(၂၅-၇-၂၀၂၆ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံသို့ ခေတ္တရောက်ရှိ သီတင်းသုံးနေသည့် ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနတက္ကသီလ ဓမ္မာစရိယာ၊ သာသနတက္ကသီလ မဟာဓမ္မာစရိယာ ဘွဲ့တော်ရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တ (မနာပဒါယီ၊ ကိုရီးယားဆရာတော်) နှင့် သံဃာတော် (၂) ပါး တို့အား မြန်မာသံရုံး၊ ဆိုးလ်မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ဇနီး၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ၂၅-၇-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကိုရီးယား သမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
သံအမတ်ကြီးနှင့်ဇနီး၊ သံရုံးဝန်ထမ်း မိသားစုများက ကိုရီးယားဆရာတော်နှင့် သံဃာတော် အရှင်သူမြတ် (၂)ပါးတို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးနောက် ဝါဆိုသင်္ကန်းနှင့် နဝကမ္မ အလှူငွေတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆရာတော်သံဃာတော်များက ချီးမြှင့်သည့် ပရိတ်တရားတော်ကို နာယူပွားများကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြပါသည်။ ထို့နောက် ဆရာတော် သံဃာတော်တို့အား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
