(၂၈-၄-၂၀၂၆ ရက်၊ ဆိုးလ်)
မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ ၃၀-၄-၂၀၂၆ ရက်မှ ၂-၅-၂၀၂၆ ရက်အထိ ကျင်းပမည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားသို့ မြန်မာနိုင်ငံတော်အစိုးရ၏ ပင့်ဖိတ်ချက်အရ ပါဝင်တက်ရောက်မည့် ကိုရီးယားသမ္မတနိုင်ငံမှ ဆရာတော် ဘဒ္ဒန္တမိုတက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဝင့်သူတို့သည် ၂၈-၄-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်း၌ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ပါသည်။
ဆရာတော် ဘဒ္ဒန္တမိုတက်သည် ကိုရီးယား-မြန်မာချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အသင်း (Diplomatic Corporation Korea-Myanmar Friendship Exchange Association)၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ဆရာတော်ကြီးဖြစ်ပြီး ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ရင်း နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရေးအတွက် ဆောင်ရွက်ပေးနေသူဖြစ်ပါသည်။
***************
At the invitation of the Government of the Republic of the Union of Myanmar, the Most Venerable Mok Tek – who will participate in the 70th Anniversary Commemoration Ceremony of the Sixth Buddhist Council (Chatthasangayana)- was seen off at the airport by the Myanmar Chargé d’Affaires a.i. /Ambassador and the Myanmar Defense Attaché
(28th April 2026, Seoul)
According to the invitation of the Republic of the Union of Myanmar, the Most Venerable Mok Tek will participate in the commemoration Ceremony of the 70th Anniversary of the Sixth Buddhist Council (Chatthasangayana) from 30 April 2026 to 2 May 2026 at the Maha Pasana Cave Ordination Hillock, located within the Thiri Mingala Kabar Aye Hillok Compound, Mayangone Township, Yangon Region. His delegation was seen off at the Incheon International Airport in the afternoon of 28 April 2026 by the Chargé d’Affaires a.i. /Ambassador of the Republic of the Union of Myanmar, U Myo Myint Maung, and Myanmar Defense Attaché Brigadier General Wint Thu.
The Most Venerable Mok Tek is the Chairman of the Diplomatic Corporation Korea-Myanmar Friendship Exchange Association and works on religious, cultural, and tourism matters between Korea and Myanmar. He also promotes friendship between the peoples of both countries.
