(၂၁ -၂ -၂၀၂၆ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံတွင် ခေတ္တရောက်ရှိသီတင်းသုံးနေသည့် ဓမ္မကထိကဗဟုဇနဟိတဓရ၊ သာသန တက္ကသီလ ဓမ္မာစရိယ၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တော်ရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တ (ကိုရီးယားဆရာတော်) နှင့် သံဃာတော် (၂) ပါးတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ကြွရောက်ပြီး ပရိတ်တရားတော် ချီးမြင့်ခဲ့ရာ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ သံရုံးနှင့် စစ်သံရုံး တို့မှ သံရုံးဝန်ထမ်းမိသားစုများက လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်တို့အား နေ့ဆွမ်းဆပ်ကပ်ခဲ့ကြပါသည်။