အောက်တိုဘာ ၈ ရက်၊ ဆိုးလ်
မြန်မာသံရုံး၊ ဆိုးလ်မြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ကိုရီးယား သမ္မတနိုင်ငံ၊ ဂျောင်ဂီဒိုပြည်နယ် (Gyeonggi-do)၊ ဖြောင်းတက်မြို့(Pyeongtaek) ရှိ KD Navien စက်ရုံ ၏ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် အဆိုပါစက်ရုံသို့ သွားရောက် လေ့လာခဲ့ပါသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ စီးပွားရေးသံမှူးနှင့် အဖွဲ့ကို KD Navien စက်ရုံမှ တာဝန်ရှိသူများနှင့် မြန်မာ-ကိုရီးယား စီးပွားရေးရာလုံခြုံမှုသုတေသန အသင်း (Korea-Myanmar Association for Economic & Security Studies – KMAESS) မှ ဥက္ကဋ္ဌ Dr. Choi Shin Il နှင့်အဖွဲ့တို့က ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် KD Navien ၏ တာဝန်ရှိသူများက စက်ရုံ၏ သမိုင်းကြောင်း၊ အဓိက ထုတ်လုပ်သည့် ထုတ်ကုန်များနှင့် အပူပေးခြင်း၊ လေဝင်လေထွက်နှင့် လေအေးပေးစနစ် (Heating, Ventilation and Air Conditioning – HVAC) တို့နှင့် စပ်လျဉ်းသည့် နည်းပညာများကို ရှင်းလင်း တင်ပြခဲ့ကြပါသည်။ အထူးသဖြင့် သဘာဝဓာတ်ငွေ့ကို စွမ်းအင်အဖြစ် အသုံးပြု၍ လျှပ်စစ်စွမ်းအင် သုံးစွဲမှုကို ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည့် စနစ်များနှင့် ယင်းစနစ်များကို နမူနာပုံစံ တပ်ဆင် အသုံးပြု ထားသည့် အိမ်ခန်းငယ်များကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးမှုတွင် KD Navien ဘက်မှ အဆိုပါ နည်းပညာနှင့် ထုတ်ကုန်များကို မြန်မာနိုင်ငံတွင် မိတ်ဆက်အသုံးပြုနိုင်ရေးအပေါ် စိတ်ဝင်စားမှုရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ သဘာဝ အရင်း အမြစ်များအပေါ်အခြေခံ၍ အပြန်အလှန် ပူးပေါင်းဆောင် ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်ကလည်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို KD Navien ၏ တာဝန်ရှိသူများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
ယခုလေ့လာရေးခရီးစဉ်မှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံ၏ အဆင့်မြင့်စွမ်းအင်နှင့် အပူပေး၊ လေအေးပေးနည်းပညာများကို လေ့လာနိုင်ခြင်း၊ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေနိုင်ခြင်း တို့ကို အထောက် အကူပြုနိုင်မည်ဖြစ်ပါသည်။
Myanmar Embassy in Seoul Visits KD Navien Plant Featuring Energy-Saving Technology
8 October 2026, Seoul
U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea, visited the KD Navien plant in Pyeongtaek, Gyeonggi-do, Republic of Korea, on 8 October 2026, at the invitation of KD Navien.
The Chargé d’Affaires a.i./ Ambassador, together with the Economic Counsellor and officials from the Embassy, was welcomed by officials from KD Navien and a delegation from the Korea-Myanmar Association for Economic & Security Studies (KMAESS) led by its Chairman, Dr. Choi Shin Il.
During the visit, KD Navien officials briefed the Myanmar delegation on the history of the Plant, its major products, and technologies related to Heating, Ventilation and Air Conditioning (HVAC) systems. In particular, they explained systems that utilize natural gas as an energy source and can reduce electricity consumption by approximately 40 to 60 percent. The delegation also toured small residential units equipped with model installations of these systems and received practical explanations on their installation and operation.
During the discussions, KD Navien expressed its interest in introducing its technologies and products to Myanmar and exchanged views on potential opportunities for mutually beneficial cooperation based on Myanmar’s natural resources.
The Chargé d’Affaires a.i./ Ambassador U Myo Myint Maung exchanged views with KD Navien officials on potential areas of cooperation with a view to further promoting economic and investment cooperation between Myanmar and the Republic of Korea.
The visit provided an opportunity to learn about advanced energy-efficient heating and cooling technologies in the Republic of Korea and to explore potential opportunities for enhancing economic and technological cooperation between Myanmar and the Republic of Korea.
