ဆိုးလ်၊ ဇွန် ၃၀
ကိုရီးယားပြပွဲလုပ်ငန်းရှင်များအသင်း (Association of Korean Exhibition Industry – AKEI) မှ ကြီးမှူးကျင်းပသည့် 2026 AKEI Exhibition Plus Business Day အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ဆိုးလ်မြို့၊ Mondrian Seoul Itaewon Hotel ၏ Grand Ballroom ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် နှင့် စီးပွားရေးသံမှူး ဒေါ်ဝင်းပပသူ တို့ တက်ရောက်ခဲ့ကြပြီး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးအနေဖြင့် အခမ်းအနား၏ နိုင်ငံတကာဆက်ဆံရေးနှင့် ပြပွဲလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အရေးပါသည့် မူဝါဒဆွေးနွေးမှုများတွင် ပါဝင်လေ့လာခဲ့ပါသည်။
အခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန (MOTIE/MOTIR) ၏ပံ့ပိုးမှုဖြင့် AKEI က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး၊ ပထမပိုင်းနှင့် ဒုတိယပိုင်း ဟူ၍နှစ်ပိုင်းခွဲကျင်းပခဲ့ပါသည်။ ပထမပိုင်းတွင် AKEI ၏ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြော ကြား၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် AKE မှတာဝန်ရှိသူများက အသင်း၏ သမိုင်းကြောင်း၊ ကိုရီးယားပြပွဲလုပ်ငန်း၏ နိုင်ငံတကာချိတ်ဆက်ဆောင်ရွက်မှုများ၊ အောင်မြင်မှုများ နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
အခမ်းအနားသို့ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ကာတာ၊ အိန္ဒိယ၊ ဥရောပ၊ စင်ကာပူ၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ သြစတြေးလျ၊ သြစတြီးယား၊ ချီလီ၊ ဆော်ဒီအာရေးဗီးယား၊ ကနေဒါ (Quebec)၊ နယ်သာလန်၊ ဂျာမနီ၊ စပိန်၊ ဆွီဒင်၊ လက်ဗီးယား၊ အာဂျင်တီးနား၊ ဘူလ်ဂေးရီးယား၊ ကိုလံဘီယာ၊ ပိုလန် စသည့် နိုင်ငံပေါင်း (၂၇) နိုင်ငံမှ သံတမန် များနှင့် ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့အစည်း (၃၂) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယပိုင်းတွင် 1:1 Business Matching အစီအစဉ်များဖြင့် ပြပွဲစီစဉ်သူများ၊ Venue Operators နှင့် International Exhibitors များအကြား အသေးစိတ် စီးပွားရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ Business Matching အစီအစဉ်အတွင်း မြန်မာသံရုံး၊ ဆိုးလ်မြို့ ၏ စီးပွားရေးသံမှူး ဒေါ်ဝင်းပပသူသည် တောင်ကိုရီးယားနိုင်ငံရှိ အဓိကပြပွဲစီစဉ်သည့် COEX၊ KINTEX၊ BEXCO၊ EXCO၊ POEX နှင့် Design House ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တစ်ဦးချင်း တွေ့ဆုံ၍ ပြပွဲကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ထို့အပြင် Seoul Living Design Fair 2027၊ World City Tech Expo 2026၊ Food Week Korea 2026၊ K-Food Expo 2026၊ K-Beauty Expo 2026၊ SMK 2027 (Steel & Metal Korea) နှင့် Pohang Steel Week 2027 စသည့် အဓိကပြပွဲများတွင် မြန်မာလုပ်ငန်းရှင်များပါဝင်နိုင်မည့် အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာကဏ္ဍများ တိုးတက်ရေးအတွက် သင့်လျော်သည့်ပြပွဲများတွင် မြန်မာလုပ်ငန်း ရှင်များအား အခမဲ့ပြခန်းများဖြင့် ပါဝင်ပြသနိုင်ရေးအတွက်လည်း စီးပွားရေးသံမှူး အနေဖြင့် သက်ဆိုင်ရာပြပွဲစီစဉ်သူများနှင့် အရေးပါသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ပါဝင်တက်ရောက်ခဲ့ခြင်းဖြင့် တောင် ကိုရီးယားပြပွဲလုပ်ငန်းကဏ္ဍနှင့် ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့ပြီး၊ ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်များအတွင်း ကျင်းပသွားမည့် နိုင်ငံတကာပြပွဲများနှင့် ပတ်သက်သည့်အချက်အလက်များကို ရရှိခဲ့သည့်အပြင် မြန်မာ–ကိုရီးယား နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးတက်လာစေရန် အထောက်အကူပြုသည့် အရေးပါသော အခမ်းအနားတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။
Chargé d’Affaires a.i./ Ambassador U Myo Myint Maung Attends 2026 AKEI Exhibition Plus Business Day in Seoul
Seoul, 30 June
The 2026 AKEI Exhibition Plus Business Day, organized by the Association of Korean Exhibition Industry (AKEI), was held on 30 June 2026 at the Grand Ballroom of Mondrian Seoul Itaewon Hotel in Seoul.
The event was attended by U Myo Myint Maung, Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea, together with the Economic Counsellor, Daw Win Pa Pa Thu. The Ambassador participated in observing important policy discussions related to international relations and the development of the exhibition industry sector.
The event was organized by AKEI with the support of the Ministry of Trade, Industry and Energy (MOTIE/MOTIR) of the Republic of Korea. It was conducted in two parts: the first session and the second session. In the first session, the Vice Chairman of AKEI delivered the opening remarks and formally inaugurated the event. AKEI officials provided an overview of the association’s history, international cooperation in the exhibition industry, major achievements, and future development vision.
The event was attended by diplomats and representatives from trade promotion organizations from 27 countries, including the United States, Japan, China, Qatar, India, European countries, Singapore, Myanmar, Vietnam, the Philippines, Romania, Hong Kong, Taiwan, Australia, Austria, Chile, Saudi Arabia, Canada (Quebec), the Netherlands, Germany, Spain, Sweden, Latvia, Argentina, Bulgaria, Colombia, and Poland.
In the second session, 1:1 Business Matching meetings were conducted, enabling detailed business discussions between exhibition organizers, venue operators, and international exhibitors.
During the Business Matching program, the Economic Counsellor of the Embassy of Myanmar in Seoul, Daw Win Pa Pa Thu, held bilateral meetings with representatives from major exhibition organizers in the Republic of Korea, including COEX, KINTEX, BEXCO, EXCO, POEX, and Design House, to discuss cooperation opportunities in the exhibition sector.
She also discussed opportunities for Myanmar businesses to participate in major exhibitions such as Seoul Living Design Fair 2027, World City Tech Expo 2026, Food Week Korea 2026, K-Food Expo 2026, K-Beauty Expo 2026, SMK 2027 (Steel & Metal Korea), and Pohang Steel Week 2027, as well as potential areas of cooperation. In particular, she held important consultations with relevant organizers regarding the possibility of providing free exhibition booths for Myanmar businesses in selected exhibitions, in order to promote Myanmar’s trade, investment, and technology sectors.
Through participation in this event, the Embassy of Myanmar in Seoul strengthened its relations with the Korean exhibition industry sector and obtained valuable information regarding upcoming international exhibitions in 2026 and 2027. The event also served as an important platform to enhance trade, investment, and economic cooperation between Myanmar and the Republic of Korea.
