(၁၁-၉-၂၀၂၆၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိူးမြင့်မောင်သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ASEAN-Korea Center (AKC) မှ ကြီးမှူးကျင်းပသည့် “The 11th ASEAN Entrepreneurs Award” နှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို ASEAN-Korea Center (AKC) မှ တာဝန်ရှိသူများ၊ ကိုရီးယားအစိုးရနှင့် ဆိုးလ်အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ASEAN-Korea Center (AKC) ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Kim Jae-Shin မှ အဖွင့်အမှာစကားပြောကြားရာတွင် “The 11th ASEAN Entrepreneurs Award” ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အောင်မြင်မှုသမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့်အပြင် အာဆီယံ နှင့် ကိုရီးယားသမ္မတနိုင်ငံတို့ကြား တိုးတက်လာသော ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် အကျိုးစီးပွား မျှဝေမှုကိုလည်း ဂုဏ်ပြုသည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် Strategy & Planning, Maeil Business ညွှန်ကြားရေးမှူး Mr. Lee Jin Woo မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ VinaCapital Group ၏ အမှုဆောင်အရာရှိချုပ် နှင့် တည်ထောင်သူ Mr. Don Lam နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံမှ Go Negosyo & Chair of ASEAN-BAC တည်ထောင်သူ Mr. Jose Ma Concepcion III တို့အား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။

Myanmar Chargé d’Affaires a.i./Ambassador to the Republic of Korea Attends the “11th ASEAN Entrepreneurs Award” Ceremony and Commemorative Luncheon Hosted by the ASEAN-Korea Center (AKC)

(11-9-2026, Seoul)

The Chargé d’Affaires a.i/Ambassador of the Republic of the Union of Myanmar to the Republic of Korea, U Myo Myint Maung, attended the “11th ASEAN Entrepreneurs Award” ceremony and the commemorative luncheon hosted by the ASEAN-Korea Center (AKC) on 9 September, 2026 in Seoul.

The event was attended by officials from the ASEAN-Korea Center (AKC), representatives of the Government of the Republic of Korea, and ambassadors and diplomats from ASEAN and other embassies in Seoul.

At the ceremony, H.E. Kim Jae-Shin, Secretary-General of the ASEAN-Korea Center (AKC), delivered opening remarks. He expressed that the “11th ASEAN Entrepreneurs Award” represents not only a significant milestone in recognizing entrepreneurial achievements but also an important occasion to celebrate and further strengthen cooperation and shared interests between ASEAN and the Republic of Korea. Subsequently, Mr. Lee Jin-woo, Director of Strategy & Planning at Maeil Business, delivered a congratulatory address.

The ceremony also featured the presentation of honorary awards to Mr. Don Lam, Founder and Chief of Executive Officer of VinaCapital Group of the Socialist Republic of Vietnam, and Mr. Jose Ma Concepcion III, Founder of Go Negosyo and Chair of ASEAN-BAC of the Republic of the Philippines.