(၁၁-၉-၂၀၂၆၊ ဆိုးလ်)
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ဆိုးလ်မြို့အခြေစိုက် ဘရာဇီးလ်သံရုံးတွင် ကျင်းပခဲ့သည့် ဘရာဇီးလ်နိုင်ငံ၏ (၂၀၄) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် မှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဆိုးလ်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသူများလည်း ပါဝင်တက်ရောက်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီး H.E. Fernando Meirelles de Azevedo Pimentel မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဘရာဇီးလ်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ကြား သမိုင်းဝင်ချစ်ကြည်ရင်းနှီးသော ဆက်ဆံ ရေးများရှိခဲ့ကာ ကိုရီးယားသမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို လက်တင်အမေရိကဒေသများ အနက် ပထမဆုံးသော ထူထောင်ခဲ့သည့်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။
Myanmar Chargé d’Affaires a.i./Ambassador Attends Brazil’s 204th Independence Day Ceremony in Seoul
(11 -9- 2026, Seoul)
The Chargé d’Affaires a.i/Ambassador of the Republic of the Union of Myanmar to the Republic of Korea, U Myo Myint Maung, attended the ceremony commemorating the 204th Independence Day of the Federative Republic of Brazil, held at the Embassy of Brazil in Seoul on 8 September 2026.
The ceremony was attended by ambassadors and diplomats from foreign missions in Seoul, as well as representatives of various organizations and other distinguished guests. On the occasion, H.E. Mr. Fernando Meirelles de Azevedo Pimentel, Ambassador of Brazil to the Republic of Korea, delivered the opening remarks.
Brazil and the Republic of Korea have maintained longstanding and cordial bilateral relations, and Brazil is the first country in Latin American to establish diplomatic relations with the Republic of Korea.
