ကိုရီးယားသမ္မတနိုင်ငံ၊ ဂျော်လာတောင်ပိုင်းပြည်နယ်၊ မုတ်ဖိုမြို့ရှိ မိုးပျံရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် EPS စနစ်ဖြင့် လာရောက်လုပ်ကိုင်နေကြသည့် ဆောက်လုပ်ရေးအလုပ်သမား (၂၅)ဦးတို့ လုပ်ငန်းခွင်လုပ်ကိုင်နေစဉ်အတွင်း အိပ်ဆောင်များ မီးဘေးမတော်တဆမှုကြောင့် နိုင်ငံကူးလက်မှတ်များ ပျက်စီးဆုံးရှုံးခဲ့သည့်အပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံကူးလက်မှတ်အသစ်များ ပြန်လည်ပြုလုပ်ပေးခဲ့ပါသည်။

အဆိုပါနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခြင်းအခမ်းအနားသို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)၊ အလုပ်သမားသံအရာရှိနှင့် သံရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား အလုပ်သမားများအပါအဝင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသားများအား တည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။