(၃-၉-၂၀၂၆ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် နီပေါနိုင်ငံ၊ ရာဆူဝါခရိုင်နှင့် အနီးဝန်းကျင်တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၌ ဖြစ်ပွားခဲ့ သည့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် နီပေါနိုင်ငံသားများနှင့် နိုင်ငံခြားသားများ၏ အသက်ပေါင်းများစွာသေဆုံးခဲ့ခြင်း၊ ပျောက်ဆုံးခဲ့ခြင်း၊ ပစ္စည်းဥစ္စာများ ပျက်စီးခဲ့ရခြင်းနှင့် နိုင်ငံတစ်ဝှမ်း လမ်း၊ တံတား နှင့် အခြားသော အခြေခံအဆောက်အဦများစွာ ထိခိုက်ပျက်စီးဆုံးရှုူံးမှု များ ဖြစ်ပေါ်ခဲ့ရခြင်းများအတွက် ဆိုးလ်မြို့အခြေစိုက် နီပေါသံရုံးတွင် ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့၊ မွန်းလွဲ (၁၃:၃၀) နာရီတွင် သွားရောက် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ရင်းနှီးစွာဆက်ဆံမှု၊ ကူညီပံ့ပိုးပေးမှု တို့ကို ဖော်ပြလျက် အသက်ဆုံးရှုံးသွားရမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများအတွက် ထပ်တူဝမ်းနည်း ကြောင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်တိုအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ပါစေ ကြောင်း ပြောကြားခဲ့ပါသည်။

Myanmar Chargé d’Affaires a.i./Ambassador to the Republic of Korea signs the Condolence Book

(3-9-2026, Seoul)

The Chargé d’Affaires a.i./Ambassador of the Republic of the Union of Myanmar to the Republic of Korea signed the Condolence Book opened at the Nepal Embassy in Seoul at 13:30 hours on 2 September 2026, conveying deepest condolences and profound sympathy to the Government and people of Nepal over the tragic loss of lives, missing persons, destruction of property, and extensive damage to roads, bridges, and other essential infrastructure across the country. Myanmar Chargé d’Affaires a.i./Ambassador expressed his heartfelt condolences to the loss of lives and injuries, and expressed his sincere wishes for the successful and expeditious completion of rehabilitation and reconstruction efforts.