(၂၄-၄-၂၀၂၆ ရက်၊ ဆိုးလ်)
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် အာဆီယံကော်မတီ (ဆိုးလ်) သံအမတ်ကြီး များ၏ ဆိုးလ်မြို့တော်ရဲဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ပြီး ရဲချုပ် (Commissioner) Mr. Park Jeong-boနှင့် တွေ့ဆုံသည့်အစီအစဉ်သို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်ကို အာဆီယံကော်မတီ(ဆိုးလ်)၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ထိုင်းနိုင်ငံ နှင့် Sunfull Foundation ဥက္ကဋ္ဌ Dr. Min Byoung-chul တို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ပါသည်။ အစီအစဉ်အရ အာဆီယံကော်မတီ (ဆိုးလ်) သံအမတ်ကြီးများသည် ဆိုးလ်မြို့တော်ရဲဌာနချုပ်သို့ ရောက်ရှိပြီး Simulator ဖြင့် လေ့ကျင့်ပစ်ခတ်မှု၊ ဆိုးလ်မြို့ရှိ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို စီမံခန့်ခွဲနေမှုစနစ်၊ 112 Integrated Situation Room တွင် လုပ်ငန်းလုပ်ဆောင်ပုံတို့ကို လေ့လာ ခဲ့ပါသည်။ ၎င်းနောက် ဆိုးလ်မြို့တော်ရဲဌာနချုပ်၏ ရဲချုပ် (Commissioner) Mr. Park Jeong-bo က အာဆီယံကော်မတီ(ဆိုးလ်)၏ အလှည့်ကျဥက္ကဋ္ဌအား ဂုဏ်ထူးဆောင်အကြံပေး (Honorary Advisor) အဖြစ် ခန့်အပ်သည့် အခမ်းအနားကို ကျင်းပခဲ့ပြီး တစ်ဆက်တည်း ကိုရီးယားနိုင်ငံ၌ ရောက်ရှိနေထိုင်ကြသည့် နိုင်ငံခြားသားများ၏ လုံခြုံရေးဆိုင်ရာမူဝါများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဂုဏ်ထူးဆောင် အကြံပေးရာထူးကို နှစ်စဉ်အလှည့်ကျအာဆီယံကော်မတီ(ဆိုးလ်) ဥက္ကဋ္ဌတာဝန်ကိုလက်ခံယူမည့် သံအမတ်ကြီးများထံ အဆင့်ဆင့်လွှဲပြောင်းပေးသွားမည်ဖြစ်ပါသည်။
ထိုသို့ ဆိုးလ်မြို့တော်ရဲဌာနချုပ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်နှင့်အမျှ ဆိုးလ်မြို့တွင် နေထိုင်သော နိုင်ငံသားများအကျိုးကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်မည့် အခွင့်အလမ်းများ ပိုမို ရရှိစေမည်ဖြစ်ပါသည်။ အခမ်းအနားအပြီးတွင် ရဲချုပ် (Commissioner) က နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။
အစီအစဉ်ကို ပူးပေါင်းလုပ်ဆောင်ခဲ့သည့် Sunfull Foundation သည် ၂၀၀၇ ခုနှစ်ကစတင်၍ ကိုရီးယားသမ္မတနိုင်ငံတွင် တည်ထောင်ခဲ့သော NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အွန်လိုင်းတွင် အဆိုးမြင် မှတ်ချက်များ (Hate Speech) နှင့် Cyber bulling များကို တိုက်ဖျက်ရန် ရည်ရွယ်ဖွဲ့စည်းထားကြောင်း သိရပြီး လက်ရှိကမ္ဘာတစ်ဝန်းတွင် အဖွဲ့ဝင် (၈)သိန်းကျော်ပါဝင် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
***************
Myanmar Chargé d’Affaires a.i./ Ambassador Mr. Myo Myint Maung Attends the joint meeting with Seoul Metropolitan Police Agency Commissioner and ASEAN Committee in Seoul (ACS) Ambassadors
(24 April 2026)
Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea Mr. U Myo Myint Maung participated alongside Ambassadors of the ASEAN Committee in Seoul (ACS) in a visit to the Seoul Metropolitan Police Agency (SMPA). The delegation attended a joint meeting with Mr. Park Jeong-bo, Commissioner of the SMPA. The visit was jointly organized by Thailand, in its capacity as the Chair of the ACS, and Dr. Min Byoung-chul, President of the Sunfull Foundation.
During the visit, the ACS Ambassadors toured the Seoul Metropolitan Police Headquarters, where they observed the simulated shooting, the Seoul’s traffic control system and the operation of the 112 Integrated Situation Room. Following the tour, Commissioner Mr. Park Jeong-bo appointed the incumbent Chair of the ACS as an Honorary Advisor. Subsequently, the Commissioner and the ACS Ambassadors held discussions on security issues concerning foreign nationals residing in the Republic of Korea.
It was further agreed that the position of the Honorary Advisor will be transferred annually to the Ambassador assuming the rotating chairmanship of the ACS. The parties noted that closer cooperation with the SMPA will provide increased opportunities to protect the lawful interests of all citizens residing in Seoul. Following the ceremony, the Commissioner hosted a luncheon for the delegation.
The Sunfull Foundation, the co-organizer of the event, is a non-governmental organization (NGO) established in the Republic of Korea in 2007, with the aim of combating online hate speech and cyberbullying, and currently has over 800,000 members worldwide.
