ဆိုးလ်၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

အာဆီယံနိုင်ငံများမှ ထုတ်ကုန်များကို တောင်ကိုရီးယားဈေးကွက်နှင့် ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ASEAN-Korea Centre မှ ကြီးမှူးကျင်းပသည့် 2026 ASEAN Panorama ပြပွဲအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ လစဉ် အာဆီယံနိုင်ငံ (၂) နိုင်ငံစီ အလှည့်ကျ ပါဝင်ပြသသည့် ပုံစံဖြင့် ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြခန်းများကို ဩဂုတ်လ ၁ ရက်မှ ၂၇ ရက်အထိ ပါဝင်ပြသခဲ့ပါသည်။
2026 ASEAN Panorama သည် အာဆီယံဒေသတွင်းနိုင်ငံများမှ ထုတ်ကုန်များကို တောင်ကိုရီး ယားနိုင်ငံရှိ စားသုံးသူများ၊ ဝယ်ယူသူများနှင့် ဖြန့်ဖြူးသူများထံသို့ မိတ်ဆက်ပေးပြီး စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများ ဖန်တီးပေးနိုင်သည့် ပလက်ဖောင်း (Platform) တစ်ရပ်အဖြစ် ဖော်ဆောင်ထားခြင်း ဖြစ်ပါသည်။ အထူးသဖြင့် အာဆီယံနိုင်ငံများရှိ Micro၊ Small and Medium-sized Enterprises (MSMEs) များအနေဖြင့် တောင်ကိုရီးယားဈေးကွက်သို့ ဝင်ရောက်နိုင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးမြှင့်နိုင်ရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံကိုယ်စားပြုပြခန်းကို ASEAN-Korea Centre ၏ ကူညီပံ့ပိုးမှု၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့၏ ကြီးကြပ်မှု ဖြင့် မြန်မာကုမ္ပဏီ (၁၀) ခုမှ ထုတ်လုပ်သည့် မြန်မာ့ရိုးရာ အနုပညာနှင့် လက်မှုပစ္စည်းများ၊ အထည်အလိပ် များနှင့် မြန်မာအစားအသောက်ထုတ်ကုန်များ အပြင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Promotion Video များကို ခင်းကျင်းပြသခဲ့ပါသည်။
2026 ASEAN Panorama ပြပွဲကာလအတွင်း ကျင်းပသည့် Business Forum နှင့် B2B Business Matching အစီအစဉ်များသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ ပါဝင်ပြသထားသည့် ကုမ္ပဏီ (၁၀) ခုအနက် ကုမ္ပဏီ (၉) ခုမှ ကိုယ်စားလှယ် (၁၆) ဦးသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ဆိုးလ်မြို့သို့ ရောက် ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီးပွားရေးသံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။ ထို့နောက် မြန်မာသံရုံး၊ ဆိုးလ်မြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် က မြန်မာကုမ္ပဏီများမှ ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၂၅ ရက် ညနေပိုင်းတွင် ဆိုးလ်မြို့ရှိ New Seoul Hotel အစည်း အဝေးခန်းမ၌ ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုတွင် ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်တို့၌ ကျင်းပသွားမည့် 2026 ASEAN Panorama ၏ Business Forum နှင့် B2B Business Matching အစီအစဉ်များတွင် မြန်မာ-ကိုရီးယား စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများကို ထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မြန်မာကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် တောင်ကိုရီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား Business Forum နှင့် Business-to-Business (B2B) Business Matching အစီအစဉ်များကို ASEAN-Korea Centre ၌ ဆက်လက် ကျင်းပခဲ့ ပါသည်။ အဆိုပါအစီအစဉ်များတွင် တောင်ကိုရီးယားနိုင်ငံရှိ Lotte Mart၊ CJ E&M၊ W Concept၊ Musinsa၊ Kyobo၊ K-Network၊ Wadiz၊ Kava Life၊ Fair Trade Korea၊ ONU Centre၊ Chapter One နှင့် Grip စသည့် လုပ်ငန်းများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာကုမ္ပဏီများအကြား B2B Business Matching တွေ့ဆုံဆွေးနွေးမှုများနှင့် လေ့လာရေးအစီအစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
ထို့အပြင် သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် မြန်မာကုမ္ပဏီများနှင့် တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းများအကြား B2B Business Matching ဆွေးနွေးမှုနေမှု အခြေအနေ များကို ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ASEAN-Korea Centre သို့ သွားရောက်ကြည့်ရှုအားပေး ခဲ့ပါသည်။
မြန်မာကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် အဆိုပါ Business Forum အစီအစဉ်မှတစ်ဆင့် မြန်မာ့ထုတ်ကုန်များ တောင်ကိုရီးယားဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် လိုအပ်သည့် စံချိန် စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ နှင့်စပ်လျဉ်း၍ လေ့လာသိရှိခွင့် ရရှိခဲ့ကြ ပါသည်။ ထို့အပြင် B2B Business Matching အစီအစဉ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံရှိ အထင်ကရ စီးပွားရေးလုပ်ငန်းများမှ ဝယ်ယူသူများ၊ ဖြန့်ဖြူးသူများနှင့် လုပ်ငန်းမိတ်ဖက်များနှင့် တိုက်ရိုက်တွေ့ဆုံ၍ မြန်မာ့ထုတ်ကုန်များ မိတ်ဆက်ခြင်း၊ ဈေးကွက်အခြေအနေများ ဆွေးနွေးခြင်းနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့သည် 2026 ASEAN Panorama ပြပွဲ၏ Business Forum နှင့် B2B Business Matching အစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ MSMEs ထုတ်ကုန်များ တောင်ကိုရီးယား ဈေးကွက်အတွင်း ဝင်ရောက်နိုင်ရေးနှင့် မြန်မာ့ထုတ်ကုန်များအတွက် ပို့ကုန်ဈေးကွက်များ ရှာဖွေချိတ် ဆက်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ရပ်အား ချိတ်ဆက်ပေးနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး အတွက်လည်း အထောက်အကူပြုမည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

Representatives of Nine Myanmar Companies Participate in Business Forum and B2B Business Matching under the 2026 ASEAN Panorama in Seoul

Seoul, 31 August 2026

The 2026 ASEAN Panorama, organized by the ASEAN-Korea Centre (AKC) with the objective of promoting ASEAN products and enhancing their access to the South Korean market, is being held from 7 May to 30 September 2026. The exhibition features two ASEAN Member States each month on a rotational basis. During August, Myanmar and Thailand showcased their products and promotional materials from 1 to 27 August 2026.
The 2026 ASEAN Panorama serves as a platform to introduce products from ASEAN countries to consumers, buyers, distributors, and business communities in South Korea, while facilitating business networking and market linkages. In particular, the program aims to support Micro, Small and Medium-sized Enterprises (MSMEs) from ASEAN Member States in exploring opportunities to enter the South Korean market and expand their business networks.
With the support of the ASEAN-Korea Centre and under the supervision of the Ministry of Commerce of the Republic of the Union of Myanmar and the Embassy of the Republic of the Union of Myanmar in Seoul, the Myanmar Pavilion showcased traditional Myanmar arts and handicrafts, textiles, food products produced by ten Myanmar companies, as well as promotional videos highlighting Myanmar’s tourism sector.
To participate in the Business Forum and B2B Business Matching programs held as part of the 2026 ASEAN Panorama, representatives from nine of the ten participating Myanmar companies, comprising a total of 16 delegates, arrived in Seoul on 25 August 2026. The delegation was warmly welcomed by the Economic Counsellor and officials of the Embassy of Myanmar in Seoul.
On the same evening, Mr. Myo Myint Maung, Chargé d’Affaires a.i./Ambassador of the Embassy of Myanmar in Seoul, hosted a meeting with the representatives of the participating Myanmar companies at the New Seoul Hotel in Seoul. During the meeting, discussions were held on ways to effectively promote Myanmar-Korea business linkages through the Business Forum and B2B Business Matching programs scheduled for 26 and 27 August. The Embassy also provided necessary coordination and facilitation to support the participation of the Myanmar companies in the programs.
The Business Forum and B2B Business Matching programs were held at the ASEAN-Korea Centre on 26 and 27 August 2026, bringing together representatives of Myanmar companies and business representatives from South Korea. The participating Myanmar companies engaged in business matching meetings and study visits with representatives from prominent South Korean companies and organizations, including Lotte Mart, CJ E&M, W Concept, Musinsa, Kyobo, K-Network, Wadiz, Kava Life, Fair Trade Korea, ONU Centre, Chapter One, and Grip.
On the evening of 27 August, Myanmar Chargé d’Affaires a.i./Ambassador, Mr. Myo Myint Maung, also visited the ASEAN-Korea Centre to observe the B2B Business Matching sessions and encourage the participating Myanmar companies in their business discussions with South Korean counterparts.
Through the Business Forum, the representatives of Myanmar companies gained a better understanding of the market entry requirements, standards, regulations, and procedures relevant to introducing Myanmar products to the South Korean market. The B2B Business Matching program also provided an opportunity for the companies to directly engage with buyers, distributors, and potential business partners from South Korea, introduce their products, exchange information on market trends and requirements, and explore potential areas for business cooperation.
The participation of Myanmar companies in the Business Forum and B2B Business Matching programs under the 2026 ASEAN Panorama has provided an important platform for promoting Myanmar MSME products in the South Korean market, exploring potential export opportunities, and establishing business connections with Korean companies and buyers.
The Embassy of Myanmar in Seoul will continue to facilitate and support business linkages between Myanmar enterprises and South Korean businesses, with a view to promoting bilateral trade, expanding market opportunities for Myanmar products, and further strengthening economic cooperation between Myanmar and the Republic of Korea.