ဆိုးလ်၊ ဇွန် ၃၀

“၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအလားအလာနှင့် နိုင်ငံတကာ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်” နှင့် စစ်သံမှူးများ ဂုဏ်ပြုနှုတ်ဆက်ပွဲကို ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့ရှိ Korea War Memorial Organization, Royal Park Convention Hall တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နံနက် ၀၉:၃၀ နာရီမှ ၁၃:၃၀ နာရီအထိ ကျင်းပခဲ့ပါသည်။ အဆိုပါ ဖိုရမ်ကို Korea Defense Diplomacy Association (KDDA) မှ ဦးဆောင်ကျင်းပခဲ့ပြီး စစ်သံမှူးများ၊ သံတမန်များ၊ ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအခြေအနေ၊ ကိုရီးယား ကျွန်းဆွယ်လုံခြုံရေး အလားအလာနှင့် နိုင်ငံ တကာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

ဖိုရမ်နှင့်အတူ ပူးတွဲကျင်းပသည့် ကုန်စည်ပြပွဲတွင် ကိုရီးယား၏ နည်းပညာနှင့် ကာကွယ် ရေးကုမ္ပဏီများအပြင် စားသောက်ကုန်နှင့် စီးပွားရေးပြခန်းများလည်း ပါဝင်ပြသခဲ့ကြပါသည်။ KDDA ၏ ဖိတ်ကြားမှုအရ မြန်မာသံရုံး၊ ဆိုးလ်မြို့မှလည်း မြန်မာပြခန်း ပါဝင်ခင်းကျင်းပြသခဲ့ပြီး မြန်မာ့ထုတ်ကုန်များကို မိတ်ဆက်ပြသခဲ့ပါသည်။ မြန်မာပြခန်းတွင် ပေါ်ဆန်းမွှေးဆန်၊ ပဲမျိုးစုံ၊ ကော်ဖီ၊ လက်ဖက်၊ မြန်မာဘီယာ၊ ထောပတ်ဆီ (Avocado Extra Virgin Oil)၊ ရေထွက် ကုန်ခြောက်များ၊ အသင့်စား စားသောက်ကုန်များ၊ ဇီဝလောင်စာ (Wood Pellet/Biomass)၊ ယွန်းထည်၊ ကြိမ်ထည်၊ မြန်မာ့ပုသိမ်ထီး၊ မြန်မာ့လက်မှုပညာ ပန်းပုရုပ်များနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ အချက်အလက်များကို ခင်းကျင်းပြသခဲ့ပါသည်။ အဆိုပါ ပြပွဲအတွင်း မြန်မာ ကော်ဖီ၊ လက်ဖက်ခြောက်၊ အသင့်သောက်လက်ဖက်ရည်(Teamix) နှင့် မြန်မာ့လက်မှု ထုတ်ကုန် များအပေါ် စိတ်ဝင်စားကြပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

ထိုကဲ့သို့ ပါဝင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ထုတ်ကုန်များနှင့် စီးပွားရေးရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို နိုင်ငံတကာ သံတမန်ကွန်ရက်အတွင်း ထိရောက်စွာ မိတ်ဆက်မြှင့်တင်နိုင်ခဲ့သည့် အခွင့်အလမ်းတစ်ရပ်ပင်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Participation of the Myanmar Pavilion at the 2026 Global Security Outlook and International Defense Cooperation Forum

Seoul, June 30

The “2026 Global Security Outlook and International Defense Cooperation Forum” and Farewell Ceremony for Military Attachés was held on 30 June 2026 from 09:30 to 13:30 at the Korea War Memorial Organization, Royal Park Convention Hall in Seoul, Republic of Korea.

The forum was organized by the Korea Defense Diplomacy Association (KDDA) and brought together military attachés, diplomats, and representatives from defense-related institutions. Discussions focused on the global security landscape, the security outlook of the Korean Peninsula, and strengthening international defense cooperation.

Alongside the forum, a concurrent exhibition featured Korean technology and defense companies, as well as food and commercial booths. At the invitation of KDDA, the Embassy of Myanmar in Seoul also participated by showcasing a Myanmar pavilion to promote national products.

The Myanmar pavilion displayed a wide range of products, including Paw San Hmwe rice, various pulses, coffee, tea, Myanmar beer, avocado extra virgin oil, dried seafood products, ready-to-eat foods, biomass wood pellets, lacquerware, rattan crafts, traditional Pathein umbrellas, wood carvings, and tourism promotion materials.

Visitors showed strong interest in Myanmar coffee, tea, ready-to-drink tea mixes, and traditional handicrafts. Discussions were also held on potential cooperation in trade distribution and tourism development between Myanmar and the Republic of Korea.

The participation provided an effective opportunity to promote Myanmar’s export products and highlight potential areas of economic cooperation within an international diplomatic network, alongside a high-level defense and security forum.