၂၀၂၆ ခုနှစ် ကိုရီးယားသမ္မတနိုင်ငံ၏ စိုက်ပျိုးရေးပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
(၁၀-၉-၂၀၂၆၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ဆိုးလ်မြို့၊ Yanjae aT Center ၌ ၁၀-၉-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပသော ၂၀၂၆ ခုနှစ်၊ ကိုရီးယားသမ္မတနိုင်ငံ၏ စိုက်ပျိုးရေးပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ကိုရီးယားသမ္မတနိုင်ငံ၏ စိုက်ပျိုးရေးပြပွဲကို ကိုရီးယားသမ္မတနိုင်ငံ၊ စိုက်ပျိုးရေး၊ အစားအစာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ကိုရီးယားသမ္မတနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့် အစားအစာဆိုင်ရာ ပညာရေး၊ ယဉ်ကျေးမှုနှင့် သတင်း အချက်အလက် ဝန်ဆောင်မှုဌာနနှင့် ပူးပေါင်း၍ ၁၀-၉-၂၀၂၆ ရက်နေ့မှ ၁၃-၉-၂၀၂၆ ရက်နေ့အထိ (၄) ရက်တာ ကျင်းပခြင်းဖြစ်ပါသည်။ ပြပွဲကို “စိုက်ပျိုးရေး၏ တန်ဖိုးသည် လူတိုင်း၏ မနက်ဖြန် အတွက် ဆက်လက်တည်တံ့စေသည်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ကိုရီးယား သမ္မတနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသများတွင် ဖြစ်ပေါ်နေသော ပြောင်းလဲတိုးတက်မှု များကို ပြည်သူများနှင့်အတူ မျှဝေခံစားနိုင်ရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။
ပြခန်းများ ခင်းကျင်းပြသမှုများတွင်လည်း စိုက်ပျိုးရေးနှင့်လူနေမှုဘဝ၊ စိုက်ပျိုးရေး၏ ဆန်းသစ်တီထွင်မှု၊ ထူးခြားကွဲပြားသော စိုက်ပျိုးရေးနှင့် တက်ကြွဖွံ့ဖြိုးသော ကျေးလက်ဒေသ စသော ကဏ္ဍများအောက်တွင် အမျိုးအစားစုံလင်စွာ ပြသထားကြောင်း သိရှိရပါသည်။
Myanmar Chargé d’Affaires a.i./ Ambassador Attends the Opening Ceremony of 2026 Republic of Korea Agricultural Expo
(10 September 2026, Seoul)
U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea, attended the opening ceremony of the 2026 Republic of Korea Agricultural Expo, on the morning of 10 September 2026, at the Yangjae aT Center, Seoul.
The 2026 Republic of Korea Agricultural Expo held over a four-day, from 10 to 13 September 2026. The event is organized by the Ministry of Agriculture, Food and Rural Affairs in collaboration with the Korea Agency of Education, Promotion and Information in Service of Agriculture, Forestry and Fisheries (EPIS). The Expo is being held under the theme “The Value of Agriculture, Connecting to Everyone’s Tomorrow,” with the aim of sharing the developments and progress taking place in the agricultural and rural sectors of the Republic of Korea with the public.
The Expo features interactive exhibits across four themes: Agriculture and Life, Innovation in Agriculture, Colorful Agriculture, and Vibrant Rural Area.
