(၁၆-၈-၂၀၂၆ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှကြီးမှူး၍ ၁၅-၈-၂၀၂၆ ရက် (စနေနေ့) တွင် ဆိုးလ်မြို့ရှိ Sejong Grand Theater ၌ ကျင်းပပြုလုပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ (၈၁) နှစ်မြောက် အမျိုးသား လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့ သမ္မတ လီဂျေမြောင်နှင့် ဇနီး၊ လွတ်လပ်ရေးတိုက်ပွဲဝင်များ၏ မိသားစုဝင်များ၊ အစိုးရနှင့် ပါတီအရာရှိများ၊ ဆိုးလ်အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် အခြား ဧည့်သည် တော်များ စုစုပေါင်း (၃၀၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Myanmar Chargé d’Affaires a.i./Ambassador Attends the 81st National Liberation Day Ceremony of the Republic of Korea

(16-8-2026, Seoul)

Myanmar Chargé d’Affaires a.i./Ambassador of the Republic of the Union of Myanmar to the Republic of Korea, attended the 81st National Liberation Day Ceremony of the Republic of Korea at Sejong Grand Theater in Seoul on 15 August 2026 (Saturday), hosted by the Ministry of the Interior and Safety.

The ceremony was attended by President Lee Jae Myung and his spouse, family members of independence activists, senior government and political party officials, diplomats from foreign embassies in Seoul, and other distinguished guests, with approximately 3,000 participants in attendance.