(၁၆-၁၂-၂၀၂၁ ရက်၊ နေပြည်တော်)

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစီအမံများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရှေးရှုလျက် ကျန်းမာရေးဝန်ကြီးဌာနမှ ၁၆-၁၂-၂၀၂၁ ရက်နေ့တွင် “အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များ နှင့် နယ်စပ် ဝင်/ထွက်ဂိတ်များမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် အသွားအလာကန့်သတ်မှုနှင့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ထားသည့် လုပ်ငန်းစဉ် (Testing and Quarantine Requirements for International Travellers to Myanmar” အား ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။