(၂၇-၇-၂၀၂၆ ရက်၊ ဆိုးလ်)
မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၇-၇-၂၀၂၆ ရက်နေ့၊ နေ့လည်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Kaymany ORABOUNE ကို မြန်မာသံရုံး၊ ဆိုးလ်မြို့တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက လာအိုသံအမတ်ကြီး သည် ကိုရီးယားသမ္မတနိုင်ငံသမ္မတထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပြီးစီးခဲ့မှုကို ဝမ်းမြောက် ပီတိဖြစ်ရပါကြောင်း၊ လာအိုနိုင်ငံသမ္မတ၏ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံတော်သမ္မတ၏ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုသည် မြန်မာနိုင်ငံအစိုးရသစ်၏ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပထမဆုံးသွားရောက်ခဲ့သည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့မှုအပေါ်တွင်လည်းကောင်း၊ အိမ်နီးချင်းနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ခဲ့မှုအပေါ်တွင်လည်းကောင်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့ပြင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့် လာအိုသံအမတ်ကြီးတို့သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
Myanmar Chargé d’Affaires a.i./ Ambassador Meets the Lao Ambassador to the Republic of Korea
(27-7-2026, Seoul)
On 27 July 2026, the Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea, U Myo Myint Maung, received H.E. Kaymany ORABOUNE, Ambassador of the Lao People’s Democratic Republic to the Republic of Korea, at the Embassy.
During the meeting, the Chargé d’Affaires a.i./ Ambassador expressed his heartfelt congratulations to the Ambassador of Laos on presenting her credentials to the President of the Republic of Korea. He also conveyed that the State Visit of the President of Myanmar to Laos, at the invitation of the President of Laos, marked the first visit to an ASEAN Member State by a head of state of the new Myanmar Government.
Furthermore, he noted that during the State Visit, the two neighboring countries had taken steps to enhance their cooperation.
Furthermore, the Myanmar Chargé d’Affaires a.i./ Ambassador exchanged views with the Lao Ambassador on ways to strengthen the longstanding friendly relations between Myanmar and Laos and to advance their continued cooperation.
