(၁၈-၆-၂၀၂၆ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ Korea-Myanmar Friendship Association (Love Myanmar) က မြန်မာနိုင်ငံ၊ နေပြည်တော်ရှိ မိဘမဲ့ကလေးများကျောင်း အတွက် ကိုရီးယားဝမ် လေးသန်း (၄,၀၀၀,၀၀၀/-) လှူဒါန်းခြင်းကို ၁၈-၆-၂၀၂၆ ရက်နေ့၊ ညနေပိုင်းတွင် ဆောင်ရွက်ခဲ့ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

Korea-Myanmar Friendship Association (Love Myanmar) အဖွဲ့သည် မြန်မာနိုင်ငံ ပြည်သူများအတွက် သီးသန့်ဆောင်ရွက်ပေးလိုသည့် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံကို ချစ်ခင်သူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံရှိ လိုအပ်သည့်နေရာများသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ပါသည်။ ယခု ပထမအကြိမ် လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Korea-Myanmar Friendship Association (Love Myanmar) donates KRW 4 million to an Orphanage in Nay Pyi Taw

(18-6-2026)

The Korea-Myanmar Friendship Association (Love Myanmar) donated four million Korean won (4,000,000/-) to an orphanage school in Nay Pyi Taw, Myanmar, at the Embassy of the Republic of the Union of Myanmar in Seoul, Republic of Korea, on the evening of 18 June 2026. The donation was received by U Myo Myint Maung, Chargé d’Affaires a.i./Ambassador of the Republic of the Union of Myanmar to the Republic of Korea, and a certificate of appreciation was presented.

The Korea-Myanmar Friendship Association (Love Myanmar) is an organization formed by people in the Republic of Korea who love Myanmar and seeks to provide meaningful support to the people of Myanmar. The Association will donate to the communities in need in Myanmar through the Myanmar Embassy in Seoul. This is the first time the Association has made such a donation.