(၇-၆-၂၀၂၆ ရက်၊ ဆိုးလ်)
မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၇-၆-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် Okcheon-gun Daeyaksasa Temple ၌ ကျင်းပပြုလုပ်သည့် 10th Anniversay of the Revival of the Yeorajong Order and Grand Dharma Assembly အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
Yeonhwa Sarira Stupa (Pagoda) အား ဖွင့်လှစ်ပူဇော်ရာ ကိုရီးယားနိုင်ငံရှိ ဘုန်းတော်ကြီးများ၊ သီရိလင်္ကာနိုင်ငံမှ ဘုန်းကြီးများနှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး သံအမတ်ကြီးမှ ဂုဏ်ပြုပူဇော်စကားပြောကြားခဲ့ပါသည်။
အခမ်းအနားကို Korea Buddhist Yorae Order ရဲ့ ထူထောင်သူ ဆရာတော်ကြီး Inwang ပျံလွန်တော်မူခဲ့သော (၁၀)နှစ်ပြည့် နှစ်ပတ်လည်အဖြစ်လည်းကောင်း၊ ဆရာတော်ကြီး၏ ကြွင်းကျန်ဓါတ်တော် များဌာပနာထားသော စေတီတော် (Yeonhwa Sarira Stupa (Pagoda)) တည်ထားကိုးကွယ်ခြင်းအထိမ်းအမှတ်များဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ Yeonhwa Sarira Stupa (Pagoda) မှာ Bulguksa temple ရှိ Dabotap Pagoda အားပုံတူယူထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
