ဆိုးလ်မြို့၊ နိုဝင်ဘာ ၇ ရက်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းမြို့၊ Namdong Gymnasium Center ၌ ကျင်းပသည့် ၂၀၂၆ ROUND in Korea အာဆီယံ-ကိုရီးယား ဂီတနှင့်ယဉ်ကျေးမှု ဖလှယ် ရေးပွဲတော်သို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့် သံမှူးကြီး တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဂီတနှင့်ယဉ်ကျေးမှုဖလှယ်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဆိုးလ်အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ နှင့် သံရုံးတာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံများမှ ဂီတအဖွဲ့နှင့် အနုပညာရှင် စုစုပေါင်း (၁၅)ဖွဲ့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားပြု Rock Music Band – Velocity ပါဝင်ပါသည်။
အဆိုပါ ၂၀၂၆ ROUND in Korea သည် အာဆီယံ-ကိုရီးယား ဂီတနှင့် ယဉ်ကျေးမှု ဖလှယ်ရေး ပွဲတော်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ၏ KBS နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အခမ်းအနားဖြစ်ပါသည်။ Round ဂီတပွဲတော်ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြား ဂီတကိုအခြေခံသည့် ယဉ်ကျေးမှုဖလှယ်ရေး နှင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ လူငယ်အနုပညာရှင်များအကြား ပူးပေါင်း ဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ခိုင်မာစေရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ အပြန် အလှန်လေးစားမှုနှင့် စည်းလုံးညီညွတ်မှုများကို ဖြစ်ထွန်းတိုးတက်စေရန် ရည်ရွယ်ကြောင်း သိရသည်။

Chargé d’Affaires a.i./Ambassador of the Myanmar Embassy in Seoul Attends the Opening Ceremony of the 2026 ROUND in Korea ASEAN-Korea Music and Cultural Exchange Festival

Seoul, November 7

On November 7, 2026, the Chargé d’Affaires a.i./Ambassador of the Myanmar Embassy in Seoul and the Minister Counsellor attended the opening ceremony of the 2026 ROUND in Korea ASEAN-Korea Music and Cultural Exchange Festival held at Namdong Gymnasium Center in Incheon, Republic of Korea.
The opening ceremony was attended by senior officials from the Ministry of Foreign Affairs of the Republic of Korea; Ambassadors and Embassy officials from ASEAN Embassies based in Seoul; and a total of 15 music groups and artists from ASEAN countries. Myanmar’s representative rock music band, Velocity, participated in the event.
The 2026 ROUND in Korea is an ASEAN-Korea music and cultural exchange festival co-organized by KBS and the Ministry of Foreign Affairs of the Republic of Korea. The ROUND music festival was first launched in 2020 and aims to promote music-based cultural exchange and people-to-people friendship between ASEAN and the Republic of Korea, encourage collaboration among young artists, strengthen friendship and relations, and foster regional peace, mutual respect, and unity.