မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်းတိုး အသစ်လျှောက်ထားခြင်း
၁။ ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူး လက်မှတ်များ သက်တမ်းတိုးခြင်းအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ သက်တမ်းတိုးလျှောက်လွှာပုံစံ များကို ရုံးဖွင့်ရက် နံနက် (ဝ၉:၃ဝ) နာရီမှ နေ့လယ် (၁၂:၃ဝ) နာရီအထိလက်ခံပြီး မြန်မာနိုင်ငံကူး လက်မှတ်အသစ်များအား (၁၄း၀ဝ) နာရီမှ (၁၆:၀ဝ) နာရီအတွင်း ပြန်လည်ထုတ်ပေးပါသည်။ မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးခြင်းအတွက် သက်တမ်းတိုး၍ (၅)နှစ်သက်တမ်းရှိ သည့် နိုင်ငံကူးလက်မှတ် အသစ်များပြန်လည်ထုတ်ပေးပါသည်။
၂။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် သက်တမ်းမကုန်ဆုံးမီ (၆)လအလို၌ ကြိုတင် လျှောက်ထားနိုင်ပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်းတိုးပြီးပါက စတင်ထုတ်ပေးသည့်ရက်မှ (၁၄)ရက်အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံး (Immigration Office) သို့ ဆက်သွယ်အကြောင်းကြားရမည်ဖြစ်ပြီး၊ ပျက်ကွက်ပါက ကိုရီးယားသမ္မတနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ပါ သည်။
၃။ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားရန် လမ်းညွှန် ချက်နှင့် လိုအပ်သည့်စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သူများ (E-9, E-7 ဗီဇာကိုင်ဆောင်သူများ)
- လျှောက်လွှာ (သံရုံးသို့လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link တွင် လည်းကောင်းရယူနိုင်ပါသည်။ ပူးတွဲပါပုံစံတွင် ဘယ်လက်မ၊ ညာလက်မလက်ဗွေ ပုံစံများကို ပီသထင်ရှားစွာရိုက်နှိပ်ရမည်ဖြစ်ပြီး လက်မှတ်အားထင်ရှားစွာရေးထိုးရမည်။)
- နိုင်ငံကူးလက်မှတ် မူရင်း/မိတ္တူ
- ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသော နောက်ခံအဖြူ၊ နားရွက်ပေါ်၍ မျက်နှာ ပေါ်တွင် ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊ အရွယ်အစား (35 mm x 45 mm)
- အိမ်ထောင်စုစာရင်း မိတ္တူ
- နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ
- ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
- ဗီဇာပြောင်းလဲပုံ အဆင့်ဆင့်မှတ်တမ်း (세부 체류자격 코드 확인서)
(လဝကမှ ထုတ်ယူလာရမည်) - အလုပ်စာချုပ်မိတ္တူ
- OWIC Card မူရင်း/မိတ္တူ
- ဝင်ငွေခွန်ပေးသွင်းထားမှုမှတ်တမ်း
- မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ (ကိုရီးယားဝမ် ၅၅,၀၀၀)
- မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင်ကုန်ဆုံးရက်စွဲ(၂)နှစ်ကျော်လွန်ပါကဒဏ်ကြေးအမေရိကန်ဒေါ်လာ (US$ 75) ပေးဆောင်ရမည်ဖြစ်ပါသည်။ (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်ယူဆောင်လာရမည်။)
- ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင်ရယူရန်
(ခ) ကိုရီးယားသမ္မတနိုင်ငံ၌ ကျောင်းတက်ရောက်နေသူများ၊ အလုပ်အကိုင်ရှာဖွေနေသူများ (D- 2, D-4, D-10) ကိုင်ဆောင်ထားသူများ
- လျှောက်လွှာ (သံရုံးသို့လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link တွင် လည်းကောင်းရယူနိုင်ပါသည်။ ပူးတွဲပါပုံစံတွင် ဘယ်လက်မ၊ ညာလက်မလက်ဗွေ ပုံစံများကို ပီသထင်ရှားစွာရိုက်နှိပ်ရမည်ဖြစ်ပြီး လက်မှတ်အားထင်ရှားစွာရေးထိုးရမည်။)
- နိုင်ငံကူးလက်မှတ် မူရင်း/မိတ္တူ
- ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသော နောက်ခံအဖြူ၊ နားရွက်ပေါ်၍ မျက်နှာ ပေါ်တွင် ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊ အရွယ်အစား (35 mm x 45 mm)
- အိမ်ထောင်စုစာရင်း မိတ္တူ
- နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ
- ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
- ဗီဇာပြောင်းလဲပုံ အဆင့်ဆင့်မှတ်တမ်း (세부 체류자격 코드 확인서)
(လဝကမှ ထုတ်ယူလာရမည်) - ကျောင်းတက်နေကြောင်း အထောက်အထား (အင်္ဂလိပ်)
- D10 ဖြစ်ပါက အလုပ်ရှာထားကြောင်းအထောက်အထား (အင်္ဂလိပ်)
- မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ (ကိုရီးယားဝမ် ၅၅,၀၀၀)
- မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင်ကုန်ဆုံးရက်စွဲ(၂)နှစ်ကျော်လွန်ပါကဒဏ်ကြေးအမေရိကန်ဒေါ်လာ (US$ 75) ပေးဆောင်ရမည်ဖြစ်ပါသည်။ (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်ယူဆောင်လာရမည်။)
- ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင်ရယူရန်
(ဂ) ကိုရီးယားနိုင်ငံသားအားမှီခိုနေထိုင်သူ (F-6 ဗီဇာ) ကိုင်ဆောင်သူများ
- လျှောက်လွှာ (သံရုံးသို့လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link တွင် လည်းကောင်းရယူနိုင်ပါသည်။ ပူးတွဲပါပုံစံတွင် ဘယ်လက်မ၊ ညာလက်မလက်ဗွေ ပုံစံများကို ပီသထင်ရှားစွာရိုက်နှိပ်ရမည်ဖြစ်ပြီး လက်မှတ်အားထင်ရှားစွာရေးထိုးရမည်။)
- နိုင်ငံကူးလက်မှတ် မူရင်း/မိတ္တူ
- ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသော နောက်ခံအဖြူ၊ နားရွက်ပေါ်၍ မျက်နှာ ပေါ်တွင် ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊ အရွယ်အစား (35 mm x 45 mm)
- အိမ်ထောင်စုစာရင်း မိတ္တူ
- နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ
- ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
- ဗီဇာပြောင်းလဲပုံ အဆင့်ဆင့်မှတ်တမ်း (세부 체류자격 코드 확인서)
(လဝကမှ ထုတ်ယူလာရမည်) - ဇနီး/ခင်ပွန်း၏ ID ကတ်မိတ္တူ
- လက်ထပ်စာချုပ် မိတ္တူ
- အိမ်ထောင်စု မိတ္တူ (Korea)
- အပြန်လေယာဉ်စရိတ်ပေးသွင်းထားသည့် အထောက်အထား
- မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ (ကိုရီးယားဝမ် ၅၅,၀၀၀)
- မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင်ကုန်ဆုံးရက်စွဲ(၂)နှစ်ကျော်လွန်ပါကဒဏ်ကြေးအမေရိကန်ဒေါ်လာ (US$ 75) ပေးဆောင်ရမည်ဖြစ်ပါသည်။ (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်ယူဆောင်လာရမည်။)
- ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင်ရယူရန်
(ဃ) ကာလရှည်နေထိုင်ခွင့်ဗီဇာ (F-2, F-5, F-2-R ဗီဇာ) ကိုင်ဆောင်ထားသူများ
- လျှောက်လွှာ (သံရုံးသို့လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link တွင် လည်းကောင်းရယူနိုင်ပါသည်။ ပူးတွဲပါပုံစံတွင် ဘယ်လက်မ၊ ညာလက်မလက်ဗွေ ပုံစံများကို ပီသထင်ရှားစွာရိုက်နှိပ်ရမည်ဖြစ်ပြီး လက်မှတ်အားထင်ရှားစွာရေးထိုးရမည်။)
- နိုင်ငံကူးလက်မှတ် မူရင်း/မိတ္တူ
- ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသော နောက်ခံအဖြူ၊ နားရွက်ပေါ်၍ မျက်နှာ ပေါ်တွင် ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊ အရွယ်အစား (35 mm x 45 mm)
- အိမ်ထောင်စုစာရင်း မိတ္တူ
- နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ
- ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
- ဗီဇာပြောင်းလဲပုံ အဆင့်ဆင့်မှတ်တမ်း (세부 체류자격 코드 확인서)
(လဝကမှ ထုတ်ယူလာရမည်) - အလုပ်စာချုပ်မိတ္တူ / မှီခိုခံရသော နိုင်ငံခြားသား၏ မိသားစုဝင်ဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာ (လက်ထပ် စာချုပ်၊ အိမ်ထောင်စုစာရင်း)
- မိမိမှီခိုထားသူသည် မိမိ၏ အိမ်ထောင်သည် နိုင်ငံခြားသားဖြစ်ပါက အပြန်လေယာဉ် စရိတ်ပေးသွင်းထားသည့် အထောက်အထား
- မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ (ကိုရီးယားဝမ် ၅၅,၀၀၀)
- မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင်ကုန်ဆုံးရက်စွဲ(၂)နှစ်ကျော်လွန်ပါကဒဏ်ကြေးအမေရိကန်ဒေါ်လာ (US$ 75) ပေးဆောင်ရမည်ဖြစ်ပါသည်။ (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်ယူဆောင်လာရမည်။)
- ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင်ရယူရန်
(င) ကာလရှည်နေထိုင်ခွင့်ဗီဇာ (F-1, F-3 ဗီဇာ) ကိုင်ဆောင်ထားသူများ
- လျှောက်လွှာ (သံရုံးသို့လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link တွင် လည်းကောင်းရယူနိုင်ပါသည်။ ပူးတွဲပါပုံစံတွင် ဘယ်လက်မ၊ ညာလက်မလက်ဗွေ ပုံစံများကို ပီသထင်ရှားစွာရိုက်နှိပ်ရမည်ဖြစ်ပြီး လက်မှတ်အားထင်ရှားစွာရေးထိုးရမည်။)
- နိုင်ငံကူးလက်မှတ် မူရင်း/မိတ္တူ
- ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသော နောက်ခံအဖြူ၊ နားရွက်ပေါ်၍ မျက်နှာ ပေါ်တွင် ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊ အရွယ်အစား (35 mm x 45 mm)
- အိမ်ထောင်စုစာရင်း မိတ္တူ
- နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ
- ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ID ကတ် မူရင်း/မိတ္တူ
- ဗီဇာပြောင်းလဲပုံ အဆင့်ဆင့်မှတ်တမ်း (세부 체류자격 코드 확인서)
(လဝကမှ ထုတ်ယူလာရမည်) - မိမိ မှီခိုနေထိုင်သည့် အိမ်ထောင်သည်၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ ID ကတ် မိတ္တူ၊ နိုင်ငံကူးလက်မှတ် မိတ္တူ
- လက်ထပ်စာချုပ်
- မှီခိုသူ အိမ်ထောင်သည်၏ ဝင်ငွေခွန်ပေးဆောင်ထားသည့်အထာက်အထား
- မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ (ကိုရီးယားဝမ် ၅၅,၀၀၀)
- မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင်ကုန်ဆုံးရက်စွဲ(၂)နှစ်ကျော်လွန်ပါကဒဏ်ကြေးအမေရိကန်ဒေါ်လာ (US$ 75) ပေးဆောင်ရမည်ဖြစ်ပါသည်။ (အမေရိကန်ဒေါ်လာအား ကြိုတင်လဲလှယ်ယူဆောင်လာရမည်။)
- ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင်ရယူရန်
- Myanmar Embassy, Seoul
- General
- Travel Information
- Business Information
- Union Election Commission
- Government Websites
- Embassy Websites
အဂတိလိုက်စားမှုများ တိုင်ကြားနိုင်ရန်