(၃၀-၇-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုုးမြင့်မောင်သည် The Bereaved Families of Korean Air Flight (KAL858) မိသားစုဝင်များကို ၃၀-၇-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်း တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံမှုတွင် ပင်လယ်ပြင်ရှာဖွေရေးကျွမ်းကျင်သူ Mr. Myung Cheol-soo နှင့် KAL858 မိသားစုများက လေယာဉ်ပျက်ကျမှုရှာဖွေရေးလုပ်ငန်းစဉ်များကို ဆောလျင်စွာ စတင် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့် မြန်မာသံရုံးမှ ကူညီဆောင်ရွက်ပေးမှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များတွင် မြန်မာသံရုံးမှ ကူညီဆောင်ရွက် ပေးစေလိုသည့် အချက်အလက်များကို ဆွေးနွေးခဲ့ပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့သည့် ရှာဖွေရေး လုပ်ငန်းများ နှင့်ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်များကို ကူညီပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကိုရီးယားလေကြောင်းလိုင်း KAL 858 သည် ခရီးသည်နှင့် လေယာဉ်ဝန်ထမ်းများ စုစုပေါင်း (၁၁၅) ဦး လိုက်ပါလျက် အဘူဒါဘီမြို့လေဆိပ်မှ ဗန်ကောက်လေဆိပ်သို့ ပျံသန်းရာ မြန်မာ့ ပင်လယ်ပြင် နယ်နိမိတ်အတွင်း ပျက်ကျခဲ့မှုနှင့်စပ်လျဉ်း၍ လေယာဉ်၏ အကြွင်းအကျန် အစိတ်အပိုင်းများကို ပြန်လည်ရှာဖွေနိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရပါသည်။