(၂၃-၇-၂၀၂၆၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ဆိုးလ်မြို့၊ Lotte Hotel Seoul ၌ ၂၃-၇-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းမှ ညနေပိုင်းအထိ ကျင်းပသော East Asia Cooperation Forum သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါဖိုရမ်ကို “EAST ASIA: Connecting, Sharing, and Prospering Together” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အပိုင်း (၄)ပိုင်း ပါဝင်ပါသည်။ Opening Session တွင် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သော H.E. Park Yoonjoo က အဖွင့်အမှာစကားကိုလည်းကောင်း၊ School of International Studies Peking University မှ Professor Mr. Jia Qingguo က Congratulatory Remarks ကိုလည်းကောင်း University of Washington, U.S.A မှ Korea Foundation Professor Mr. Ha Yong Chool က Keynote Speech ကိုလည်းကောင်း ပြောကြားခဲ့ပါသည်။
Section: 1 “Politic: Regional Security and Cooperation amid Strategic Challenges” တွင် Ewha Woman University၊ Division of International Studies ၏ Professor Mr. Park Ihn-hwi၊ Section:2 “Society: Demographic Change and Social Cooperation in East Asia” တွင် Seoul National University၊ Graduate School of Public Health ၏ Professor Mr. Cho Youngtae နှင့် Section: 3 “Economy: AI, Industrial Strategy and Data Policy for Regional Cooperation” တွင် Konkuk University၊ Department of Political Science ၏ Professor Ms. Bae Young-ja တို့က Moderator များအဖြစ် ဆောင်ရွက်ကာ ဘာသာရပ်အလိုက် တက္ကသိုလ်မှ Professor များနှင့် ကျွမ်းကျင် ပညာရှင်များက Panelist များအဖြစ် ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် Reflection on East Asia Cooperation နှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၊ National Graduate Institute for Policy Studies (GRIPS) မှ Senior Professor Mr. IIDA Keisuke နှင့် Closing Remark ကို The Korean Association of International Studies (KAIS) ၏ ဥက္ကဋ္ဌ Mr. Jeong Hanbeom တို့က ပြောကြားခဲ့ပါသည်။
လက်ရှိအချိန်တွင် အရှေ့အာရှနိုင်ငံများသည် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးစိန်ခေါ်မှု များနှင့် ကြုံတွေ့နေရပြီး ဒေသတွင်းပြောင်းလဲလာမှုများ၊ အရှေ့အလယ်ပိုင်းဒေသ အခြေအနေ များ၊ စွမ်းအင်ဆိုင်ရာလုံခြုံမှု၊ သက်ရွယ်ကြီးရင့်မှု၊ မွေးဖွားနှုန်းကျဆင်းခြင်း၊ AI ၏ အရှိန်အဟုန် ဖြင့်ဖွံ့ဖြိုးတိုးတက်မှုများသည် ဒေသတွင်းပတ်ဝန်းကျင်ကို ပြောင်းလဲပုံဖော်လျက်ရှိကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို တစ်နိုင်ငံတည်းက ရှင်းလင်းဖြေရှင်းရန် ခက်ခဲကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားပေးခြင်း၊ မူဝါဒဆိုင်ရာ အတွေ့အကြုံများနှင့် လက်တွေ့ကျသော ဆောင်ရွက်ချက်များကို မျှဝေပေးခြင်းစသည့် အပြန်အလှန် နားလည်မှုများလိုအပ်ကြောင်း၊ ဒေသတွင်းရှိ ပညာရှင်များ၊ မူဝါဒကျွမ်းကျင်သူများနှင့် လက်တွေ့ဆောင်ရွက်သူများ ဦးဆောင် သည့် ဆွေးနွေးပွဲကို ကျင်းပ၍ အရှေ့အာရှ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် နိုင်မည့် ရေရှည်တည်တံ့သော နည်းလမ်းများနှင့် ပြောင်းလဲလာသည့် ဒေသတွင်းဆိုင်ရာ အခြေအနေများကို ထိန်းညှိသွားရန် ရည်ရွယ်၍ ယခုဖိုရမ်ကို ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန က ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း နှင့် EAST ASIA Cooperation Forum ကို ၂၀၂၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါဖိုရမ်သို့ ကိုရီးယားသမ္မတနိုင်ငံ အစိုးရပိုင်းဆိုင်ရာ အရာရှိများ၊ ဆိုးလ်မြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ မူဝါဒကျွမ်းကျင်သူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၃၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
