(၃၀-၇-၂၀၂၆ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မော်ရိုကိုသံအမတ်ကြီး H.E. Dr. Chafik Rachadi ၏ ဖိတ်ကြားချက်အရ ဆိုးလ်မြို့၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ ညပိုင်းက ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့ရှိ Ambassador Seoul-Pullman Hotel ၌ကျင်းပသော မော်ရိုကိုနိုင်ငံ၏ ဘုရင် His Majesty King Mohammed VI နန်းတက်သည့် (၂၇)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မော်ရိုကို နိုင်ငံ၏ အမျိုးသားနေ့အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုုးမြင့်မောင် တက်ရောက်ခဲ့ပါသည်။
မော်ရိုကိုနိုင်ငံ၏ နန်းတက်ပွဲတော်နှင့် အမျိုးသားနေ့ကို နှစ်စဉ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပလေ့ရှိပြီး မော်ရိုကိုနိုင်ငံ၏ ဘုရင် His Majesty King Mohammed VI သည် ၃၀-၇-၁၉၉၉ ရက်နေ့တွင် နန်းတက်ခဲ့ရာ ယခုနှစ်တွင် (၂၇)နှစ်ပြည့်မြောက်ကြောင်းလည်း သိရှိရပါသည်။
အဆိုပါအခမ်းအနားသို့ ဆိုးလ်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။
