(၂၃-၁၀-၂၀၂၆ ရက်၊ ဆိုးလ်)

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း (UNA-ROK) တို့ ပူးတွဲကျင်းပသည့် (၈၁) နှစ်မြောက်ကုလသမဂ္ဂနေ့ (81st United Nations Day) အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့ ဆိုးလ်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းဥက္ကဋ္ဌ Mr. Lee Joong-keun က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Cho Hyun က အထိမ်းအမှတ်စကားပြောကြားခဲ့ပါသည်။၎င်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် H.E. Antonio Guterres နှင့် (၈) ဦးမြောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် H.E. Ban Ki-moon တို့က Video Messages ဖြင့် ဂုဏ်ပြုစကားများ ပြောကြားခဲ့ ပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ တူကီယဲ (Turkiye) သံအမတ်ကြီး H.E. Fatih Yildiz နှင့် ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂကျောင်းသားများအသင်းဥက္ကဋ္ဌ Ms.Koo Na-yoon တို့ကလည်း ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ၎င်းနောက် တက်ရောက်လာကြ သည့် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ကုလသမဂ္ဂနေ့ကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းစတင်အသက်ဝင်ခဲ့သည့် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ကို အစွဲပြု၍ နှစ်စဉ်ကျင်းပလေ့ရှိပါသည်။ ယခုနှစ်သည် ကုလသမဂ္ဂ တည်ထောင်ခြင်း (၈၁) နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းရေး၊ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုဖော်ဆောင်ရေးတို့အတွက် ကုလသမဂ္ဂ၏ ရည်မှန်းချက်များနှင့် အခန်းကဏ္ဍကို ပြန်လည် အလေးထားသည့်အထိမ်းအမှတ်အခမ်းအနားဖြစ်ကြောင်း သိရှိရပါသည်။

Myanmar Chargé d’Affaires a.i./Ambassador attends the 81st United Nations Day Commemorative Ceremony

(Seoul, 23 October 2026)

Myanmar Chargé d’Affaires a.i./Ambassador to the Republic of Korea,U Myo Myint Maung, attended the 81st United Nations Day commemorative ceremony, held at the Ministry of Foreign Affairs of the Republic of Korea on 23 October 2026. The event was jointly organized by the Ministry of Foreign Affairs of the Republic of Korea and the United Nations Association of the Republic of Korea (UNA-ROK).

The ceremony was attended by ambassadors and diplomats representing foreign diplomatic missions in Seoul, as well as representatives of United Nations agencies and international organizations. During the event, Mr. Lee Joong-keun, President of the United Nations Association of the Republic of Korea, delivered the opening remarks, followed by a commemorative address from H.E. Mr. Cho Hyun, Minister of Foreign Affairs of the Republic of Korea. Subsequently, congratulatory video messages from the United Nations Secretary-General, H.E. António Guterres, and H.E. Ban Ki-moon, the 8th Secretary-General of the United Nations were screened. H.E. Fatih Yildiz, Ambassador of Türkiye to the Republic of Korea, and Ms. Koo Na-yoon, President of the 75th United Nations Students Association of the Republic of Korea (UNSA), delivered congratulatory remarks respectively. The ceremony was concluded with a commemorative group photo featuring ambassadors, heads of diplomatic missions, diplomats, and representatives of international organizations.

United Nations Day is observed annually to commemorate the entry into force of the UN Charter on 24 October 1945, marking the formal establishment of the Organization. This year marks the 81st anniversary of the founding of the United Nations, providing an opportunity to reaffirm the enduring relevance of the United Nations and its indispensable role in maintaining international peace and security, fostering international cooperation among nations, and promoting sustainable development.
Myanmar Embassy, Seoul limited who can comment on this post.