခုနှစ်၊ ဧပြီလတွင် ကျင်းပမည့် ပြပွဲ၌ မြန်မာနိုင်ငံကို ကြိုဆိုလက်ခံရမည်ဖြစ် သည့်အတွက် ဝမ်းမြောက်မိကြောင်း စသည်ဖြင့် ဖော်ပြထားပါသည်။
မှတ်တမ်းများအရ Coffee Expo Seoul ပြပွဲများတွင် မြန်မာနိုင်ငံသည် ဂုဏ်ထူးဆောင် ဧည့်သည်နိုင်ငံအဖြစ် ပထမဆုံး ရွေးချယ်ခံရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စိတ်ပါဝင်စားမှုနှင့် ဆိုးလ် အခြေစိုက်မြန်မာသံရုံး၏ အပြည့်အဝပူးပေါင်းပါဝင်မှုတို့ကို ပြသနိုင်ခဲ့ကြောင်းသိရသည်။
Coffee Expo Seoul သည် ကော်ဖီလုပ်ငန်းနှင့် သက်ဆိုင်သည့် ထုတ်လုပ်သူများ၊ တင်သွင်းသူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တွေ့ဆုံ ချိတ်ဆက်နိုင်သည့် နိုင်ငံတကာ ကုန်သွယ်မှုပြပွဲတစ်ခုဖြစ်သည်။ ယင်းပြပွဲနှင့်အတူ Korea International Bakery Fair (KIBA) 2027 ကိုလည်း ၂၀၂၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက် အထိ ဆိုးလ်မြို့ရှိ COEX ပြပွဲခန်းမ၌ တစ်ပြိုင်နက် ကျင်းပသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ တရားဝင်ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ရွေးချယ် ခံရခြင်းသည် မြန်မာ့ကော်ဖီ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုအလားအလာများကို ကိုရီးယား ဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုမိတ်ဆက်ဖော်ထုတ်နိုင်မည့် အခွင့်အလမ်း ရရှိခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့သည် မြန်မာ့ကော်ဖီအပါအဝင် မြန်မာ့ပို့ကုန်များ ကိုရီးယား ဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး အတွက်ကိုရီးယားနိုင်ငံရှိစီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ညှိနှိုင်းပေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

Myanmar Selected as Official Guest Country of Honor at Coffee Expo Seoul 2027

Seoul, 17 November 2026

The Secretariat of Coffee Expo Seoul 2027 officially informed the Embassy of the Republic of the Union of Myanmar in Seoul on 17 November 2026 that Myanmar has been selected as the Official Guest Country of Honor at Coffee Expo Seoul 2027, which will be held from 28 April to 1 May 2027 at COEX Convention and Exhibition Center in Seoul, Republic of Korea.
In its official notification, the Secretariat stated that Myanmar’s proposal stood out for its strong objectives and efforts to promote Myanmar’s coffee culture and establish new business partnerships in the Korean market. The Secretariat also expressed its pleasure and pride in selecting Myanmar as the Guest Country of Honor and looked forward to welcoming Myanmar to the exhibition in April 2027.
According to available records, this will be the first time Myanmar has been selected as the Guest Country of Honor at Coffee Expo Seoul. The selection reflects Myanmar’s strong interest in the exhibition and the active cooperation and support of the Myanmar Embassy in Seoul in facilitating the country’s participation.
Coffee Expo Seoul is an international trade exhibition that brings together coffee producers, importers, distributors and industry professionals, providing opportunities for business networking and trade partnerships. The Korea International Bakery Fair (KIBA) 2027 will also be held concurrently at COEX Convention and Exhibition Center from 28 April to 1 May 2027.
Myanmar’s selection as the Official Guest Country of Honor provides an important opportunity to further promote the quality and production potential of Myanmar coffee.