(၁၄-၇-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံး၊ ဆိုးလ်မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် မြန်မာ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင့်သူနှင့်အတူ ၁၄-၇-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆယ်ဂျုံးမြို့ရှိ S.J.Bio စက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး အဆိုပါ စက်ရုံတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား(၅၀)ကျော်အား လုပ်ငန်းခွင်တွင် သွားရောက် တွေ့ဆုံကာ နေ့လည်စာအတူ စားသောက်ခဲ့ကြသည်။

S.J. Bio Co., Ltd. ၏ CEO Mr. Shin Hang-cheol က သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးနှင့်အဖွဲ့အား ကြိုဆိုနှုတ်ဆက်ကာ အစည်းအဝေးခန်းမတွင် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအတွင်း ကုန်ပစ္စည်းထုတ်လုပ်နေမှုများကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

ယင်းနောက်စက်ရုံရှိ မြန်မာအလုပ်သမားများနှင့် နေ့လယ်စာအတူ စားသုံးရာတွင် သံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာသံရုံး၊ စစ်သံရုံးနှင့် မြန်မာအလုပ်သမားများ ယခုကဲ့သို့ အတူတကွတွေ့ဆုံရခြင်းသည် မိမိတို့အားလုံး တစ်သားတည်းရှိကြောင်းကို ပြသခြင်းဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိသည့် မြန်မာနိုင်ငံသားများကိုလည်း ထိတွေ့မှု ရရန် အမြဲလုပ်ဆောင်လေ့ရှိပါကြောင်း၊ မြန်မာသံရုံးအနေဖြင့်လည်း အလုပ်သမားများ၏ သာရေး၊ နာရေးကိစ္စရပ်များတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်ကို လေ့လာ ကြည့်ချိန်တွင် မိမိကိုတန်ဖိုးထားသော လုပ်ငန်းခွင်ဟု ခံစားရပါကြောင်း၊ မြန်မာနိုင်ငံသားများ၏ ကြိုးစားမှု၊ တတ်ကျွမ်းလွယ်မှု၊ စည်းကမ်းကောင်းမှုတို့ကို ကုမ္ပဏီ CEO က မိမိကို ပြောပြ ပါကြောင်း၊ ယင်းဂုဏ်သတင်းများကို သူ့အနေဖြင့် တန်ဖိုးထားပြီး တိုးချဲ့မည့် လုပ်ငန်းများတွင် မြန်မာအလုပ်သမားများ ထပ်မံတိုးမြှင့်ခေါ်ယူသွားလိုကြောင်း သိရှိရသည့်အတွက် အခွင့်အလမ်း ရှိသောနေရာတစ်ခုဟု သတ်မှတ်နိုင်ပါကြောင်း၊ ထိုသို့ရရှိသော အခွင့်အလမ်းကို အခွင့်အရေး အဖြစ် ကောင်းမွန်စွာ အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ မူလရည်မှန်းချက် အောင်မြင်ရန်အတွက် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးကို ဂရုစိုက်စေလိုပါကြောင်း၊ နှစ်နိုင်ငံတည်ဆဲဥပဒေများကို လေးစားလိုက်နာရန်နှင့် ကျန်ရစ်သောမိသားစုနှင့် ထိတွေ့ဆက်ဆံမှုကို အမြဲထားရှိရန် လိုအပ်ပါ ကြောင်း၊ မြန်မာသံရုံးကို မိမိတို့၏ ဒုတိယမိသားစုအဖြစ်မှတ်ယူပြီး လိုအပ်သည်များဆက်သွယ် ဆောင်ရွက်ရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

၎င်းနောက် ကုမ္ပဏီ CEO က မြန်မာနိုင်ငံသားများအနက် ထူးချွန်သည့် ဝန်ထမ်း(၃)ဦးကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး မြန်မာသံရုံးနှင့်စစ်သံရုံးတို့၏ မေတ္တာလက်ဆောင် မြန်မာအစားအစာများကို အလုပ်သမားများထံ တစ်ဦးချင်းစီအတွက် ပေးအပ်ခဲ့ပါသည်။

S.J. Bio ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်မှ စတင်၍ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သို့ အလှကုန်ပစ္စည်းများကို တင်ပို့နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ တင်ပို့မှု အများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အာရှဈေးကွက်သို့ ဝင်ရောက်ရာတွင် မြန်မာနိုင်ငံနှင့် အဓိက လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း၊ ၎င်းတို့ကုမ္ပဏီသည် ကိုရီးယားနိုင်ငံ၏ နံပါတ် (၁) အလှကုန်ပစ္စည်း ထုတ်လုပ်သည့် Kolmar ပစ္စည်းများကို ဒုတိယအများဆုံး ထုတ်လုပ်ပေးသည့် ကုမ္ပဏီလည်းဖြစ်ပြီး ကိုယ်တိုင် Brand များကိုလည်း ထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် Mask ကို စတင်ထုတ်လုပ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံသို့ ဝမ်သိန်း ၁၀၀၀ ဝန်းကျင်တန်ဖိုးရှိသော Mask များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ မြန်မာလူမျိုးများ၏ ကြိုးစားမှု၊ ရိုးသားမှု၊ လေ့လာအားကောင်းမှု၊ တတ်ကျွမ်းလွယ်မှု စသည့် အရည်အချင်းများကို အသိအမှတ်ပြုပြီး လက်ရှိအချိန်တွင် စက်ရုံ၌ မြန်မာအလုပ်သမား (၅၀) ကျော်ခန့်အပ်ထားရှိကာ ထပ်မံခန့်အပ်ရန်လည်း လုပ်ဆောင်လျက်ရှိကြောင်းနှင့် အလုပ်သမား များအတွက် ရပိုင်ခွင့်များကိုလည်း တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရှိရပါသည်။

Chargé d’Affaires a.i./ Ambassador and Military Attaché Visit S.J. Bio Co., Ltd. Factory to Meet and Encourage Myanmar Workers

(July 14, 2026, Seoul)

U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea, accompanied by Myanmar Military Attaché (Army, Navy, Air Forces) Brigadier General Wint Thu, visited the S.J. Bio factory in Sejong City, Republic of Korea, on the morning of July 14, 2026. The delegation met with more than 50 Myanmar nationals working at the factory and ate lunch together.

Mr. Shin Hang-cheol, CEO of S.J. Bio Co., Ltd., welcomed the Chargé d’Affaires a.i./ Ambassador and his delegation and conducted a briefing on the current function of the company, followed by a tour of the factory to explain its production.

During lunch with the Myanmar workers at the factory, the Chargé d’Affaires a.i./ Ambassador highlighted that the gathering—bringing together the Embassy of Myanmar, the office of the Military Attaché, and the Myanmar workers—reflected unity and solidarity among all parties. Noting that the Chargé d’Affaires a.i./ Ambassador routinely engages with Myanmar workers upon their arrival in Korea, he reaffirmed that the Embassy also provides assistance with workers’ personal and work site’s affaires. Observing the work environment, he expressed that employees are genuinely valued. He noted the CEO’s remarks on the diligence, aptitude for learning, and discipline of Myanmar workers and underscored that Myanmar workers’ strong reputation continues to be recognized, and the company intends to recruit additional Myanmar nationals as part of its ongoing business expansion. He urged workers to prioritize health and safety, comply with the laws of both countries, maintain regular communication with families in Myanmar, and regard the Embassy as a “second family” to turn to whenever needed.

Following the discussion, the CEO presented recognition awards to three outstanding Myanmar employees and then, Myanmar Ambassador presented Myanmar’s food to the workers, which were kindly provided by the families of the Embassy of Myanmar and the office of the Military Attaché.

S.J. Bio Company has exported cosmetics to Japan and the United States since 2024, with current export volumes strongest to China and Japan. The company also aims to position Myanmar as a key hub for its entry into the wider Asian market. As the second-largest manufacturer of products for Kolmar- Korea’s leading cosmetics manufacture- and a producers and distributors of its own brands. S.J. Bio Co., Ltd. began manufacturing face masks in 2020 and donated masks, worth approximately 100 million won to Myanmar during the COVID-19 pandemic.

The factory currently employs more than 50 Myanmar workers and intends to hire additional staff. Workers’ benefits are being addressed in accordance with prevailing labour laws.